ပင်မနေရာ အထူးသတင်း တိုင်းမှူးများနှင့် တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်များ ဆက်ဆံရေး

ပင်မနေရာ အထူးသတင်း တိုင်းမှူးများနှင့် တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်များ ဆက်ဆံရေး

တိုင်းမှူးများနှင့် တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်များ ဆက်ဆံရေး

Print PDF
User Rating: / 4
PoorBest 

ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာဝန်ကြီး မြို့တော်ဝန်ဦးလှမြင့် နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ ဈေးရောင်းချသူများအား ကွင်းဆင်းကြည့်ရှုနေစဉ် (mrtv4.net.mm)

၂၀၁၁ ခုနှစ် နှစ်ကုန်အချိန်ကာလ အထူးအစီအစဉ်အဖြစ် အစိုးရသစ် တက်လာပြီးနောက် တိုင်းမှူးများနှင့် တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်များ ဆက်ဆံရေး အခြေအနေများကို စစ်ရုံးနဲ့ နီးစပ်သူများက စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်သို့ သတင်းပေးပိုလာပါတယ်။


၂၀၀၁ ခုနှစ် ဧပြီလမှစပြီး အစိုးရသစ် တက်လာချိန်မှာ ကက(ကြည်း)မှ တိုင်းမှူးများကို နယ်ဘက်နှင့် စစ်ဘက် ကင်းကင်းရှင်းရှင်းနေထိုင်သွားဖို့ ညွန်ကြားချက် ထုတ်ခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံတကာက မီဒီယာများအပေါ်မှာ  စစ်တပ်က လွမ်းမိုးနေတာ ထောက်ကွက်ဖြစ်မှာစိုးလို့ အခမ်းအနားများ၊ ဖွင့်ပွဲများ၊ ညစာစားပွဲများ၊ ပွဲလမ်းသဘင်များတွင် တိုင်းမှူးများအနေဖြင့် တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်များနဲ့အတူ တတ်နိုင်သမျှ တက်ရောက်ခြင်းမပြုဖို့ မှာကြားထားတယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးကြီး( ဟောင်း) ဗိုလ်မှူးချုပ်ထွန်းသန်း


တိုင်းစစ်ဌာနချုပ်က အပတ်စဉ်လုပ်နေတဲ့  တိုင်းလုံခြုံရေး အစည်းအဝေးတွေမှာ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေက နယ်စပ်ရေးရာနဲ့ လုံခြုံရေးရာ ဝန်ကြီးတွေကို ကိုယ်စားလှယ်အဖြစ် စေလွှတ်ခိုင်းပြီး တိုင်းနဲ့ပြည်နယ် နယ်ဘက်အစည်းအဝေးတွေမှာတော့ တိုင်းစစ်ဌာနချုပ်တွေက ဒုတိုင်းမှူးအား ကိုယ်စားလှယ်အဖြစ် စေလွှတ်ခဲ့တဲ့အဆင့်သာ ရှိတယ်လို့ သိရပါတယ်။ တဆက်တည်း နယ်စပ်ရေးရာနဲ့ လုံခြုံရေးရာ ဝန်ကြီးတွေဟာ တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေပြီးရင် နံပါတ် (၂) အဆင့်ရှိ အာဏာပါဝါအရှိဆုံးလို့ သိရပါတယ်။ ဝန်ကြီးချုပ်တွေ အစည်းအဝေးသွားရင် သူကိုယ်စား ဝန်ကြီးချုပ်တာဝန်ကို ခေတ္တထမ်းဆောင်ရတယ်လို့ သိရပါတယ်။


မူလက အာဏာ၊ ပါဝါအရှိဆုံး ဖြစ်ခဲ့တဲ့ တိုင်းမှူးများဟာ စိတ်ကူးယဉ် အိမ်မက်ပျက်ပြယ်သွားပြီး အလိုလို သိမ်ငယ်စိတ်တွေ ဝင်နေရာမှ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေနဲ့ မကြာခဏ ဆက်ဆံရေး မပြေမလည် ဖြစ်ကြတယ်လို့ သိရပါတယ်။ ရကတ ဧရိယာမှာ ဆက်ဆံရေး မပြေလည်ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တစ်ခုကို တပ်မတော်အရာရှိကြီးတစ်ဦးက အောက်ပါအတိုင်း ဆိုပါတယ်။


“ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း မြင့်ဆွေက ယခင် ရကတ တိုင်းမှူး  ဗိုလ်ချုပ်ထွန်းသန်းကို မကြည်ခဲ့တာဗျ။ ဖိုးစိန်လမ်းထောင့် မြေကွက်ကိစ္စတွေမှာ အဂတိလိုက်စားမှု ပေါ်ပေါက်လာလို့ အချွန်နဲ့မလိုက်တာ စိတ်မကောင်းစရာဘဲဗျား။ နေပြည်တော်ကို ခေါ်ပြီး ဆူပူကြိမ်းမောင်း သမ ပြီးမှ ရန်ကုန်ကို ပြန်လွှတ်တာ ရကတ တိုင်းထဲတောင် ပေးမဝင်ခိုင်းတော့ဘူး။ ဗိုလ်ချုပ်ထွန်းသန်းနဲ့ တပါတ်စဉ်တည်းဖြစ်တဲ့ ဦးစီးအရာရှိ (ပထမတန်း) စစ်ရေး A1 ဒုတိယ ဗိုလ်မှူးကြီး မျိုးနိုင်ကိုတောင်မှ ရကတမှာ နေခွင့်မပြုဘဲ ရတခကို ရုံခါမောင်းထုတ်လိုက်တာ သူလည်း ထွက်ခွင့် တင်သွားလိုက်ရတယ်ဗျား။ ”


တိုင်းမှူးများနဲ့ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်များရဲ့ ဆက်ဆံရေးတွေကို သတင်းများရပါက ဆက်လက် တင်ပြသွားပါမယ်။

Last Updated ( Monday, 26 December 2011 10:19 )  

နောက်ဆုံးရသတင်းများ