ပင်မနေရာ အထူးသတင်း တိုင်းမှူးများနှင့် တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေ အားပြိုင်မှုများ

ပင်မနေရာ အထူးသတင်း တိုင်းမှူးများနှင့် တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေ အားပြိုင်မှုများ

တိုင်းမှူးများနှင့် တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေ အားပြိုင်မှုများ

Print PDF
User Rating: / 7
PoorBest 

မွန်ပြည်နယ် ဝန်ကြီးချုပ် ဗိုလ်မှူးချုပ်ဟောင်း ဦးအုန်းမြင့်

၂၀၁၁ ခုနှစ် နှစ်ကုန်အချိန်ကာလ အထူးအစီအစဉ်အဖြစ် အစိုးရသစ် တက်လာပြီးနောက် တိုင်းမှူးများနှင့် တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်များ ဆက်ဆံရေး အခြေအနေများကို တင်ပြခဲ့သလို သူတို့တွေရဲ့ အားပြိုင်မှုများကို စစ်ရုံးနဲ့ နီးစပ်သူများက စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်သို့ ဆက်လက် သတင်းပေးပိုလာပါတယ်။


ရတခ တိုင်းမှူးဟောင်း ဗိုလ်ချုပ်ထွန်းနေလင်းဟာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဗိုလ်မှူးချုပ်ဟောင်း ဦးအုန်းမြင့်နှင့် ဆက်ဆံရေး မပြေမလည်ဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။ သံဖြူဇရပ်မြို့နယ်မှာ ဗုံးပေါက်ကွဲမှုများ၊  ကားလမ်းမပေါ်မှာ အနုကြမ်းစီးမှုများ ဖြစ်စဉ်များအပေါ် လုံခြုံရေးအားနည်းချက်နဲ့ စပ်လျဉ်းပြီး အပြန်အလှန်တာဝန်ရှိတယ်လို့  စွပ်စွဲကြပါတယ်။ ဒါကြောင့် မွန်ပြည်နယ် ဝန်ကြီးချုပ်ရဲ့ တိုင်တန်းချက်အရ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ရဲ့ ဆွမ်းကြီးလောင်း ပြောင်းရွေ့တဲ့အစီအစဉ်မှာ ဗိုလ်ချုပ်ထွန်းနေလင်းတစ်ယောက်  ရခိုင်ပြည်နယ် နတခသို့ ပြောင်းရွေ့ပေးလိုက်ရတယ်။ နယ်မြေဒေသဆိုင်ရာ လမ်း၊ တံတား လုံခြုံရေးနှင့် ပတ်သက်ပြီး လက်နက်ကိုင် တိုင်းရင်းသားများ လွမ်းမိုးနေသော အနက်ရောင်နယ်မြေတွင် မူလက စစ်တပ်အနေနဲ့  တာဝန်ယူ ထိန်းသိမ်းထားရာမှ အစိုးရသစ်  တက်လာချိန်မှာ တိုင်းမှူးတွေက ရုတ်တရက် တပ်တွေရုတ်သိမ်းလိုက်လို့ ဝန်ကြီးချုပ်များအနေနဲ့ ရဲ များအပေါ် ယုံကြည်မှု၊ စိတ်ချရမှု လျော့နည်းနေတာကြောင့် စိုးရိမ်ပူပန်မှုဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ တချို့တိုင်းအဆင့် G1 စစ်ဦးစီးမှူး (ပထမတန်း) တွေနဲ့ ပြည်နယ်အဆင့် ရဲမင်းကြီးတို့ မေတ္တာရပ်ခံ ညှိနှိုင်းချက်အရ တချို့ဒေသတွေမှာတော့ တပ်ကို ပြန်ထားတယ်လို့ သိရပါတယ်။


အားပြိုင်မှုဖြစ်စဉ်တစ်ခုကတော့ ရပခ တိုင်းမှူးဗိုလ်ချုပ်တင်မောင်ဝင်း ဖြစ်လာချိန်မှာ အလင်းဝင်ကိစ္စနဲ့ စပ်လျဉ်းပြီး မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့်နှင့် အစာမကြေဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။ မော်လမြိုင်မှာ မွန်လက်နက်ကိုင် တိုင်းရင်းသား တစ်ဖွဲ့ ရဲစခန်းတစ်ခုသို့ အလင်းဝင်ရောက်လာပါတယ်။ မူလထုံးစံအရ တပ်ကိုဘဲ ဝင်ရတာဖြစ်ပါတယ်။ ရတခ တိုင်းစစ်ဌာနချုပ် တိုင်းမှူးအနေနဲ့ ရာထူးတက်ရေး “အမှတ်” တက်မဲ့ကိစ္စမို့ တောင်းဆိုခဲ့ရာ မွန်ပြည်နယ် ဝန်ကြီးချုပ်က လက်မခံဘဲ ဒီအတိုင်းဘဲ ဆက်လုပ်ပါလို့ ပြောလိုက်ကြောင်း သိရပါတယ်။


DKBA အသွင်ပြောင်း BGF တပ်ဖွဲ့ဝင်တွေဟာ သူတို့ရဲ့စားဝတ်နေရေးအတွက် Without ကားတွေကို မှောင်ခိုသွင်းလာရာမှ ရဲတပ်ဖွဲ့က ဖမ်းလိုက်ပါတယ်။ ရတခ တိုင်းမှူးအနေနဲ့ BGF ကို လက်အောက်ခံ တပ်ဖွဲ့ အနေနဲ့ဖြစ်ဖြစ်၊ စည်းရုံးရေးအနေနဲ့ဘဲဖြစ်ဖြစ် လွှတ်ပေးဘို့ တောင်းဆိုခဲ့ပါတယ်။ အဲဒီကိစ္စကို မွန်ပြည်နယ်က ပြည်ထဲရေးဝန်ကြီးဌာနသို့ တင်လိုက်လို့ ရဲချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း (ယခင် ရကတ ဒုတိုင်းမှူး) နဲ့ဘဲ ဆက်သွယ်ပြောဆိုဖို့ ပြောခဲ့ရာ ရတခ တိုင်းမှူးအနေနဲ့ အစာမကြေဖြစ်ခဲ့ရပါတယ်။


အဲဒီလို အရပ်သားအစိုးရအဖွဲ့နဲ့ စစ်တပ်က ဗိုလ်ချုပ်တွေအကြား အားပြိုင်မှုများ အစာမကြေမှု ဖြစ်စဉ်များအရ လောလောဆယ် နိုင်ငံတကာ ထောက်ကွက် မရှိစေရန် တိုင်းမှူးတွေကိုသာ မျက်နှာသာမပေးဘဲ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်များအပေါ် အလေးထား ရပ်တည်ဆောင်ရွက်ပေးနေကြောင်း စစ်ဘက်နီးစပ်သူများက သတင်းပေးပို့လာပါတယ်။

Last Updated ( Thursday, 29 December 2011 13:45 )  

နောက်ဆုံးရသတင်းများ