ပင်မနေရာ အထူးသတင်း CIA ညွှန်မှူး မြန်မာနိုင်ငံ ဘာကြောင့် လာရသလဲ

ပင်မနေရာ အထူးသတင်း CIA ညွှန်မှူး မြန်မာနိုင်ငံ ဘာကြောင့် လာရသလဲ

CIA ညွှန်မှူး မြန်မာနိုင်ငံ ဘာကြောင့် လာရသလဲ

Print PDF
User Rating: / 4
PoorBest 

အမေရိကန်မှ CIA ညွှန်မှူး Mr. David Petraeus ဟာ မြန်မာနိုင်ငံသို့ လာရောက်ရန် ရှိကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပါတယ်။ CIA ဟာ မြန်မာနိုင်ငံ ထောက်လှမ်းရေး MI အပေါ် နိုင်ငံတကာ စံနှုန်းအရ ထောက်လှမ်းရေး စွမ်းရည် သတ်မှတ်ချက်ဖြင့် တိုင်းတာကြည့်ရင် အစ္စရေး မော့စ်ဆက် ထောက်လှမ်းရေး နောက်မှ ကပ်လိုက်တယ်လို့ သိရကြောင်း တွေးခေါ် မျှော်မြင်မှု စွမ်းရည် ထောက်လှမ်းရေး ဥာဏ်ရည်မြင့်မားမှုကို အသိအမှတ် ပြုခဲ့ကြောင်း၊ ယခင် အစိုးရ ဦးနု လက်ထက်ကတည်းက ဦးလေးမောင်၊ ဦးလောရုံ၊ ဗိုလ်မှူးချုပ်ဟောင်း မျက်မှန်ကြီး တင်ဦးတို့ လက်ထက်ကတည်းက CIA နဲ့ ဆက်သွယ်မှုရှိခဲ့ကြောင်း၊ တောင်ကိုးရီးယား သမ္မတ ချန်ဒူးဝမ်အား လုပ်ကြံခဲ့တဲ့ မြောက်ကိုးရီးယား သူလျှို အရာရှိ နှစ်ဦးအား ဖမ်းမိခဲ့တဲ့ ဖြစ်စဉ်အပေါ် ချီူးကျူးခဲ့ကြောင်း၊ ထိုစဉ်က မျက်မှန်ကြီး တင်ဦး ထောက်လှမ်းရေးအဖွဲ့ ပြိုကွဲကာစ အားနည်းတဲ့ အချိန်ကာလမှာတောင် ဖမ်းမိခဲ့တာ ဖြစ်ကြောင်း၊ ဘိန်းဘုရင် ခွန်ဆာအား ဖမ်းမိရေးအတွက် CIA လက်အောက်ခံ DEA မှ လိုလားခဲ့ကြောင်း၊ မြန်မာနိုင်ငံ ဘိန်းတားဆီးရေးအတွက် အမေရိကန်က ရဟတ်ယာဉ် ဘဲလ် 205/6 များ ကူညီပေးခဲ့ကြောင်း စတဲ့ သမိုင်းကြောင်းတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

CIA ညွှန်မှူး Daivid Petraeus

စစ်ဖက်နီးစပ်သူများက CIA လာရတဲ့ အကြောင်းရင်းမှာ တရုတ် နိုင်ငံမှ အာရှတိုက်တခွင် သြဇာအာဏာ ချဲ့ထွင်နေမှုအပေါ် အမေရိကန် အနေဖြင့် အာရှ/ ပစိဖိတ် ဒေသ အင်အား ချိန်ခွင် ညှိနှိုင်းရေးအတွက် မြန်မာနိုင်ငံကို စည်းရုံးဖို့ ဖြစ်နိုင်တယ်လို့ သတင်းပေးပို့လာပါတယ်။ ဒါ့အပြင် တပ်မတော်ရဲ့ လိုအပ်နေတဲ့ နည်းပညာ အထောက်အကူ အဆင့်မြင့် ကိရိယာတန်ဆာပလာများ ပံ့ပိုးဖို့ ဖြစ်ကြောင်း၊ CIA အသုံးပြုတဲ့ UAV ကဲ့သို့ မောင်းသူမဲ့ ထောက်လှမ်းရေး လေယာဉ်များ စပ်လျဉ်းပြီး မြန်မာနိုင်ငံက UAV နည်းပညာပိုင်းဆိုင်ရာ တီထွင်ထုတ်လုပ်ဖို့ ကြိုးစားနေရာ အကူအညီတောင်းနိုင်ကြောင်း၊ ယခု ဖွဲ့စည်းလိုက်တဲ့ အသစ် ထောက်လှမ်းရေး စရဖနဲ့ ရင်းနှီးကျွမ်းဝင်မှု ရှိရေးနဲ့ စစ်သင်တန်းများ လိုအပ်က ပေးနိုင်ရေးအတွက် ညှိနှိုင်းနိုင်ကြောင်း စစ်ဖက်နီးစပ်သူများက သုံးသပ်သတင်းပေးလာပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံနှင့် မြောက်ကိုးရီးယား နိုင်ငံ ချိတ်ဆက်ထားမှုအား CIA ရရှိသမျှ ထုတ်ပြကာ ဇာတ်လမ်းဖြတ်ဖို့ တိုက်တွန်းသွားနိုင်ကြောင်း၊ မြန်မာနိုင်ငံနှင့် ရင်းနှီးနေတဲ့ တရုတ်နဲ့ မြောက်ကိုးရီးယား ခေါင်းဆောင်များရဲ့ အတွင်းရေး စိတ်ဓာတ်အခြေအနေများကိုလည်း မေးမြန်းစုံစမ်းသွားနိုင်ကြောင်း သုံးသပ် တင်ပြသွားပါတယ်။

Last Updated ( Wednesday, 15 February 2012 20:10 )  

နောက်ဆုံးရသတင်းများ