How do I apply payday loan Your Finances are your own Business
ပင်မနေရာ အထူးသတင်း မြန်မာ့တပ်မတော်ရဲ့ စစ်ရေးလေ့ကျင့်နေမှုက KIA အတွက် ဖြစ်နေသလား

ပင်မနေရာ အထူးသတင်း မြန်မာ့တပ်မတော်ရဲ့ စစ်ရေးလေ့ကျင့်နေမှုက KIA အတွက် ဖြစ်နေသလား

မြန်မာ့တပ်မတော်ရဲ့ စစ်ရေးလေ့ကျင့်နေမှုက KIA အတွက် ဖြစ်နေသလား

Print PDF
User Rating: / 12
PoorBest 

ခြေလျင်-အမြောက်-တင့် ပူးပေါင်းစစ်ဆင်ရေးကြီးထဲမှ တင့်ကားတပ်ဖွဲ့၏ စွမ်းရည်ပြသမှု

(၂၀၁၂) ခုနှစ် မတ်လ ၆ ရက်နေ့က မိတ္ထီလာမှာ တပ်မတော်ရဲ့ ခြေလျင်၊ တင့်နဲ့ အမြောက် ပူးပေါင်း စစ်ဆင်ရေး လေ့ကျင့်မှုကို ဆောင်ရွက်ခဲ့ကြောင်း စစ်ဘက်နီးစပ်သူများက သတင်း ပေးပို့ လာပါတယ်။ ဒီလို လေ့ကျင့်မှုကို တပ်မတော်ကွယ်ရေးဦးစီးချူပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်မှ တက်ရောက်ကြည့်ရှုခဲ့ပါတယ်။

ဒီလိုလေ့ကျင့်တဲ့နေရာမှာ မြေပုံတုကို ကချင်ပြည်နယ် အတွင်းက KIA စခန်းနေရာတစ်ခုအား ပုံစံတူ သဲမြေပုံခင်း ဆောင်ရွက်ခဲ့ပါတယ်။ ဒီစစ်ရေးလေ့ကျင့်မှုကို မြဝတီရုပ်သံမှာ ထုတ်လွှင့်ပြသခဲ့တာဟာ ထူးခြားမှုတစ်ခုအနေနဲ့ တွေ့ရှိရပါတယ်။ လက်ရှိအခြေအနေမှာ မြန်မာအစိုးရဟာ လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကို ဆွေးနွေးနေပါတယ်။

ခြေလျင်-အမြောက်-တင့် ပူးပေါင်းစစ်ဆင်ရေးကြီးထဲမှ မြဝတီရုပ်မြင်သံကြားအင်တာဗျူး မြင်ကွင်း

တိုင်းရင်းသား အဖွဲ့အများစုက အပစ်အခတ်ရပ်စဲရေးကို လက်ခံခဲ့ကြပေမယ့် KIA ကတော့ အပစ်အခတ် ရပ်စဲရေးကို လက်မခံသေးပဲ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပြီးမှ အပစ်ရပ်ချင်တာကြောင့် တိုက်ပွဲတွေ ဒီနေ့အထိ ဖြစ်နေပါတယ်။ အစိုးရ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဦးအောင်သောင်းဟာ ကျောင်းဆရာမှ စစ်တပ်ထဲဝင်လာသူဖြစ်ပြီး ဝေ့လည်ကြောင်ပတ် လုပ်တတ်တာမို့ KIA ဘက်ကလည်း အဆင့်တူ ပညာရေးလောကမှ ကျောင်းအုပ်ကြီး တစ်ဦးကို စေလွှတ်ခဲ့တာကြောင့် ဆွေးနွေးပွဲရလဒ် ရေရေရာရာမရှိဘဲ ယခုအချိန်ထိ အောင်မြင်မှု မရရှိသေးတာ တွေ့ရပါတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးနေစဉ် ကာလမှာလည်း တပ်မတော်ရိက္ခာ သယ်ယူရေး ယာဉ်တန်းကို ဝင်ရောက်တိုက်ခိုက်မှု ဖြစ်စဉ်တွေ ရှိနေပါတယ်။

ကချင်ပြည်နယ် အတွင်းမှာလည်း တစ်အိမ်တစ်ယောက် မဖြစ်မနေ KIA က လူသစ်စုပြီး စစ်အင်အားကို တိုးပွားအောင် ဆောင်ရွက်နေတာဟာ အစိုးရရဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကို မယုံကြည်လို့ တပ်မတော်က တိုက်ခိုက်လာရင် မိမိကိုယ်ကို ကာကွယ်ခုခံနိုင်ဖို့ အင်အားစုဆောင်းနေတာ ဖြစ်တယ်ဆိုတာ KIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က အတိအလင်း ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။

ဒါကြောင့်မို့ အပစ်အခတ် မရပ်စဲပဲ အင်အားစုနေတဲ့ KIA ဌာနချုပ်ကို တပ်မတော်က တရုတ် အစိုးရထံမှ ခွင့်ပြုချက်တောင်းပြီး စစ်ရေးအရ အရှိန်မြှင့်တိုက်ခိုက်မှုတွေ ရှိလာနိုင်တယ်လို့ စစ်ရေးအကဲခတ်များကလည်း သုံးသပ်ထားကြပါတယ်။ နိုင်ငံတော်သမ္မတက အပစ်အခတ်ရပ်စဲဖို့ အမိန့်ထုတ်ထားပေမယ့် လက်ရှိစစ်မြေပြင်ဖြစ်တဲ့ ကချင်ပြည်နယ်အတွင်း တရုတ်-မြန်မာ နယ်စပ်တလျှောက်မှာ စစ်တပ်နဲ့ KIA တပ်များ အပြန်အလှန် တိုက်ခိုက်မှုတွေ ဆက်လက်ရှိနေလို့ နှစ်ဖက်တပ်များ ထိခိုက်ဆုံးရှုံးမှုများ ရှိနေပါတယ်။

ဒီလိုအခြေအနေမှာ အစိုးရတပ်တွေက ကချင်ပြည်နယ်ရှိ KIA စခန်း ပုံစံဖန်တီးကာ စစ်ရေးလေ့ကျင့်မှုတွေ ထူးထူးခြားခြား လုပ်ဆောင်ပြီး သတင်းထုတ်ပြန်ခဲ့လို့ KIA အဖွဲ့အနေနဲ့ ပိုပြီးတော့ သတိပြုစရာ ဖြစ်လာပါတယ်။ ဒီစစ်ရေးလေ့ကျင့်ခန်းတွေမှာ ခြေလျင်တပ်က နယ်မြေမသိမ်းပဲ အမြောက်တပ်များနဲ့ ပစ်မှတ်ဧရိယာကို ဦးနှိမ်ပစ်ခတ်ထားကာ သံချပ်ကာတပ်များက ပစ်ခတ်ချီတက်ပြီး စခန်းသိမ်းတိုက်ပွဲမှုတွေကို အချိန်ကိုက် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ စစ်ရေးလေ့ကျင့်မှုမှာ ၁၅၅ မမ အမြောက်ကြီးများ၊ ၁၂၀ မမ အမြောက်ကြီးများနဲ့ ၁၀၅ မမ အမြောက်ကြီးတွေ ပါဝင်ခဲ့ပြီး သံချပ်ကာကားအနေနဲ့ တရုတ်လုပ်ပုံစံ - ၅၉ဒီ တင့်ကားတွေ ပါဝင်ကြောင်းသိရပါတယ်။

၁၅၅ မမ ဆိုရင် ၂၄ မိုင် ပစ်လို့ရပြီး ၁၂၀ မမ ဆိုရင် ၆ မိုင်လောက် ပစ်လို့ရကြောင်းနဲ့ သံချပ်ကာကားတွေက လိုင်ဇာအထိ ကောင်းကောင်းသွားလို့ရကြောင်း၊ တပ်မတော်အနေနဲ့ KIA တပ်မတော်ရဲ့ ဌာနချုပ်ကို တိုက်ချင်ရင် ရတယ်ဆိုတာကို ခြိမ်းခြောက်လိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင် မြဝတီရုပ်သံက လွှင့်တဲ့ အထဲမှာ မပါတဲ့ ၁၂၂ မမ အတွဲလိုက် ဒုံးပစ်လောင်ချာတွေကို စမ်းသပ်ပစ်ခတ်ခဲ့တယ်လို့လည်း စစ်ရုံးမှ အရာရှိတချို့က ပြောကြားခဲ့တယ်လို့ သိရှိရပါတယ်။ ဒုံးပစ်လောက်ချာတွေက အကွာအဝေး ၁၂ မိုင်လောက်မှာရှိတဲ့ ပစ်မှတ်ကို အတိအကျလမ်းညွှန်စနစ် (Guiding System) နဲ့ ပစ်လို့ရတယ်လို့ စစ်ဘက်နီးစပ်သူများက ဆိုပါတယ်။ ဒီလိုပစ်မယ်ဆိုရင်တော့ ပစ်မှတ် မှတ်ပုံတင်ရပါမယ်။ Google က ပုံတွေမှာ လက်တီကျု လောင်ဂျီကျုပါနေတော့ လွယ်လွယ်လေးနဲ့ ပစ်မှတ်မလွဲအောင် ပစ်ခတ်နိုင်ကြောင်း သိရပါတယ်။

စစ်ရေးလေ့ကျင့်တယ်ဆိုတာ တပ်မတော်အတွက် မထူးဆန်းပေမယ့် ဒီလိုမျိုး မီဒီယာကနေတဆင့် ထုတ်ဖော်ပြတာကတော့ ထူးဆန်းနေပါတယ်။ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလတွင် ဤဝက်ဘ်ဆိုဒ် အင်တာနက်မှာ သတင်းထွက်ပေါ်လာတဲ့ မြန်မာတပ်မတော်ရဲ့ လိုင်ဇာမြို့သိမ်း စီမံချက်နဲ့ ယခု စစ်ရေးလေ့ကျင့်ခန်းတွေဟာ တိုက်တိုက်ဆိုင်ဆိုင် တူညီမှုတွေ ရှိနေပြီး စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်တဲ့ ခြေလျင်တပ်များဟာ မကြာခင်မှ ကချင်စစ်မြေပြင်က ပြန်ရောက်လာတဲ့ တပ်မ (၉၉) လက်အောက်ခံ တပ်ရင်းများဖြစ်ပါတယ်။

ဒါကြောင့် မိတ္တီလာမှာ ပြုလုပ်ခဲ့တဲ့ စစ်ရေးလေ့ကျင့်မှုများဟာ မြန်မာ့စစ်တပ်ရဲ့ စစ်ရေးအရ ခြိမ်းခြောက်မှုလား၊ KIA နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ မအောင်မြင်ရင် KIA ကို ထိုးစစ်ဆင်ဖို့အတွက် စစ်ရေးလေ့ကျင့်ခဲ့တာလား ဆိုတာကိုတော့ စောင့်ကြည့်ရမှာဖြစ်ကြောင်း စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်သို့ စစ်ဘက်နီးစပ်သူများက သတင်းပေးပို့လာပါတယ်။

Last Updated ( Thursday, 23 August 2012 22:42 )  

နောက်ဆုံးရသတင်းများ

နောက်ဆုံးရဆောင်းပါးများ