Related information payday loans 50 up to
ပင်မနေရာ အထူးသတင်း ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ကြားညှပ်နေရတဲ့ ကျမ်းကျိန်လွှာကိစ္စ

ပင်မနေရာ အထူးသတင်း ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ကြားညှပ်နေရတဲ့ ကျမ်းကျိန်လွှာကိစ္စ

ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ကြားညှပ်နေရတဲ့ ကျမ်းကျိန်လွှာကိစ္စ

Print PDF
User Rating: / 4
PoorBest 

လွှတ်တော်တွင် တပ်မတော်အရာရှိများ ကျမ်းကျိန်နေကြပုံ

ယနေ့ ကျင်းပနေတဲ့ လွှတ်တော်အစည်းအဝေးမှာ ကျမ်းကျိန်လွှာကိစ္စနဲ့ စပ်လျဉ်းပြီး မတက်ရောက်ကြတဲ့ NLD လွှတ်တော်ကိုယ်စားလှယ်တွေ ကိစ္စမှာ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ သက်ဆိုင်ရာ အုပ်စု၊ ပါတီ၊ အဖွဲ့အစည်းတွေရဲ့ တင်းမာသူများ အကြားတွင် ကြားညှပ်နေကြရတယ်လို့ နေပြည်တော် လွှတ်တော်ရပ်ကွက်နဲ့ နီးစပ်သူများထံမှ သိရှိရပါတယ်။ ကျမ်းကျိမ်လွှာ ပြုပြင်ပေးရေး NLD ရဲ့ တောင်းဆိုမှုအပေါ် ကြံ့ဖွံ့ပါတီက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

ကြံ့ဖွံ့အတွင်းရေးမှူး ဦးအောင်သောင်းနဲ့ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးတို့က အဲဒီလို ပြင်ဆင်လိုက်ရင် လွှတ်တော်တွင် လက်ရှိစာသားအတိုင်း ကျမ်းကျိန်ပြီးသားသူတွေကို ပြန်ပြီးရွတ်ဆိုခိုင်းရမလို ဖြစ်နေပြီး လက်ရှိစာသားဟာ နိုင်ငံတကာစံအတိုင်း ယူထားတာမို့ ပြင်ဆင်မဲ့ကိစ္စကို သဘာဝမကျတဲ့ အသွင်မျိုး ပြောဆိုခဲ့ကြပါတယ်။ ဆိုလိုတဲ့သဘောက လက်ရှိလွှတ်တော်တက်နေတဲ့ လူတွေဟာ အရုပ်မဟုတ်ဘဲ လေးစားရမဲ့အစား အားစမ်းတဲ့ သဘောမျိုးကိုတော့ လက်ခံမှာ မဟုတ်တဲ့သဘော ပြလိုက်တာ ဖြစ်ပါတယ်။

ဒီဥပဒေကို ပြုပြင်ဖို့ တင်ရင်တောင် ကြံ့ဖွံ့ပါတီက ကန့်ကွက်မှာမို့ ရှုံးနိမ့်မဲ့အရိပ်အရောင်သာ တွေ့မြင်နေရပါတယ်။ တဖန် ဦးသိန်းစိန်အဖို့ ကြားဖြတ်ဝင်ရောက်ညှိနှိုင်း ဖြန်ဖြေဆွေးနွေးနိုင်မဲ့ အလားအလာရှိမရှိ လွှတ်တော်တက်ရောက်နေတဲ့ အရာရှိတစ်ဦးနဲ့ နီးစပ်သူထံ ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ “ဦးသိန်းစိန်နဲ့ ဦးရွှေမန်းတို့ဟာ လွှတ်တော် ကျင်းပကတည်းက မြစ်ဆုံကိစ္စက စပြီး ဝန်ကြီးဌာန ဘတ်ဂျက်တွေ လျှော့ချရေးကိစ္စ အပါအဝင် လစာတိုးမြှင့်ရေး ကိစ္စပါမကျန် နောက်ဆုံး မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ပြည်ထောင်စုအဆင့်ကနေ ဖျက်သိမ်းတဲ့ကိစ္စအဆုံး သဘောထား ကွဲလွဲခဲ့တာဗျ။

ဒါကြောင့် ဦးသိန်းစိန်က ဝင်ရောက်ညှိနှိုင်းပေးတာမျိုး လုပ်မပေးနိုင်ဘူးဗျာ။ အခုဟာက သူ့အပိုင်း သူ့လုပ်ပိုင်ခွင့် ကိုယ်ကလည်း ကိုယ့်အပိုင်း ကိုယ့်လုပ်ပိုင်ခွင့် ကဏ္ဍဆိုပြီး သီးခြားစီ ဖြစ်သွားပြီးတော့ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး အတိအကျ စာအုပ်ကြီးအတိုင်း မလျှော့စတမ်း ကိုင်မယ့်သဘော ဖြစ်နေကြပါတယ်။ အခုကိစ္စက ဦးရွှေမန်း လက်ထဲမှာ ရှိနေတယ်။ ဒါပေမဲ့ ပြောလို့မရတဲ့ အခြေအနေတစ်ခု ရှိနေပြန်တယ်။

ဦးရွှေမန်းက လုပ်ပေးချင်ရင်တောင် ကြံ့ဖွံ့အပေါ် သြဇာသက်ရောက်မှု သိပ်မရှိဘူး။ စစ်တပ်ကနေ ဗြုန်းစားကြီး သူ့ကို လွှတ်တော်မှာ ကိုယ်စားလှယ်အဖြစ် အရွေးခံဖို့ ကြံ့ဖွံ့အတွက် ခေါင်းပေါင်းပေါင်းပေးပြီး ရောက်လာတာကိုးဗျ။ ဟိုတလောက ကြံ့ဖွံ့မှာ အဂတိလိုက်စားမှုတွေ ပေါ်လာလို့ ဦးရွှေမန်းက ထိထိရောက်ရောက် အရေးယူုမယ်လို့ လေသံပစ်ခဲ့သေးတာ၊ ဒါကြောင့် ဒီကိစ္စမှာ ဦးသိန်းစိန်အဖို့ ဂိတ်ဝမှာဘဲ NLD ကို ထိုင်စောင့်ရမဲ့ဘဝ ရောက်နေတာဗျ။ တပ်မတော်သား ကိုယ်စားလှယ် အသစ်တွေလည်း ဒီကိစ္စတင်လာရင်တောင် အလွန်ဆုံး ကြားနေပဲနေမဲ့သဘော ရှိတယ်လို့လည်း ပြောသွားပါတယ်” ။

ဆက်လက်ပြီး တိုင်းရင်းသားပါတီများနှင့် နီးစပ်သူတွေထံ ဒေါ်အောင်ဆန်းစုကြည် အခြေအနေတွေကို မေးမြန်းခဲ့ရာ အခုလို ပြောပြခဲ့ပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်ဟာ ဦးသိန်းစိန်၊ ဦးရွှေမန်းတို့နဲ့ တွေခဲ့ကတည်းက ကျမ်းကျိန်တဲ့ကိစ္စကို ပြုပြင်ပေးဖို့ ဆွေးနွေးခဲ့မှာ သေချာတယ်။ ဒါပေမဲ့ လက်တွေ့ဖြစ်မလာတော့ ပိုပြီးမျက်နှာပူစရာ ဖြစ်နေတယ်။

NLD အတွင်း သဘောထား တင်းမာသူများကတော့ ဒီကိစ္စလိုမျိုး ပြုပြင်ပြောင်းလဲမှုကိုတော့ လွှတ်တော်နှင့် အစိုးရတို့က ဘယ်လောက် အတိုင်းအတာထိ သဘောထားကြီးနိုင်မယ် ဒါမှမဟုတ် နည်းလမ်းရှာပြီး အတတ်နိုင်ဆုံး လိုက်လျောနိုင်မှု ရှိမရှိဆိုတာကို စမ်းသပ်ချင်ကြတယ်၊ အဲဒီကိစ္စအပေါ် အစိုးရနဲ့ အတိုက်အခံအမြဲလုပ်နေကျ ယခင် NLD ပါတီဝင် ဖြစ်ခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်လို လူတောင် သဘောမကျဘူးဆိုတော့ ခက်တယ်ဗျ။ အမြင်အမျိုးမျိုး ရှိနေကြတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လည်း ဦးသိန်းစိန်လိုဘဲ ကြားညှပ်နေရတဲ့ အခြေအနေကို ရင်ဆိုင်နေရတယ်” လို့ ပြောသွားပါကြောင်း တင်ပြလိုက်ရပါတယ်။

Last Updated ( Tuesday, 21 August 2012 04:02 )  

နောက်ဆုံးရသတင်းများ

နောက်ဆုံးရဆောင်းပါးများ