How do I apply payday loan Your Finances are your own Business
ပင်မနေရာ အထူးသတင်း တပ်မတော်သား အရာရှိကြီး ကိုယ်စားလှယ်သစ်များ ဘာကြောင့် လွှတ်တော်ထဲ ရောက်လာကြသလဲ

ပင်မနေရာ အထူးသတင်း တပ်မတော်သား အရာရှိကြီး ကိုယ်စားလှယ်သစ်များ ဘာကြောင့် လွှတ်တော်ထဲ ရောက်လာကြသလဲ

တပ်မတော်သား အရာရှိကြီး ကိုယ်စားလှယ်သစ်များ ဘာကြောင့် လွှတ်တော်ထဲ ရောက်လာကြသလဲ

Print PDF
User Rating: / 4
PoorBest 

လွှတ်တော်မှာကျမ်းကျိန်ပုံ

မကြာသေးမှီ ကာလကလေးကမှ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးချယ်ခံမလိုဘဲ လွှတ် တော်အတွင်း တက်ရောက်ခွင့် ရပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းရတဲ့ တပ်မတော် အရာရှိကြီးများကို လဲလှယ်တာဝန်ပေးခန့်အပ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီ တပ်မတော် အရာရှိကြီးများ ဟာ ဒုတိယဗိုလ်မှူးကြီး၊ ဗိုလ်မှူးကြီး၊ ဗိုလ်မှူးချုပ်စတဲ့ တပ်မတော်မှာ VIP အဆင့်လို့ သတ်မှတ်တဲ့ CO (Commanding Officer) အရာရှိကြီးများ ပိုမိုပါဝင်ကြတာကို နိုင်ငံရေးလေ့လာသူများ သတိပြုမိကြမှာပါ။ အဲဒါနဲ့ ပတ်သက်ပြီး စည်းလုံးခြင်းရဲ့အင်အားဝက်ဘ်ဆိုဒ်က နေပြည်တော်ရှိ လွှတ်တော်နဲ့ နီးစပ်သူတဦးထံ ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

"ယခင်က ၂၅ % တပ်မတော်အရာရှိ အများစုဟာ ဗိုလ်မှူးအဆင့်များပြီး ဗိုလ်မှူးကြီးအဆင့် တဦးစ နှစ်ဦးစသာတွေ့ရပါတယ်။ ဒုတိယဗိုလ်မှူးကြီးဆိုရင် မရှိသလောက်ပဲဗျာ။ ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD အဖွဲ့ ရောက်လာဖို့ ရှိတာမို့ သူတို့နဲ့ ရင်ဆိုင်ပြောဆိုရာမှာ power တူစေဖို့ လဲလှယ်လိုက်တာဖြစ်တယ်။ နိုင်ငံတကာ မဟာဗျူဟာ၊ နိုင်ငံရေး စီးပွါးရေး စစ်ရေးတွေကို ကျွမ်းကျင်နှံ့စပ်မှုရှိအောင် လေ့လာလေ့ကျင့်သင်ကြားပေးတဲ့ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ် NDC (National Defense College) နဲ့ စစ်ဦးစီးတက္ကသိုလ် ကျောင်းဆင်း ဗိုလ်မှူးကြီး၊ ဗိုလ်မှူးချုပ်တွေကို တာဝန်ပေးအပ်တာ တွေ့ရတယ်ဗျ။ အထူးသဖြင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရာမှာ နိုင်ငံတကာ အထူးသဖြင့် အင်ဒိုနီးရှားနိုင်ငံလို တွေ့ကြုံလာရတဲ့ အခက်အခဲတွေကို ထောက်ပြပြောဆိုနိုင်အောင် ပြင်ဆင်ဟန်တူတယ်။ ဒါ့အပြင် NLD က ဥပဒေပြင်ဖို့ကြိုးစားတာနဲ့ ဒီဥပဒေပြင်လိုက်ရင် ဘယ်လိုအကျိုးဆက်တွေ ကြုံတွေ့လာနိုင်တယ်ဆိုတာ အရပ်သား လွှတ်တော်ကိုယ်စားလှယ်များနဲ့ အပြိုင်ဆွေးနွေးဖို့ ပြင်ထားတာဖြစ်နိုင်တယ်"။

ဆက်လက်ပြီး စည်းလုံးခြင်းရဲ့အင်အားဝက်ဘ်ဆိုဒ်က စစ်ရုံးရှိ တပ်မတော်အရာရှိကြီး တဦးအား သူတို့တွေနဲ့ ပတ်သက်တဲ့ အမြင်သဘော ထားကို မေးမြန်းခဲ့ပါတယ်။

"ဗိုလ်မှူးချုပ်၊ ဗိုလ်မှူးကြီးတွေဟာ ပြန်တမ်းဝင် အရာရှိ အမှတ် BC No (၁၆၀၀၀) မှ (၂၀၀၀၀) ကြားဆိုတော့ သူတို့နဲ့ တစ်ရပ်ကွက်ထဲအိမ်နီးနားချင်းတွေ၊ အထက်တန်းကျောင်းနေဖက်တွေ၊ တက္ကသိုလ်ကျောင်းနေဖက်တွေ၊ စစ်သင်တန်းကျောင်း အတူတူတက်ခဲ့သူတွေ၊ ဗိုလ်သင်တန်း တပတ်စဉ်ထဲတွေထဲက သူငယ်ချင်းတွေဆိုရင် စကခမှူး၊ တိုင်းမှူး၊ တပ်မမှူး တွေဖြစ်ကုန်ကြပြီဗျ။ သူတို့က (၁၉၈၀) မှ (၁၉၈၃) ထိ ဝန်းကျင်မှာ ပြန်တမ်းဝင်အရာရှိ ကျောင်းဆင်းတွေဖြစ်ပြီး ၈၈၈၈ လူထုအရေးတော်ပုံကို မှီတဲ့သူတွေဖြစ်ပါတယ်ခင်ဗျာ။ဒါ့အပြင် ဗိုလ်မှူးချုပ် တောက်ထွန်းဆိုရင် တပ်မ (၄၄) တပ်မမှူး ကနေ (ယခင် တိုင်းဗဟို) လို့ခေါ်တဲ့ တပ်မတော်အဆင့်မြင့် သင်တန်းကျောင်း ကျောင်းအုပ်ကြီးအဖြစ် ပြောင်းရွှေ့ခံရသူ ဖြစ်ပါတယ်။ သူ့ကိုမဆိုလိုပေမယ့် တချို့အရာရှိကြီးတွေဟာ ထိပ်ပိုင်း ဗိုလ်ချုပ်ကြီးတွေက အလိုမကျ အမြင်ကပ်လို့ဖြစ်စေ၊ ဘွဲ့မရလို့ဖြစ်စေ၊ ဘွဲ့ရပေမယ့် စာပေးစာယူဖြစ် လို့နှိမ်ချင်တာရယ် အပြစ်ရယ်လို့ မယ်မယ်ရရမရှိဘဲ ထောက်ပြလို့ မရတာကြောင့် တိုင်းမှူး တပ်မမှူး မထားချင်ဘဲ ဘေးဖယ်တဲ့အနေနဲ့ ထောင့်ကပ်နေတဲ့သူတွေ ဖြစ်နေတယ်။သူတို့ကတော့ အဲဒီအပေါ်မှာ ခံစားချက်တွေ ကိုယ်စီရှိကြတယ်။ ဒီခံစားချက် တွေကို သိမြင်ရင် လွှတ်တော်တွင်းက စည်းရုံးနိုင်ဖို့ အခွင့်အလမ်းတခုလို့ မြင်တယ်။ ဒါ့အပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ ယခင်အရာရှိငယ် (ဗိုလ်မှူး) တွေကို ဘာလို့လဲပစ်သလဲဆိုရင် ပြုပြင်ပြောင်းလဲရေးအမြင်ရှိနေတာတွေကို ပြောင်းလဲပစ်တာလဲ ဖြစ်နိုင်တယ်။ ဥပမာ နိုင်ငံရေးအကျဉ်းသားများ စေလွှတ်ရေးကိစ္စမှာ မမျှော်လင့်ဘဲ အတိုက်အခံများနဲ့ အတူထောက်ခံခဲ့တဲ့ ဖြစ်စဉ်တွေအရ သိပ်ပြီး စိတ်မချတော့လို့ လဲလှယ်ပစ်လိုက်တယ်လို့ မြင်တယ်ဗျာ" ဒါကြောင့် POF(စည်းလုံးခြင်းရဲ့အင်အားဝက်ဘ်ဆိုဒ်-The Power of fraternity ) အနေနဲ့ တိုက်တွန်းလိုရာမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အရာရှိကြီးများကို နီးစပ်မှု၊ ရင်းနီးမှုနဲ့ ထိတွေ့ဆက်ဆံစည်းရုံးသင့်ပါကြောင်း။ သူတို့မှ တဆင့် တပ်တွင်းမှာရှိနေတဲ့ တိုင်းမှူး၊ တပ်မမှူးအထိပေါက်ရောက်အောင် စည်းရုံးပြီး တပ်မတော်မှ နောက်ကြောင်းပြန်မလှည့်ရေးအတွက် ထိန်းထားနိုင်ပါကြောင်းအကြံပြုတင်ပြလိုက်ရပါတယ်။

Last Updated ( Tuesday, 21 August 2012 03:59 )  

နောက်ဆုံးရသတင်းများ

နောက်ဆုံးရဆောင်းပါးများ