Related information payday loans 50 up to
ပင်မနေရာ အထူးသတင်း စစ်တပ်အရိပ် ခိုလာတဲ့ ကြံ့ဖွံ့ရဲ့ ခပ်ကြမ်းကြမ်း တာထွက်ဇာတ်လမ်း

ပင်မနေရာ အထူးသတင်း စစ်တပ်အရိပ် ခိုလာတဲ့ ကြံ့ဖွံ့ရဲ့ ခပ်ကြမ်းကြမ်း တာထွက်ဇာတ်လမ်း

စစ်တပ်အရိပ် ခိုလာတဲ့ ကြံ့ဖွံ့ရဲ့ ခပ်ကြမ်းကြမ်း တာထွက်ဇာတ်လမ်း

Print PDF
User Rating: / 6
PoorBest 

ကြံ့ဖွံ့ရုံးခန်းဖွင့်ပွဲ

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဟာ စစ်တပ်ကို ဘယ်လိုပုံစံမျိုးနဲ့ စတင်ဆက်ဆံ အသုံးချလာခဲ့တယ်၊ စစ်တပ်ရဲ့ပါဝါ weight ကို ဘယ်လို အသုံးပြုခဲ့တယ်ဆိုတာကို တပ်မတော်မှာ အမှုထမ်းခဲ့တဲ့ ဗိုလ်မှူးတစ်ဦးက ဤဝက်ဘ်ဆိုဒ်ကို အခုလို သတင်းပေးပို့လာပါတယ်။

“၁၉၉၃ ခုနှစ်ကုန်ခန့်က ကျွန်တော်ဟာ ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်နဲ့ တာချီလိတ်မြို့နယ်စပ်ကြား ကျေးရွာအုပ်စုကြီးတစ်ခုမှာ နယ်စပ်စခန်း စစ်ကြောင်းရုံး ထိုင်ခဲ့ပါတယ်။ တစ်နေ့မှာ တပ်ရင်းမှူးက ဆက်သွယ်ရေးစက်ပေါ် တက်လာပြီးတော့ ကျွန်တော့်ထံ ကြံ့ဖွံ့ရုံးဖွင့်ဖို့ ကြံ့ဖွံ့အတွင်းရေးမှူး ပညာရေးမှူးဖြစ်သူ ကျောင်းအုပ်ဆရာကြီးအား စေလွှတ်လိုက်တယ် ဆိုတဲ့အကြောင်းနဲ့ မင်းတို့ အစစ အရာရာ ကူညီလိုက်လို့ ပြောလာတယ်ဗျ”

တကယ်တော့ တပ်မတော်အရာရှိတွေဟာ အဲဒီအချိန်ကတည်းက စစ်တပ်ထိပ်ပိုင်းက လူကြီးတွေ ကြံ့ဖွံ့အသင်း စတင်ဖွဲ့စည်းတာကို သံသယဖြစ်ခဲ့ကြပါတယ်။ ပထမတော့ လူမှုရေးအသင်းလို့ ကြွေးကြော်သံနဲ့ တာထွက်လာခဲ့ပေမဲ့ နောက်ပိုင်းမှာ နိုင်ငံရေး အသွင်ပြောင်းနိုင်တယ်လို့ အဲဒီ အချိန်ကတည်းက တပ်မတော်အရာရှိတွေ ထင်မှတ်ခဲ့ကြပြီးသားပါ။ ကြံ့ဖွံ့အတွင်းရေးမှူးဟာ စစ်ကြောင်းရုံးထိုင်ရာ ကျေးရွာအုပ်စု နယ်မြေကို ရောက်ရှိလာပြီး ဝင်ဝင်ချင်းဆောက်နဲ့ထွင်း ပါတော့တယ်။ အဲဒီဖြစ်စဉ်ကို ဗိုလ်မှူးက စိတ်မသက်မသာနဲ့ ရင်ဖွင့်ပါတော့တယ်။

“ဆရာကြီးက ကြံ့ဖွံ့ရုံးအတွက် ရပ်ကွက်ရုံး (ရယက) သစ်ဖွင့်ဖို့ လျာထားတဲ့ ရုံးခန်းသစ်ကို တောင်းတယ်ဗျ။ ကျေးရွာဥက္ကဋ္ဌ သူကြီးက သူတို့ချွေးနည်းစာနဲ့ လုပ်ထားတာမို့ မပေးနိုင်ကြောင်း၊ ကြံ့ဖွံ့ဟာ လူမှုရေးအသင်းလို့ သိထားတာမို့ သန့်ရှင်းရေး၊ လုပ်အားပေးလုပ်ရင် ကွပ်ကဲမှုယူရတဲ့ သူကြီးရဲ့ လက်အောက်ခံအဖြစ် သဘောထားရမှာဖြစ်ကြောင်း တုံ့ပြန်လာတယ်ဗျာ၊ ကျွန်တော်လည်း တပ်ရင်းမှူးအား အခြေအနေ တင်းမာနေမှုကို တင်ပြပေမဲ့လဲ မင်းဖာသာ မင်းကြည့်လုပ်ဆိုပြီး ခေါင်းရှောင်တော့တယ်ဗျာ။ ဒါနဲ့ ကျွန်တော်ကဘဲ ကျေးရွာဥက္ကဋ္ဌကို လူကြီးတွေ အစီအမံ ဖြစ်တာမို့ ဥက္ကဋ္ဌဖွင့်မဲ့ ရုံးအဆောက်အဦး တစ်ခုလုံး ပေးစရာမလိုဘဲ တခြမ်း ခြမ်းပြီး ပေးခိုင်းလိုက်ရတယ်ဗျ”

ဒီလိုနဲ့ ကြံ့ဖွံ့အသင်း တာထွက်ခြင်းမှာ လူထုကို စည်းရုံးရမဲ့အစား တပ်ရဲ့အမိန့်အာဏာကို အမှီပြု ဝင်လာခဲ့ပါတယ်။ အထက်က ပြောခဲ့တဲ့ ရုံးဖွင့်တဲ့ဇာတ်လမ်းက မပြီးဆုံးသေးဘဲ အစည်းအဝေးခန်းမက တစ်ခုတည်းရှိတာမို့ ရယကရုံးနဲ့ ကြံ့ဖွံ့ရုံးတို့ အစည်းအဝေးတွေ တိုက်ဆိုင်လာရင် ဘယ်လိုလုပ်မလဲလို့ သူတို့က ထပ်ကွန့်တက်လာပြန်ပါတယ်။ အဲဒီ ဗိုလ်မှူးကတော့ အစည်းအဝေးရဲ့ စီမံချက်၊ သတ်မှတ်အချိန်ရှိတဲ့ အရေးကြီးမှု အတိုင်းအတာကို ဦးစားပေးဖို့နဲ့ ပုံမှန်လုပ်နေကျဆိုရင် အချိန်ညှိပြီး လုပ်ကြဖို့ ညှိနှိုင်းပေးခဲ့ရသေးကြောင်း တင်ပြသွားပါတယ်။ ဒါတွေကို သုံးသပ်ကြည့်ရရင် ပြည်သူလူထုအနေနဲ့ တချိန်က စစ်အာဏာရှင်တွေကြောင့် စစ်တပ်ကို မုန်းတီးနေရာက ကြံ့ဖွံ့ဆိုရင် စစ်တပ်နောက်ခံမှန်း အလိုလို သိရှိနားလည်နေကြတာမို့ ၂၀၁၀ ရွေးကောက်ပွဲမှာ ကြံ့ဖွံ့အနိုင်ရတာဟာ တစ်ဦးတည်းပြေးကာ ပထမ ရတာမဆန်းလှပါကြောင်း၊ နောင်လာမဲ့ ရွေးကောက်ပွဲတွေမှာ NLD နဲ့ တိုင်းရင်းသားပါတီတွေ စည်းလုံးညီညွတ်စွာ ဒီမိုကရေစီနိုင်ငံတော် အစစ်အမှန်အတွက် ပြင်ဆင်ရင်း ပြုပြင်ပြောင်းလဲရေး လိုလားသူ တပ်မတော်သားများနဲ့ ပူးပေါင်းကြစေလိုကြောင်း စည်းလုံးခြင်းရဲ့အင်အားဝက်ဘ်ဆိုဒ်မှ
ဆန္ဒပြု တိုက်တွန်း နှိုးဆော်လိုက်ရပါတယ်။

Last Updated ( Tuesday, 21 August 2012 03:56 )  

နောက်ဆုံးရသတင်းများ

နောက်ဆုံးရဆောင်းပါးများ