How do I apply payday loan Your Finances are your own Business
ပင်မနေရာ အထူးသတင်း အစိုးရရဲ့ မငြိမ်းချမ်းသေးတဲ့ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးလုပ်ငန်းကော်မတီ

ပင်မနေရာ အထူးသတင်း အစိုးရရဲ့ မငြိမ်းချမ်းသေးတဲ့ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးလုပ်ငန်းကော်မတီ

အစိုးရရဲ့ မငြိမ်းချမ်းသေးတဲ့ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးလုပ်ငန်းကော်မတီ

Print PDF
User Rating: / 2
PoorBest 

?????? ??????????????????????

ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးဟာ မကြာသေးမှီကလေးကမှ ကျန်းမာရေး အကြောင်းပြပြီး သမ္မတထံ ထွက်စာတင်ထားတယ်လို့ သတင်းထွက်လာခဲ့ပါတယ်။ ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး အတွင်းရေးမှူး (၁) တာဝန်ထမ်းဆောင်ခဲ့တုံးက ကြမ်းတမ်းခဲ့တာကြောင့် ဒုသမ္မတဖြစ်လာပြန်တော ပင်ကိုစရိုက် မဖျောက်နိုင်တော့ဘဲ နယ်ဘက်အုပ်ချုပ်ရေး ကိစ္စတွင် ပြဿနာများ ဆက်လက် ပေါ်ပေါက်ခဲ့ပါတယ်။ ဒါပေမဲ့ စိတ်ထင်တိုင်း လုပ်ချင်တိုင်းလုပ်လို့ မရတာကြောင့် ဘဝင်မကျမှု၊ မကျေနပ်မူများစွာ ရှိနိုင်တယ်လို့ စစ်ဖက်နီးစပ်သူများက ဆိုပါတယ်။ အထူးသဖြင့် ဒုသမ္မတဦးဆောင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီ ဖွဲ့စည်းရာမှာ ဥက္ကဋ္ဌရာထူးကို အရပ်သားဖြစ်တဲ့ ဒေါက်တာစိုင်းမောက်ခမ်းအား ပေးလိုက်လို့ ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး Feeling တွေတက်ခဲ့တယ်လို့ သိရပါတယ်။

ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးဟာ စစ်ရေးစစ်ရာ သိကျွမ်းပြီး KIA တပ် လှုပ်ရှားရာနယ်မြေပါဝင်တဲ့ ရှမ်းပြည်နယ် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး တာဝန်ထမ်းဆောင်ခဲ့တာမို့ KIA နှင့် ဆွေးနွေးရာမှာ မဖြစ်မနေသူ့အား တာဝန်ပေးလိမ့်မယ်လို့ လူတိုင်းက မျှော်လင့်ခဲ့ကြပါတယ်။ တကယ်တမ်း စစ်ရေးမဟာဗျူဟာအရ လက်နက်ကိုင် တိုင်းရင်းသားများအကြောင်း စစ်သားအချင်းချင်းပိုသိပြီး KIA နယ်မြေကို ပိုမိုနှံ့စပ် ကျွမ်းကျင်တဲ့ သူကိုသာ ရွေးချယ်လိမ့်မည်ဟု ဗိုလ်ချုပ်တွေကလည်း ထင်မှတ်ထားခဲ့ပါတယ်။ အဲဒီလိုမဟုတ်ဘဲ ဒေါက်တာစိုင်းမောက်ခမ်းကို တာဝန်ပေးလိုက်လို့ ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး စိတ်ကောက်သွားတယ်လို့ စစ်ဖက်နီးစပ်သူများက ယူဆပါတယ်။ တကယ်တော့ ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးအနေနဲ့ သဘောပေါက်ဖို့ ကောင်းသည်မှာ စစ်တပ်ရဲ့ဆိုရိုးစကားကို ပြန်လည်သတိရဖို့ ကောင်းပါတယ်။ အဲဒါကတော့ ဒုတပ်ကြပ်မှသည် အမေရိကန် ဒုသမ္မတအထိ ဘာမှလုပ်ပိုင်ခွင့် မရှိတော့ဘူးဆိုတာ ဖြစ်ပါတယ်။ နည်းဗျူဟာအရ ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးကို ပေးသင့်တာမှန်ပါတယ်။

ဒါပေမဲ့ မဟာဗျူဟာအရ ဒေါသကြီးပြီး အရာရာကို အလျှော့မပေးချင်တဲ့ ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးနဲ့ ရေရှည်အဆင်မပြေနိုင်တော့မှန်းသိလို့ သမ္မတက စစ်မှန်တဲ့ငြိမ်းချမ်းရေး ရရှိဖို့ မျှော်မှန်းပြီး တာဝန်ပြောင်းပေးလိုက်တယ်လို့ ထင်မြင်ယူဆရပါတယ်။ ယခင်က အစိုးရငြိမ်းချမ်းရေး အဖွဲ့ ခေါင်းဆောင်တွေအောက်မှာ တိုင်းမှူးကဲ့သို့ထိပ်ပိုင်းက ဗိုလ်ချုပ်တွေမပါတာကြောင့် အပစ်ရပ်ပြီးတောင် တိုင်းရင်းသား လက်နက်ကိုင်တပ်များနှင့် အစိုးရတပ်တို့ မကြာခဏ တိုက်ပွဲတွေ ဖြစ်ပွားတာတွေ့ရပါတယ်။ ဗိုလ်ချုပ်တွေဟာ စစ်တပ်မှနယ်ဘက်ဝန်ကြီးဌာနသို့ ပြောင်းလဲပြီဆိုရင် တိုင်းမှူးတွေကအစ လေးစားကြည်ညိုကောင်းရမှန်း မသိတဲ့ထုံးစံတစ်ရပ်လိုဖြစ်ခဲ့ပါတယ်။ ယခင် ငြိမ်းချမ်းရေးဖေါ်ဆောင်ရေး အဖွဲ့ခေါင်းဆောင် ဦးအောင်သောင်းဆိုရင် စစ်တပ်မှဗိုလ်ချုပ်တွေက ကြည့်မရလို့ ရယ်၊ အချို့ဆွေးနွေးပွဲတွေမှာ တိုင်းမှူးတွေအား အဖွဲ့ဝင်အဖြစ် လက်တွဲမခေါ်တာရယ်ကြောင့် ကက (ကြည်း) လိုမျိုး အထက်ဌာနမှ အပစ်ရပ်ဖို့ ညွှန်ကြားချက်များပေးရာမှာ ထိထိရောက်ရောက် အမိန့်မပေးခဲ့တဲ့အတွက် မကြာခဏဆိုသလို အောက်ခြေမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တာ တွေ့ရှိရပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် စတင်မယ်ဆိုကတည်းက အဖွဲ့ခေါင်းဆောင်တွေ အနေနဲ့ တိုင်းမှူးများအား အဖွဲ့ဝင်အဖြစ် သမ္မတကို တင်ပြသင့်ပါတယ်။ ဒါကြောင့်အဓိက လုပ်ဆောင်ရမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီခေါင်းဆောင် ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းကို အထောက်အကူပြုဖို့အတွက် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီးစိုးဝင်းအား သမ္မတက မှာကြားထားဟန်ရှိပါတယ်။ အပစ်ရပ်ပြီး နောက်ပိုင်း နယ်မြေ ဧရိယာသတ်မှတ် ပိုင်းခြားမှုမှာ စစ်တပ်က မလွဲမသွေ ပါဝင်ရမှာဖြစ်လို့ ငြိမ်းချမ်းရေးအဖွဲ့ ဖွဲ့စည်းပုံအသွင်သဏ္ဍာန်ကို ပြန်လည်ဖွဲ့စည်းတာဖြစ်ပါတယ်။

ယ္ခုဆိုရင် လုပ်ငန်းကော်မတီအဖွဲ့တွင် တပ်မတော်မှ တိုင်းမှူး (၁၀) ဦးအပါအဝင် အဖွဲ့ဝင် စုစုပေါင်း (၅၂) ဦးနဲ့ မေလ (၃) ရက်စွဲပါ စာအမှတ် ၁၂/၂၀၁၂ အမိန့်ဖြင့် ဖွဲ့စည်းထားတာကို တွေ့ရပါတယ်။ အဲဒီလုပ်ငန်းကော်မတီရဲ့ဆောင်ရွက်ချက်များကို သမ္မတဦးသိန်းစိန် ခေါင်းဆောင်တဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ပါဝင်သော အဖွဲ့ဝင် (၁၁) ဦးဖြင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီကို ဆက်လက်တင်ပြရမှာဖြစ်ပါတယ်။ လုပ်ငန်းကော်မတီကို စတင်ဖွဲ့စည်းပြီး လုပ်ဆောင်မှုအနေနဲ့ ဒုဗိုလ်ချုပ်ကြီး ရွယ်ဆစ်အဖွဲ့အား ဆွေးနွေးကြရာမှာ ဗိုလ်ချုပ်ကြီးစိုးဝင်း ပါဝင်လာပေမဲ့ တိုက်ပွဲများဖြစ်ပွားခဲ့တာမို့ တောင်းပန်ခဲ့ရတဲ့ဖြစ်စဉ်မျိုး ကြားသိရပါတယ်။ ဒေါက်တာစိုင်းမောက်ခမ်းရဲ့ လှုပ်ရှားမှုတွေကို လောလောဆယ်မတွေ့ရသေးပေမဲ့ လုပ်ငန်းကော်မတီရဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေဟာ ရှင်းလင်းမှုမရှိသေးကြောင်း တွေ့ရပါတယ်။ တကယ်တော့ အစိုးရအနေဖြင့် လက်နက်ကိုင် တိုင်းရင်းသားများကို ယခင်ကလို စီးပွားရေးမက်လုံးပေးရုံနဲ့ အလွယ်တကူ လိုက်လျော လာလိုက်မည်ဆိုတဲ့ ဦးအောင်မင်းရဲ့ရှေး စစ်အာဏာရှင်တွေရဲ့ လက်သုံးစကားအတိုင်း ပေါ့ဆစွာ ငြိမ်းချမ်းရေးအဖွဲ့တွေ စေလွှတ်ခဲ့တဲ့အတွက် ယနေ့အချိန်ထိ စစ်မှန်တဲ့ ငြိမ်းချမ်းရေး မရရှိသေးတာ ဖြစ်ကြောင်း စစ်ဖက်နီးစပ်သူများက သုံးသပ်တင်ပြသွားပါတယ်။

Last Updated ( Tuesday, 21 August 2012 03:31 )  

နောက်ဆုံးရသတင်းများ

နောက်ဆုံးရဆောင်းပါးများ