How do I apply payday loan Your Finances are your own Business
ပင်မနေရာ အထူးသတင်း ဒုတပ်ချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း ဘယ်လို လူမျိုးလဲ

ပင်မနေရာ အထူးသတင်း ဒုတပ်ချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း ဘယ်လို လူမျိုးလဲ

ဒုတပ်ချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း ဘယ်လို လူမျိုးလဲ

Print PDF
User Rating: / 14
PoorBest 

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း

ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး စိုးဝင်းဟာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးမှ ကစထမှူး ရာထူးကို ကျော်ကာ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဖြစ်လာသူဖြစ်ပါတယ်။ DSA – 22 ကျောင်းဆင်းဖြစ်ပြီး တိုင်းမှူးဘ၀တုံးက သူနဲ့ ထိတွေ့ဆက်ဆံခဲ့ဖူးတဲ့ တိုင်းရင်းသား အဖွဲ့များက ပြောဆိုလာပါတယ်။ ဗိုလ်ချုပ်ကြီး စိုးဝင်းဟာ တိုင်းရင်းသားကိစ္စဖြစ်ဖြစ် စီးပွားရေး ကိစ္စ ဖြစ်ဖြစ် တိုင်းရင်းသားအဖွဲ့တွေက တောင်းဆိုလာရင် တိုင်းမှူး တစ်ယောက်အနေနဲ့ လုပ်ပိုင်ခွင့် အထိုက်အလျောက် ရှိသူပီပီ ရဲရဲတင်းတင်း ဖြတ်ရမဲ့အစား ကက (ကြည်း) တို့ လိုမျိုး အထက်ဌာနကို တင်ပြပြီးမှ လုပ်ကိုင်ပေးလေ့ရှိကြောင်း သိရပါတယ်။

နယ်စပ်ဒေသ ဖွံ့ဖြိုးရေးကို တိုင်းမှူး တစ်ယောက် အနေနဲ့ ကွင်းဆင်းပြီ ဆိုရင် ယခင် တိုင်းမှူးများလို ကျပ် (၁၀) သိန်း၊ (၁၅) သိန်း ယူလာပြီး ရက်ရက်ရောရော လှူဒါန်းရမဲ့အစား နှမြောတွန့်တိုစွာဖြင့် ကျပ် (၃) သိန်း ခန့်သာ ယူဆောင်လေ့ရှိကြောင်း သိရပါတယ်။ မြစ်ဆုံကိစ္စ ဗုံးကွဲတဲ့ဖြစ်စဉ်မှာ ကကကြည်းက ထုထောင်းတဲ့အတွက် ဗိုလ်ချုပ်ကြီး စိုးဝင်းတစ်ယောက် KIA အပေါ် အနာတရ ရှိခဲ့ကြောင်း သိရပါတယ်။ ယခု ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ မအောင်မြင်ရတဲ့ကိစ္စတွေမှာလည်း ကကကြည်း ကိုင်ထားတဲ့ ဗိုလ်ချုပ်ကြီး စိုးဝင်းရဲ့ ပယောဂ မကင်းဘူးလို့ စစ်ဖက်နီးစပ်သူများက ဆိုပါတယ်။ ယခုတော့ ငြိမ်းချမ်းရေး လုပ်ငန်း ကော်မတီမှာ ဗိုလ်ချုပ်ကြီး စိုးဝင်း ပါဝင်လာတဲ့အတွက် တမျိုးတဖုံ ပြောင်းလဲမှာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ကြောင်း စစ်ဖက်နီးစပ်သူများက စည်းလုံးခြင်းရဲ့ အင်အား ၀က်ဘ်ဆိုဒ် www.photayokeking.org သို့ သတင်းပေးပို့လာပါတယ်။

Last Updated ( Tuesday, 21 August 2012 03:04 )  

နောက်ဆုံးရသတင်းများ

နောက်ဆုံးရဆောင်းပါးများ