How do I apply payday loan Your Finances are your own Business
ပင်မနေရာ အထူးသတင်း ဒေါ်စုနှင့် ထိပ်တိုက်တွေ့မဲ့ ဒုတိယ ပင်လုံ

ပင်မနေရာ အထူးသတင်း ဒေါ်စုနှင့် ထိပ်တိုက်တွေ့မဲ့ ဒုတိယ ပင်လုံ

ဒေါ်စုနှင့် ထိပ်တိုက်တွေ့မဲ့ ဒုတိယ ပင်လုံ

Print PDF
User Rating: / 17
PoorBest 

????? ???????? ????????

လွှတ်တော် အစည်းအဝေးတွေ ယခုဆိုရင် ကျင်းပနေကြပြီ ဖြစ်ပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရရှိသွားသော NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း လွှတ်တော်ကို တက်ရောက်လျှက် ရှိနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ထိပ်တိုက် တွေ့နိုင်မဲ့ ပြဿနာကတော့ မငြိမ်းချမ်းသေးတဲ့ တိုင်းရင်းသား အရေးကိစ္စပင် ဖြစ်တယ်လို့ စစ်ဖက်နီးစပ်သူများက ဆိုပါတယ်။ အထူးသဖြင့် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေနဲ့ တွေ့ဆုံ ဆွေးနွေးတဲ့ လုပ်ငန်းစဉ်တွေဟာ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ပန်းတိုင် မရောက်သေးတဲ့ ပဟေဋ္ဌိများစွာ ပေါ်ထွက်နေပါတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဖြစ်တဲ့ ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းကို တာဝန်ပေးအပ်ခဲ့စဉ်တုန်းက စိစစ်ဆဲ သတင်းအရ ငြင်းဆိုခဲ့တယ်လို့ ကြားသိရပါတယ်။ ဘာလို့လဲဆိုတော့ ဥက္ကဋ္ဌအနေနဲ့ တိုင်းရင်းသား အဖွဲ့တွေနဲ့ တွေ့ဆုံ ဆွေးနွေးပွဲတွေမှာ ယနေ့ချိန်ထိ ရှေ့တန်းကျကျ ကိုယ်တိုင် ပါဝင်သေးခြင်း မရှိသလို မီဒီယာ သတင်း စာမျက်နှာတွေမှာ ပေါ်ထွက်လာခြင်း မရှိသေးလို့ဘဲ ဖြစ်ပါတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ဦးအောင်မင်းတစ်ယောက်သာ တပင်တိုင် မင်းသားကြီး ဖြစ်နေတုန်းဘဲ ရှိနေပါတယ်။ တကယ်တော့ ဆုံးဖြတ်မှု ပေးနိုင်တဲ့ ပုဂ္ဂိုလ် တက်ရောက်ပြီး ငြိမ်းချမ်းရေး ပန်းတိုင်သို့ အချိန်မဆိုင်းဘဲ လုပ်ကိုင်ဆောင်ရွက်လို့ ရတဲ့ အနေအထား ရှိပါတယ်။ တချို့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေဆိုရင် အဆင့်တစ်ဆင့်ကိုကျော်ပြီး ဗဟို အဆင့်နှင့် ဆွေးနွေးပွဲ အောင်မြင်လျှက်ရှိရာ အခြေအနေ ဖန်တီးခွင့် ပေးလျှက်သားနဲ့ အစိုးရက ဖယောင်းတိုင် မီးထွန်းဆန္ဒပြပွဲတွေ အကြောင်းပြပြီး အချိန်ဆွဲနေပါတယ်။ အစိုးရရဲ့ မူဝါဒက အဆင့် သုံးဆင့် ထားပြီး လက်နက်ကိုင် တိုင်းရင်းသား တဖွဲ့ချင်း မလုပ်ဘဲ အဖွဲ့အားလုံးကို တပြိုင်တည်း ငြိမ်းချမ်းရေးရအောင် ဒုတိယ ပင်လုံလို့ ခေါ်တဲ့ လူမျိုး ပေါင်းစုံ အလွှာပေါင်းစုံ ပါဝင်တဲ့ ညီလာခံကြီး တစ်ခုက ငြိမ်းချမ်းရေး ပန်းတိုင် တစ်ခုအဖြစ် သတ်မှတ်ထားတာဖြစ်တယ်။ အခြေခံ ဥပဒေကို မပြုပြင်ဘဲ လက်နက်ကိုင် တိုင်းရင်းသားတွေကို ဇွတ်အတင်း ငြိမ်းချမ်းရေးရတယ်ဆိုပြီး လုပ်တယ်ဆိုရင်တော့ ဒီနေ့ ငြိမ်းချမ်းရေး စာချုပ် ချုပ်၊ နောက်နေ့ကျရင် သေနတ်သံတွေ ပြန်ထွက်လာမှာ သေချာပါတယ်။ ယခုတောင် ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ လုပ်နေစဉ်မှတောင် သေနတ်သံတွေက အားပေးနေတုန်းဖြစ်တယ်လို့ စစ်ဘက်နီးစပ်သူများက ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်အတွင်း ရောက်ရင် ဘယ်လို တာဝန်ပေးအပ်နိုင်မလဲဆိုတာ နိုင်ငံရေး အကဲခတ်များက သိချင်နေကြပါတယ်။ တချို့က ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရအဖွဲ့တွေမှာ တာဝန်ပေးခဲ့ရင် NLD နဲ့ ဝေးကွာနိုင်လို့ သူမအနေနဲ့ ငြင်းဆိုနိုင်ပါတယ်။ လုပ်ငန်း ကော်မတီ အများစုဟာ သူ့နေရာသူ ရှိနေကြပြီး အလုပ်လုပ်နေကြတာမို့ မကြာခင်ကမှ ပြန်လည် ဖွဲ့စည်းလိုက်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌအဖြစ် ဒေါ်အောင်ဆန်းစုကြည်အား တာဝန်ပေးအပ်နိုင်တယ်လို့ စစ်ရေး အကဲခတ်များက ဆိုပါတယ်။ ဆတ်ဆတ်ထိ မခံတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘေးကျပ်နံကျပ် ဖြစ်နိုင်တာကြောင့် သူ့အား ထိုးထည့်ဖို့ ဖြစ်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ တကယ်လို့ ဆွေးနွေးပွဲ ရလဒ် မရေရာ မသေချာဘဲ ဖြစ်ဖြစ်၊ တိုက်ပွဲတွေ ပြန်ဖြစ်ရင် အစိုးရ အနေနဲ့ အသက်ရှုချောင်သွားပြီး အကြောင်းပြချက်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် အသုံးမကျလို့ဆိုကာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးပါ တပါတည်း သေသွားအောင် လုပ်လိုက်သလို ဖြစ်သွားနိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တရုတ်အစိုးရနှင့် အဆင်ပြေမှုရှိတဲ့ ‘ဝ’ UWSA လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေလိုမျိုးကိုတော့ ညှိနှိုင်းအဆင်ပြေဖို့ တော်တော်နဲ့ လွယ်ကူအုံးမှာ မဟုတ်ကြောင်း စစ်ဖက်နီးစပ်သူများက သုံးသပ်ပေးပို့လာပါတယ်။

Last Updated ( Wednesday, 03 April 2013 16:18 )  

နောက်ဆုံးရသတင်းများ

နောက်ဆုံးရဆောင်းပါးများ