How do I apply payday loan Your Finances are your own Business
ပင်မနေရာ အထူးသတင်း ဘက်မလိုက်နိုင်ငံ အဖြစ်မှ စွန့်လွှတ်ရတော့မှာလား

ပင်မနေရာ အထူးသတင်း ဘက်မလိုက်နိုင်ငံ အဖြစ်မှ စွန့်လွှတ်ရတော့မှာလား

ဘက်မလိုက်နိုင်ငံ အဖြစ်မှ စွန့်လွှတ်ရတော့မှာလား

Print PDF
User Rating: / 7
PoorBest 

?????????? ?????????? ????????????

မြန်မာနိုင်ငံ အစိုးရအနေနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလ အထိုက်အလျောက် လိုက်လျောလာမှုများအပေါ် တရုတ်အစိုးရဟာ မျက်ခြေမပြတ် စိုးရိမ်ကြီးစွာဖြင့် စောင့်ကြည့် နေပါတယ်။ မြစ်ဆုံကိစ္စ ရုတ်တရက် ရပ်ဆိုင်းလိုက်ပြီးတဲ့နောက် ပြည်တွင်းရှိ အလုပ်သမား ဆန္ဒပြမှုများအပေါ် အစိုးရက ရပ်တည်ပေးခြင်း၊ ငြိမ်းချမ်းစွာ စုဝေးစီတန်း လှည့်လည်ခွင့် နည်းဥပဒေ စာအုပ်ထွက်ပေါ်လာခြင်း၊ ဖယောင်းတိုင် မီးထွန်း ဆန္နပြပွဲအပေါ် အစိုးရက ဂရုတစိုက် ဖြေရှင်းပေးတဲ့အပြင် ၈၈မျိုးဆက် ကျောင်းသားများအား သူရဦးရွှေမန်းက တွေ့ဆုံခြင်း၊ လူမှုရေး အသင်းအဖွဲ့များ လှုပ်ရှားမှုများနှင့် မီဒီယာသတင်း ကန့်သတ် ထိန်းချုပ်မှုများအား ဖြေလျှော့ ပေးခဲ့ခြင်းတို့ကလည်း သတိထားစရာ ဖြစ်လာစေခဲ့ပါတယ်။

သိန်းစိန်နှင့် ဟီလာရီကလင်တန် လက်ဆွဲနှုတ်ဆက်နေပုံ

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံခြားခရီးစဉ်များမှ နိုင်ငံတကာ ခေါင်းဆောင်များရဲ့ ထောက်ခံအားပေးမှု အရှိန်အဟုန် ရလာတဲ့အပေါ် မြန်မာအစိုးရက တုန်လှုပ် ချောက်ခြားပြီး အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တောင်းဆိုမှု မှန်သမျှ အစွမ်းကုန် လိုက်လျောသွားလိုက်မှာကို တရုတ်အစိုးရအနေနဲ့ စိုးရိမ်နေဟန် တူတယ်လို့ စစ်ရေးအကဲခတ်များက ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံတကာ ခရီးစဉ်အပေါ် တရုတ်အာဘော် ထင်ဟပ်စေတဲ့ သတင်းစာက ဒေါ်အောင်ဆန်းစုကြည်အား ဝေဖန်ခဲ့ပြီး ဒီမိုကရေစီ လျင်မြန်စွာ ပြုပြင်ပြောင်းလဲရေး မလုပ်ဖို့ တရုတ်အစိုးရက မြန်မာအစိုးရအား သတိပေးခဲ့ပါတယ်။ ဒါ့အပြင် တရုတ် အစိုးရက မြစ်ဆုံစီမံကိန်းကိစ္စ ပြန်လည်စတင်ဖို့အတွက် တရုတ်ကုမ္မဏီများအား အားနည်းချက်တွေ ပြုပြင်ခိုင်းပြီး မြန်မာအစိုးရအား စီမံကိန်း ပြန်လည် ပြုလုပ်ရန် တိုက်တွန်းဖို့ ကြိုးစားနေပြန်ပါတယ်။ ယခုဆိုရင် အမေရိကန် အစိုးရက ပိတ်ဆို့ အရေးယူမှုတွေကို လျှော့ချလာရာ အမေရိကန် စီးပွားရေး ထိပ်တန်း ကုမ္ပဏီကြီးများ နေပြည်တော်ကို ရောက်ရှိ ဆွေးနွေးနေပြီး တရုတ်ရဲ့ အဓိက သည်းခြေဖြစ်တဲ့ ရွှေဂတ်စ် စီမံကိန်းကို ခြိမ်းခြောက်နေလို့ မျက်လုံးပြူးနေရပြီ ဖြစ်ပါတယ်။ အထူးသဖြင့် ရခိုင်ပြည်နယ်ရှိ ရွှေဂတ်စ် စီမံကိန်းအပေါ် အမေရိကန်က ဝင်ရောက်ထိန်းချုပ်မှာကို တရုတ်တွေဟာ ပူပန်မှု အရှိဆုံးဖြစ်ပါတယ်။ KIA အပေါ် အစိုးရက ယနေ့ထိ တွေ့ဆုံဆွေးနွေးရေး ပြေလည်မှုမရှိ ဖြစ်နေတာကိုလည်း တရုတ်အစိုးရက နေရထိုင်ရ ခက်နေပါတယ်။ နယ်စပ်ဒေသနဲ့ ပိုက်လိုင်းလမ်းကြောင်းတလျှောက် လုံခြုံရေး စိုးရိမ်နေရသလို KIA နှင့် အစိုးရ စစ်တပ် တိုက်ပွဲဖြစ်ပွားနေတာကလည်း တရုတ်နိုင်ငံအဖို့ တမျိုးတဖုံ နိုင်ငံရေး မဟာဗျူဟာအရ ကြားခံနယ်မြေအဖြစ် အကာအကွယ် ရသွားသလို ဖြစ်နေပါတယ်။ ဒါ့အပြင် တရုတ်အစိုးရက ‘ဝ’ UWSA အဖွဲ့ကိုလည်း ခိုင်မာတောင့်တင်းအောင် ပံ့ပိုးထားလျှက် ရှိပါတယ်။ အမေရိကန်အနေနဲ့ မြန်မာနိုင်ငံကို ဒေါ်အောင်ဆန်းစုကြည်အား အမှီပြုပြီး ထိုးဖေါက် ဝင်ရောက်လာမှာ တရုတ်တို့ မလိုလားဟန် သဘောမကျတဲ့ အရိပ်လက္ခဏာတွေ ပြသနေပါတယ်။ ယခင်က ဘင်္ဂလားဒေ့ရှ် အစိုးရကို အမေရိကန်က “တည်ကြက်” သဘောထားပြီး တရုတ်နိုင်ငံအား မဟာဗျူဟာမြောက် Power ဆိုင်ထားပါတယ်။

ဒါ့အပြင် ယခင်က ထိုင်းနိုင်ငံအား ဗဟိုပြုပြီး အမေရိကန်ရဲ့ သြဇာအာဏာကို အရှေ့အာရှမှာ ချဲ့ထွင်ခဲ့ပါတယ်။ ယခုအခါ ပထဝီ မဟာဗျူဟာအရ အချက်အချာ ကျလာတဲ့ နေရာကတော့ တရုတ်နိုင်ငံရဲ့ နောက်ဖေးပေါက်ဖြစ်တဲ့ မြန်မာနိုင်ငံဘဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံ အနေနှင့် အင်အားကြီး နှစ်နိုင်ငံအပေါ် ယခင်က ကြားနေနိုင်ငံအဖြစ် နှစ်ဘက်ခွစားမယ့် မဟာဗျူဟာအား ကျင့်သုံးဖို့ခေတ်ကုန်နေပြီလား ဆိုတာကိုတော့ လက်ရှိ နိုင်ငံတကာဖြစ်စဉ်များအရ လေ့လာ သုံးသပ်ကာ ပြောင်းလဲရတော့မယ့် သဘော ဖြစ်နေပါတယ်။ မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံအဖို့ ဒီမိုကရေစီ လမ်းကြောင်းအမှန်ကို ဆက်သွားမည်၊ မသွားမည် ဆိုတာကိုလည်း ပြည်တွင်းငြိမ်းချမ်းရေး၊ တိုင်းရင်းသား အရေးကိစ္စများအား တည်ငြိမ်အောင် ပြုလုပ်ပြီးမှ ယုံကြည်စိတ်ချစွာ လျှောက်လှမ်းနိုင်မယ်ဆိုတာ နိုင်ငံခေါင်းဆောင်ကြီးတွေ သိရှိမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အကဲဆတ်တဲ့ တိုင်းရင်းသား အရေးကိစ္စများကို ကိုင်တွယ်ဖြေရှင်းရာမှာ အဆိုပါ အင်အားကြီး တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံရဲ့ ဝင်ရောက်စွက်ဖက်မှု ကင်းရှင်းမှသာလျှင် ချောမွေ့အောင်မြင်နိုင်မည် ဖြစ်ပါကြောင်း စစ်ရေးအကဲခတ်များက စည်းလုံးခြင်းရဲ့အင်အားဝက်ဘ်ဆိုဒ် www.photayokeking.org သို့ ပေးပို့တင်ပြသွားပါတယ်။

Last Updated ( Thursday, 23 August 2012 12:45 )  

နောက်ဆုံးရသတင်းများ

နောက်ဆုံးရဆောင်းပါးများ