ပင်မနေရာ မူဝါဒ/ဥပဒေ တပ်ပြုပြင်ပြောင်းလဲရေး အရပ်ဘက် စစ်ဘက် ဆက်ဆံရေးနှင့် ဒီမိုကရေစီ - အပိုင်း (၁၀)

ပင်မနေရာ မူဝါဒ/ဥပဒေ တပ်ပြုပြင်ပြောင်းလဲရေး အရပ်ဘက် စစ်ဘက် ဆက်ဆံရေးနှင့် ဒီမိုကရေစီ - အပိုင်း (၁၀)

အရပ်ဘက် စစ်ဘက် ဆက်ဆံရေးနှင့် ဒီမိုကရေစီ - အပိုင်း (၁၀)

Print PDF
User Rating: / 1
PoorBest 

ဘာသာပြန်သူ - ကိုကျော်ထင် (အပိုင်း (၃၉) ကို ဒီနေရာ တွင် နှိပ်၍ ပြန်လည်လေ့လာ ဖတ်ရှုနိုင်ပါသည်...


ပထမဦးဆုံးအနေဖြင့် လက်နက်ကိုင်တပ်ဖွဲ့များသည် ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက် ဖွဲ့စည်းထားသော အစိုးရများကို ဖြုတ်ချ ဖယ်ရှားပစ်ခြင်းမှ ဆုံးမ လမ်းညွှန်မှုပေးခြင်းကို ခံခဲ့ကြရသည်။ အမေရိကန်နိုင်ငံများအဖွဲ့ Organization of American States (OAS) မှ ၄င်း၏ ၁၉၉၁ “ဒီမိုကရေစီသို့  စင်တီယာဂိုသံန္နိဌာန်ပြုမှု” “Santiago Commitment to Democracy” တွင် ဤအချက်အား ရှင်းလင်းစွာ ဖေါ်ပြခဲ့သည့်အပြင် OAS အထွေထွေ အတွင်းရေးမှူအားလည်း ဒီမိုကရေစီ အစိုးရများ ဖြုတ်ချခံခဲ့ရသော ထိုနိုင်ငံများတွင် ဒီမိုကရေစီ ပြန်လည်ထူထောင်ရေးအတွက် အကျိုးအမြတ်များကို တီထွင်ဖန်တီးရန် ထပ်မံ လမ်းညွှန်ခဲ့ပေသည်။


ဤအပိုင်းတွင် အမေရိကန်အစိုးရက လမ်းညွှန်ခဲ့သည်မှာ ၄င်း၏ ပြည်ပစစ်မိန့်ပေး ဌာနချုပ်များက နိုင်ငံခြား လက်နက်ကိုင် တပ်ဖွဲ့များအနေဖြင့် ၄င်းတို့နိုင်ငံ၏ အရပ်ဘက် ထိန်းချုပ်မှုအား အထောက်အပံ့ ဖြစ်စေမည့် လူ့အခွင့်အရေးနှင့် ဥပဒေစိုးမိုးရေးအား လေးစားစေမည့် သူတို့၏ တမျိုးသားလုံးဆိုင်ရာ လိုအပ်ချက်များ၊ အခန်းကဏ္ဍများနှင့် သင့်တော်မည့် ၄င်းတို့ လက်နက်ကိုင်တပ်ဖွဲ့များ၏ အခန်းကဏ္ဍများကို စဉ်းစားရန်အတွက် နိုင်ငံခြားလက်နက်ကိုင် တပ်ဖွဲ့များအား တိုက်တွန်း အားပေးခြင်းအပေါ် အထူး အာရုံစိုက်မှုကို ဆောင်ရွက်စေရန် ဖြစ်ပေသည်။


တခြား နယ်ပယ်များတွင်မူ စစ်အေးလွန်ကာလ စစ်ဘက်ဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှု (activity) များအတွက် ဆောင်ရွက်ရေးဆိုင်ရာ စံများ ထူထောင်ထားရှိပြီး ဖြစ်သည်။ ဥပမာအားဖြင့် မူးယစ်ဆေးဝါး ကုန်ကူးမှုနှင့် အကြမ်းဖက်မှုများအား အမျိုးသား လုံခြုံရေးအတွက် အလွန်အမင်း အန္တရာယ်ရှိသော နိုင်ငံဖြတ်ကျော် ခြိမ်းခြောက်မှုအဖြစ် သတ်မှတ် သဘောထားသော်ငြားလည်းဘဲ လက်နက်ကိုင်တပ်ဖွဲ့ အများစုက မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် အကြမ်းဖက်မှု တန်ပြန် တိုက်ဖျက်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ရဲနှင့်အကောက်ခွန်ဘက်ဆိုင်ရာ အရပ်ဘက် အဖွဲ့အစည်းများ၏ အထောက်အပံ့ဖြင့်သာ ဆောင်ရွက် အောင်မြင်ရမည့် အရာအဖြစ် တရားဝင်ရပ်တည်မှု ပုံစံတစ်ခုကို ချမှတ်ထားရှိပေသည်။


သို့သော်ငြားလည်း အမေရိကန်တောင်ပိုင်း စစ်မိန့်ပေးဌာနနှင့် များစွာသော လက်တင် အမေရိကနိုင်ငံများမှ လက်နက်ကိုင်တပ်ဖွဲ့များတို့၏ ၁၉၈ဝ ခုလွန်နှစ်များနှင့် ၁၉၉ဝ ခုလွန် အစောပိုင်း နှစ်ကာလများ၏ မူးယစ်ဆေးဝါးကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အရင်းအမြစ်များ၏ အကျယ်အပြန့် သန္နိဌာန်ပြုမှုများက တရားမဝင်သော်လည်း တရားဝင်သည့် (defacto) စစ်ဘက်ဆိုင်ရာ အခန်းကဏ္ဍ အသစ်တစ်ခု ထားရှိမှုကို အကြံပြုခဲ့ပေသည်။ မူဝါဒရေးရာ ဆုံးဖြတ်ပြုလုပ်သူ အများစုက ဤနယ်ပယ်များတွင် စစ်ဘက်၏ လှုပ်ရှားဆောင်ရွက်မှုများကို အရပ်ဘက် အဖွဲ့အစည်းများ၏ ထောက်ပံ့မှုဖြင့် ဆောင်ရွက်ရန် အကြံပြုမှုများ ရှိနေစဉ်တွင် ဤလှုပ်ရှားဆောင်ရွက်မှုများတွင် မည်သည့်အရာများကို ဦးစားပေး ဆောင်ရွက်သင့်သည် ဆိုသည်နှင့် ပတ်သက်၍ အားလုံး သဘောတူညီမှု အနည်းငယ်သာ ရှိပေသည်။


အနောက်ကမ္ဘာခြမ်းဒေသ (Westem Hemisphere) မဟာမိတ်များ အကြားမှ အကြံပေးချက်များ၊ မူးယစ်ဆေးဝါး ဆန့်ကျင်တိုက်ဖျက်ရေး အစီအစဉ်များနှင့် ပတ်သက်၍ ဆက်လက် ဖြစ်ပေါ်နေသော သုံးသပ် တန်ဖိုးဖြတ်ချက်များက အကြံပြု ပြောဆိုသည်မှာ မူးယစ်ဆေးဝါး ကုန်ကူးမှုနှင့် အကြမ်းဖက်မှုတို့အား တိုက်ဖျက်ရေးတွင် စစ်ဘက်က လှုပ်ရှားဆောင်ရွက်ရသည့် အခန်းကဏ္ဍသည် အမေရိကနိုင်ငံများတွင် ဆင်းရဲမှုတိုက်ဖျက်ရေးနှင့် ဖွံ့ဖြိုးမှု ထူထောင်ရေးတို့တွင် ရှိခဲ့သည့် စစ်ဘက်တို့၏ အခန်းကဏ္ဍများထက် အနာဂါတ်ကာလတွင် အရေးကြီးမှု လျော့နည်းလာနိုင်လျက် ရှိသည်ဟု၍ ဖြစ်ပေသည်။


သို့သော်ငြားလည်း အရင်က အတွေ့အကြုံများနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ၊ ပြည်သူ့လှုပ်ရှားမှု အစီအစဉ်များ (civic-action program) တွင် စစ်ဘက်တို့ ပါဝင်မှုများတို့က အရေးတကြီးဖြစ်သော အောက်ပါမေးခွန်းများကို ဖေါ်ထုတ် ထွက်ပေါ်စေခဲ့ပေသည်။


(၁) ဆင်းရဲမှု သက်သာလျော့ပါးစေသည့် စစ်ဘက်ဆိုင်ရာတို့၏ အဖြေများကို စည်းကြပ် ပြဌာန်းလိုက်သောအခါ အရပ်ဘက် အဖွဲ့အစည်းများ၏ စွမ်းရည်များအား တိုက်စား လျော့နည်းစေခြင်းများကို မည်ကဲ့သို့  ရှောင်ရှားမည်နည်း။


(၂) လူမှုဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများက မွေးမြူ ထူထောင်ခြင်းနှင့် အဖျက်အမှောင့် လုပ်ငန်းများကို တိုက်ဖျက်ရေး လုပ်ငန်းနှစ်ခုအကြား ရှင်းလင်းသော မျဉ်းတစ်ခုကို မည်ကဲ့သို့ ဆွဲမည်နည်း။ စသည်တို့ ဖြစ်ပေသည်။ နိုင်ငံတကာဆိုင်ရာ အယူဝါဒရေးရာ ပဋိပက္ခဖြစ်မှု အဆုံးသတ်သွားမှုက ဒီမိုကရေစီနှင့် အရင်းရှင်ဝါဒ (capitalism) နှင့် ပတ်သက်သည့် ကျယ်ပြန့်သော လက်ခံမှုကို ဦးဆောင် ဖြစ်ပေါ်စေခဲ့သော်ငြားလည်းဘဲ တိုက်ပွဲများအတွက် အသင့်ဖြစ်နေရမည့် (combat-ready) လက်နက်ကိုင်တပ်ဖွဲ့များ လိုအပ်မှု ပျောက်ကွယ် မသွားသေးပေ။ ရာစုနှစ်ကုန်ခါနီးတွင် ရှိနေသော အမျိုးသား လုံခြုံရေးဆိုင်ရာ မရှိမဖြစ် အရေးတကြီး ဆောင်ရွက်ရမည့် အရာများသည် စစ်အေးကာလတုန်းက နိုင်ငံတကာ လူမှုအသိုင်းအဝိုင်းက ရင်ဆိုင်ခဲ့ရသော ယင်းအရာများထက် မကြာခဏပင် ပို၍ အသွင်သဏ္ဌာန် ကွဲပြားသော အသွင်ဖြင့် ဖေါ်ပြခံလာရလျက် ရှိပေသည်။


အမျိုးသား လုံခြုံရေးဆိုင်ရာ ၁၉၉၄ ဇူလိုင်လ အစီရင်ခံစာတွင် သမ္မတ ကလင်တန်က လူမျိုးစုပဋိပက္ခ၊ ရန်လိုသည့်နိုင်ငံများနှင့် အကြီးစား အဖျက်လက်နက်များ (weapons of mass destruction ) စုပုံလာခြင်း စသည်တို့ ကဲ့သို့သော လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများကို သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ယုတ်လျော့ကျဆင်းလာခြင်း၊ လူဦးရေတိုးတက်မှု စသည်တို့ ကဲ့သို့သော အကျယ်အပြန့် စိုးရိမ်ရမှုများနှင့်အတူ “အသည်းအသန်ဖြစ်သော အန္တရာယ်များ ” “ serious dangers ” အဖြစ် စာရင်းထည့်သွင်း ပြုစုခဲ့ပေသည်။ ကမ္ဘာ့ကုလသမဂ္ဂက နိုင်ငံတစ်ခုအတွင်း ဖြစ်ပွားသော ပဋိပက္ခများတွင် လက်နက်ငယ်များ အသုံးပြုမှုသည် (စစ်အေးတိုက်ပွဲ ပြီးဆုံးပြီးကတည်းက စ၍) ပထမကမ္ဘာစစ်ပြီး နောက်ပိုင်း မည်သည့် အချိန်ကာလကထက်မဆို ပို၍ မကြာခဏ ဖြစ်ပျက်လာနေခဲ့သည်ဟု ဖေါ်ပြခဲ့ပေသည်။ စစ်အေးလွန်ကာလ ပြည်ပဆိုင်ရာ ခြိမ်းခြောက်မှု သဘာဝ ပြောင်းလဲလာနေသော်ငြားလည်းဘဲ နိုင်ငံများအနေဖြင့် သူတို့နိုင်ငံသားများ၏ အကျိုးစီးပွားကို ကာကွယ်ရန် လိုအပ်လာသောအခါ အင်အားအသုံးပြုရသည့် အရည်အသွေးများ လိုအပ်နေဆဲပင် ဖြစ်သည်။ လျင်မြန်စွာ တပ်ဖြန့်ခွဲ နေရာချထားမှု၊ စစ်ဘက်ဆိုင်ရာ စနစ်များ စည်းလုံးညီညွတ်မှုရှိခြင်းနှင့် နိုင်ငံတကာဆိုင်ရာ မဟာမိတ်များအကြား ပြည့်ဝသော နိုင်ငံတကာ စီမံချက်ဆိုင်ရာ အရည်အသွေးများ စသည်တို့အတွက် ခေတ်ပြိုင် လိုအပ်ချက်များက ပေးသော တိုတောင်းသော ကြေညာချက်အပေါ်တွင် လက်နက်ကိုင် တပ်ဖွဲ့များကို မစုစည်းနိုင်သောကြောင့် အမျိုးသား ကာကွယ်ရေးတွင် ရေရှည်ရင်းနှီးမြှုပ်နှံမှုသည် လိုအပ်နေဆဲပင် ဖြစ်သည်။

 


ယင်းကနိုင်ငံများ၏ လက်နက်ကိုင်တပ်ဖွဲ့များသည် တူညီသော ဖွဲ့စည်းပုံ ရှိရမည်ဟု၎င်း၊ နိုင်ငံများနှင့် ဒေသဆိုင်ရာ လက်နက်ကိုင် တပ်ဖွဲ့များအကြား လက်ရှိကမ္ဘာလုံးဆိုင်ရာ ဟန်ချက်ကို ထိန်းသိမ်းထားရှိမည် ဟူ၍၄င်း မဆိုလိုပါ။ ဥပမာအားဖြင့် ကော်စတာရီကာ ( Costa Rica )၊ ပနားမား (Panama) နှင့် ဟေတီ (Haiti) နိုင်ငံများတွင် သူတို့၏ လက်နက်ကိုင် တပ်ဖွဲ့အသီးသီးကို ဖျက်သိမ်းထားသော်ငြားလည်းဘဲ သူတို့၏နယ်မြေများ တစည်းတလုံးတည်းရှိမှုကို ကာကွယ်ရန်နှင့် သဘာဝ ဘေးအန္တရာယ်များကို အောင်မြင်စွာ စီမံကွပ်ကဲကျော်လွှားနိုင်ရန် အလို့ငှာ လုံခြုံရေးတပ်ဖွဲ့များနှင့် နိုင်ငံတကာ မဟာမိတ်အဖြစ် ဆောင်ရွက်ထားမှုများကို ဆက်လက် ထိန်းသိမ်းထားရှိခဲ့ကြသည်။


ထို့အပြင် ၁၉၉၅ ခုနှစ်တွင် ကော်စတာရီကာနှင့် ပနားမား နှစ်နိုင်ငံစလုံးသည် ဟေတီတွင် အမေရိကန်နိုင်ငံများအဖွဲ့ (OAS) အဖွဲ့၏ ငြိမ်းချမ်းရေး ထိန်းသိမ်းရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများသို့ သူတို့၏ လုံခြုံရေးတပ်ဖွဲ့များကို ပေးပို့ ကူညီစေခဲ့ပေသည်။ သူတို့၏ လက်နက်ကိုင်တပ်ဖွဲ့များကို ဆက်လက်ထားရှိသည့် တခြား နိုင်ငံများသည်လည်း စစ်အေးတိုက်ပွဲ ပြီးဆုံးကတည်းက သူတို့၏ စစ်ဘက်ရေးရာ ထူထောင်မှုများတွင် ထင်ထင်ရှားရှားပင် အပြောင်းအလဲများ ပြုလုပ်ခဲ့ကြပေသည်။


၁၉၈၅ နှင့် ၁၉၉၄ နှစ်များအတွင်း ကမ္ဘာ့လက်နက်ကိုင် တပ်ဖွဲ့များ၏ အရွယ်အစားသည် စုစုပေါင်းအားဖြင့် ၁၆ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး စုစုပေါင်း စစ်အသုံးစရိတ်တွင် ၃ဝ ရာခိုင်နှုန်း ဖြတ်တောက် လျှော့ချသုံးစွဲခဲ့ပေသည်။ ထို့အပြင် များစွာသော အမျိုးသားနိုင်ငံများ၏ စစ်ဘက်တို့သည် မျက်နှာစာပေါင်းစုံ ငြိမ်းချမ်းရေး ထိန်းသိမ်းရေး စီမံချက်များ ( multilateral peacekeeping operations ) တွင် ပါဝင်လာကြပြီး တချို့တို့သည် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများမှ တဆင့် ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ရန် ယခုလောလောဆယ်အားဖြင့်ကို ကြိုးပမ်း အားထုတ်လာနေကြပေသည်။


လက်နက်ကိုင် တပ်ဖွဲ့များရှိနေသော နိုင်ငံများအတွက် အခြေအနေများသည် အမြဲတမ်း လက်နက်ကိုင်တပ်ဖွဲ့များ ရှိနေသော နိုင်ငံများအတွက် ရှိနေသာ အခြေအနေများနှင့် နှိုင်းစာကြည့်လျှင် များစွာသော အရေးတကြီးဖြစ်သော ကဏ္ဍပေါင်းစုံတွင်ပင် ကွဲပြားခြားနားမှု ရှိနေပေသည်။ တခြားတဖက်တွင် နှိုင်းယှဉ်ချက်အရ အရွယ်အစား သေးငယ်သော လုံခြုံရေးတပ်ဖွဲ့များ အဆိုပါ နိုင်ငံများတွင် ရှိမှုက စစ်ဘက်ဝန်ဆောင်မှု အဖွဲ့အစည်းများနှင့် အရပ်ဘက် အဖွဲ့အစည်းများအကြား တည်ရှိနေသည့် အာဏာဘက်မညီမှုကို လျှော့ချပေးခဲ့ပေသည်။


တခြားတဖက်တွင်မူ ဤနိုင်ငံများမှ မူဝါဒရေးရာ ဆုံးဖြတ် ပြုလုပ်သူများတွင် အမြဲတမ်း လက်နက်ကိုင်တပ်ဖွဲ့များ ရှိနေသော နိုင်ငံများမှ မူဝါဒရေးရာ ဆုံးဖြတ် ပြုလုပ်သူများထက် ဤသို့သော ပို၍သေးငယ်သော လုံခြုံရေးတပ်ဖွဲ့များအတွက် တခြားသော လုပ်ငန်းရည်မှန်းချက် မစ်ရှင်များ တာဝန်အပ်နှင်းခြင်းနှင့် သက်ဆိုင်သည့် ပို၍နည်းပါးသော ရွေးချယ်စရာများသာ ရှိနေပေသည်။ ဤကွဲပြားခြားနားချက်များ အောက်တွင် ဆက်လက်ဆွေးနွေးမည့် အရေးကြီးသော ဂယက်ရိုက်ခတ်မှုများ ရှိနေပေသည်။


(ဤဘာသာပြန်ဆိုချက်တွင် အချို့သော စာလုံးအသုံးအနှုံးများကို အင်္ဂလိပ်စာလုံးအားဖြင့် သိထားလျှင် နားလည်ရမှုသည် ပို၍ အဆင်ပြေ လွယ်ကူချောမွေ့စွာ ဖြစ်ပေါ်နိုင်မည်ဟု ယုံကြည်ပါသဖြင့် အောက်ပါ စကားလုံးများအား အင်္ဂလိပ် - မြန်မာ ဘာသာပြန်နှင့်တကွ ထည့်သွင်းရေးသား ဖေါ်ပြပေးထားပါသည်။)


၁။ Conventional war  ----- သမားရိုးကျစစ်ပွဲ


၂။ traditional external mission  ----- အစဉ်အလာပြင်ပ (သို့မဟုတ်) ပြည်ပ လုပ်ငန်းမစ်ရှင်။ (မှတ်ချက် - မစ်ရှင်ဆိုသည့် အင်္ဂလိပ် ဝေါဟာရအား မြန်မာမှုပြ၍ တချို့နေရာများတွင် သုံးစွဲထားပါသည်။)


၃။ Objective control – ဓမ္မဒိဌာန်ကျသော ထိန်းချုပ်မှု၊ (အကျိုးအကြောင်း ဆီလျော်သော၊ ပုဂ္ဂိုလ်ရေးမပါသော  လုပ်ငန်းသဘောအရ လုပ်ဆောင်သော လုပ်ဆောင်မှုဟု နားလည်နိုင်ပေသည်)


၎။ Subjective control – ဆန္ဒစွဲကျသော ထိန်းချုပ်မှု၊ (အကျိုးအကြောင်း မဆီလျော်သော၊ ပုဂ္ဂိုလ်ရေး စိတ်ခံစားမှုအပေါ် အခြေခံသော၊ လုပ်ငန်းသဘော အဖွဲ့အစည်းသဘော မဆောင်သော လုပ်ဆောင်မှုဟု နားလည်နိုင်ပေသည်။ )

Last Updated ( Thursday, 06 October 2011 12:23 )  

နောက်ဆုံးရသတင်းများ