ပင်မနေရာ မူဝါဒ/ဥပဒေ တပ်ပြုပြင်ပြောင်းလဲရေး လေးလပတ်မှသည် တပ်ချုပ်...ထိုမှသည် ပြည်သူ့ လွှတ်တော် ဆီသို့... အပိုင်း - ၂

ပင်မနေရာ မူဝါဒ/ဥပဒေ တပ်ပြုပြင်ပြောင်းလဲရေး လေးလပတ်မှသည် တပ်ချုပ်...ထိုမှသည် ပြည်သူ့ လွှတ်တော် ဆီသို့... အပိုင်း - ၂

လေးလပတ်မှသည် တပ်ချုပ်...ထိုမှသည် ပြည်သူ့ လွှတ်တော် ဆီသို့... အပိုင်း - ၂

Print PDF
User Rating: / 1
PoorBest 

လွှတ်တော်မှ တပ်မတော်သား ကိုယ်စားလှယ်များအား တွေ့မြင်ရစဉ်


ဆောင်းပါးရှင် - မြင့်မိုရ်

တပ်မတော်ရဲ့ အဆင့်ဆင့် သတင်းပို့ခြင်း ဆိုသော ကန့်သတ်မှုအရ ကန့်လန့်ဖြစ်နေရသော အရာရှိအဆင့် အမျိုးမျိုးဟာ လေတပ်စခန်း အသီးသီးတွင် ရှိနေပါတယ်။ ယခင်က တပ်အပေါ် စိတ်ကုန်သွားသော အရာရှိများသည် ပိုင်ရာဆိုင်ရာဖြင့် အရပ်ဘက် ၀န်ကြီးဌာနများသို့ပြောင်းရန် ကြိုးစားရောက်ရှိသွားသော်လည်း ယခုကာလတွင် ထိုအခြေအနေမျိုးလည်း ဖန်တီးမရနိုင်တော့ရာ ထွက်စာများမှာ လေတပ်စခန်းမှူးများရဲ့ စားပွဲထက်မှာပင် နိတ္ထိတံနေရပါတယ်။ အမှန်အားဖြင့်မူ ၄င်းထွက်စာတင်ခြင်းကို အရာရှိချုပ်(လေ)အား လေတပ်စခန်းမှူးများမှ နှုတ်ဖြင့် တင်ပြသောအခါ ထိန်းနိုင်သလောက် ထိန်းထားပါ ဟူသော အမိန့်အရ Pending ဖြစ်နေခြင်းမှာ ကွယ်ဝှက်မရစွာ ပေါ်လွင်နေသော်လည်း ထိုအရာရှိများအနေဖြင့် ထိုအချက်ကို တိုင်ကြားရန် နေရာမရှိပါ။

အခြားဖြစ်ရပ်မှာ ခွက်ပျောက်စစ်ဗိုလ်များကိစ္စ ဖြစ်ပါတယ်။ တပ်မတော်(လေ)သို့ လိုအပ်စဉ်က အတင်းခေါ်ယူခဲ့ပြီးမှ B.E ဘွဲ့မရခြင်းကို အကြောင်းပြကာ ဗိုလ်မှူး အဆင့်ပင် မရခဲ့သော ဗိုလ်ကြီးများအရေး ဖြစ်ပါတယ်။ အမှန်တကယ်တွင် ၄င်းတို့ရဲ့ အနာဂတ်အား ကက(လေ)မှ အဆင့်ဆင့်တင်ပြ ဖြေရှင်းပေးသင့်ပါလျက် မျက်ကွယ်ပြုခဲ့ခြင်းကြောင့် တဖြည်းဖြည်းအချိန်တို့ ကုန်ဆုံးကာ နစ်နာမှုများ ခံစားနေကြရပါတယ်။ ကျန်တပ်ဖွဲ့များရှိ အဆင့်တိုးမရသူများမှာ ပြစ်မှု/ပြစ်ဒဏ် ရှိကြသူများ ဖြစ်သော်လည်း ၄င်း လေတပ်သားတို့မှာမူ တာဝန်ရှိသူ အဆင့်ဆင့်ရဲ့ စီမံမှုညံ့ဖျင်းချက်ကြောင့် ဆိုသည်မှာ ငြင်းမရသော အချက်ဖြစ်ပါတယ်။ အလားတူ အချို့သော ဗိုလ်ကြီး၊ ဗိုလ်မှူးများမှာလည်း စီမံမှုညံ့ဖျင်းချက် သားကောင်အဖြစ် နောက်ကားကျော်တက်ခြင်း ဒဏ်ကို ကြိတ်မှတ် ခံစားနေကြရပါတယ်။ ထိုအရာရှိများအား ယခုအချိန်မှ အဆင့်တိုး မပေးသင့်တော့သည်မှာ သဘာဝကျသော်လည်း မှားယွင်းမှုများအတွက် အဖြေရှာသင့်သလို၊ ထိုက်သင့်သော နှစ်သိမ့်မှု (၄င်းတို့ဆန္ဒမရှိတော့ပါက တပ်မှနှုတ်ထွက်ခွင့်ပြုခြင်း၊ သင့်တော်ရာ ၀န်ကြီးဌာနသို့ ပြောင်းပေးခြင်း)ဖြင့် တပ်မတော်ရဲ့ အစဉ်အလာကို ထိန်းသိမ်းသင့်ပါတယ်။

အထက်တွင် တင်ပြခဲ့သော ဝေးလံသော တပ်များမှ စစ်သည်မိသားစုများအနေဖြင့် ကြီးမြင့်သော ကုန်ဈေးနှုန်းဒဏ်အပြင် နေထိုင်မှုစရိတ်ပါ ပိုမိုကုန်ကျရသည်မှာ အခြားတပ်များထက် ပိုမိုသိသာပါတယ်။ ၄င်းတို့အတွက် အပိုဆောင်းထောက်ပံ့မှုများ ဆောင်ရွက်ပေးနိုင်ပါက ပိုမိုသင့်တော်မည် ဖြစ်ပါတယ်။ သို့မှသာ PowerPoint ထက်မှ သက်သာချောင်ချိရေး ဆောင်ရွက်ပေးနိုင်မှုထက် အမှန်တကယ်အကျိုးရှိသော သက်သာချောင်ချိရေးဖြင့် တပ်တည်ဆောက်ခြင်း ဖြစ်ပါလိမ့်မည်။

အချက်များစွာဖြင့် ထောက်ပြ မေးမြန်းပါက ပါးနပ်စွာ ရှောင်ထွက်သွားနိုင်သောကြောင့် သိသာထင်ရှားသော အချက်များဖြင့်သာ တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ အကြောင်းအရာပါ တပ်များ၊ လေတပ်သားများမှာ ဖုံးကွယ်မရသော သက်သေများဖြစ်ပါတယ်။ လွှတ်တော်မှာ တပ်မတော်သားကိုယ်စားလှယ်ဆိုပြီး တာဝန်ပေးအပ်ထားသော်လည်း စစ်အာဏာရှင်စနစ် သွယ်ဝိုက်အသက်သွင်းထားတဲ့ ကြံ့ဖွတ်အစိုးရအား ကျားကန်ပေးဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ တပ်မတော်အား အတိုက်အခံအဖွဲ့အစည်းများက တိုက်ခိုက် ဖြိုခွဲလာရင် ကန့်ကွက်ဆွေးနွေးဖို့ ဆိုတာဟာ အထိုက်အလျောက် မှန်ကန်ပေမဲ့ တပ်မတော်သားတွေရဲ့ ခံစားချက်ကို တင်ပြနိုင်ဖို့ လွှတ်တော်မှာ တပ်မတော်သား ကိုယ်စားလှယ်အဖြစ် တာဝန်ပေးအပ်ထားတာကိုတော့ မမေ့သင့်ပါဘူး။ ပြီးခဲ့တဲ့ လွှတ်တော်အစည်းအဝေးမှာ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးအဆိုကို တင်သွင်းကြရာမှာ မိမိတို့နဲ့ ဘ၀တူ လက်တွဲခဲ့တဲ့ ထောင်ကျနေသော တပ်မတော်သားများအား ပြန်လည်စေလွှတ်ပေးဖို့ ထောက်ခံဆွေးနွေးခဲ့ကြတဲ့ တပ်မတော်သား ကိုယ်စားလှယ်များအပေါ် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်အပ်ပါတယ်။ ဒါကြောင့် သိအပ်၊ ကြားအပ်သူများနှင့် တာဝန်ရှိသူ အဆင့်ဆင့်တို့ဟာ အထက်အကြီးအကဲ ဟူသော ခေါင်းဆောင်အင်္ဂါရပ်နှင့် ပြည့်စုံလိုပါက ယခုတင်ပြချက်များအား တပ်မတော်သားကိုယ်စားလှယ်များအနေနဲ့ လွှတ်တော်တွင်း ရောက်သည့်တိုင် ၀ိုင်းဝန်းကူညီ ဖြန့်ဝေပေးရင်း တပ်မတော်အတွင်း ပွင့်လင်းမြင်သာမှုရှိစေရေး ဆောင်ရွက်ပေးကြပါရန် တင်ပြအပ်ပါတယ်။

Last Updated ( Wednesday, 19 October 2011 09:11 )  

နောက်ဆုံးရသတင်းများ