ပင်မနေရာ မူဝါဒ/ဥပဒေ တပ်ပြုပြင်ပြောင်းလဲရေး စုပ်လည်းစူး...စားလည်းရူး - အပိုင်း (၅)

ပင်မနေရာ မူဝါဒ/ဥပဒေ တပ်ပြုပြင်ပြောင်းလဲရေး စုပ်လည်းစူး...စားလည်းရူး - အပိုင်း (၅)

စုပ်လည်းစူး...စားလည်းရူး - အပိုင်း (၅)

Print PDF
User Rating: / 3
PoorBest 

ဆောင်းပါးရှင် - ဝေဟင် (အပိုင်း (၄) ကို ဒီနေရာ တွင်နှိပ်၍ ပြန်လည်လေ့လာဖတ်ရှုနိုင်ပါသည်...)

အုပ်ချုပ်ရေး တပ်မှူးရဲ့ အခြားသော ထွက်ပေါက်အဖြစ် ငွေစာရင်း ခေါင်းစဉ်အောက်မှ ဖြစ်ပါတယ်။ ဖွတ်မိကျောင်းဖြစ်..မြစ်မချမ်းသာမှ တပ်မှူးကဲ့သို့ လုပ်ရဲပါက လုပ်နိုင်ခွင့်များ ရှိပါတယ်။ တပ်ပြေး မကြေငြာသေးဘဲ စစ်သည်များရဲ့လစာ၊ စရိတ်များ သုံးခြင်း၊ တပ်ပိုင်ဧရိယာ အတွင်းမှ စိုက်ပျိုးရေး လုပ်ငန်း မြေယာနှင့် သီးပင်စားပင် အကျိုးအမြတ်များအား လေတပ်စခန်း ဌာနချုပ်မှူးထံ အပြည့်အ၀ မတင်ဘဲ ချန်လှပ် သုံးစွဲခြင်းစသော တိုးထွက်နိုင်သမျှ အပေါက်များမှ တိုးထွက်ကြခြင်း နည်းလမ်းများကို ရှာကြံ ကျင့်သုံးနေကြပါတယ်။


ထိုသောအခါ အခြေအနေအရ ရသမျှ ကျုံးရသောအခါ လက်တဆုံးနှိုက်ကြရသောကြောင့် အမြီးကျက်အမြီးစား ခေါင်းကျက်ခေါင်းစား လုပ်ရပြီး၊ ဝေမျှမ စားနိုင်တော့ပါ။ အစကပင် အုပ်ချုပ်ရေး တပ်မှူးဟူသည် တရားဝင် စားသောက်ခွင့် ရထားသူဟူသော အမြင်ရှိကြပေရာ စုပ်ဆူး စားရူး ဘ၀မှန်ကို အမှန်အတိုင်း မသိကြသူများကြောင့် ရင်လည်းမဖွင့်ရဲ၊ ပြောလည်းပြောပြချင်ဖြင့် အတော်ကသိ ကအောက်ဖြစ်ကြရသည်ဟု ဆိုပါတယ်။

တပ်တွင်း ကိုယ်ထူကိုယ်ထ စိုက်ခင်းကို အရာရှိများမှ စစ်ဆေးနေစဉ်

သို့သော်လည်း တပ်ပြင်မှာမူးလဲသော စစ်သည်ကို သွားရောက် ခေါ်ယူရသည်မှသည် မူးယစ်ရမ်းကားလို့ ချုပ်ထားသော ရဲစခန်းမှ စစ်သည်အား သွားရွေးရသည်မှအစ
တပ်ရဲ့ အုပ်ချုပ်မှု ကိစ္စအ၀၀တွင် နေ့ရောညပါ တာဝန်ရှိနေသည်နှင့် တန်အောင် ရရှိခံစား ထိုက်သည်များကို အလိုအလျောက်ရော၊ တိုက်ခိုက်၍ပါ ရယူခြင်းသည် အုပ်ချုပ်ရေး တပ်မှူးတို့ရဲ့ သမိုင်းပေး တာဝန်ဖြစ်ပါသည်ဟု ဆိုပါတယ်။ ပုံမှန် လုပ်ဆောင်မှုများအပြင် တိုင်းကရော၊ ကက (လေ) ကပါ ခိုင်းသည့် မည်သို့မှ လေတပ်နှင့် အဆီအငေါ် မတည့်သော အုပ်ချုပ်မှု လုပ်ငန်းများ၊ ပြန်တမ်းများ၊ စည်း/ကော်၊ စည်း/ထိမ်း ကိစ္စများကြောင့် ခေါင်းခဲ ရသောဖြစ်ရပ်များ၊ ခွက်ပျောက် စစ်ဗိုလ်များ ကဲ့သို့သော ဇော်ကန့်လန့်များရဲ့ ပညာပေးမှု/ကန့်လန့် တိုက်မှုများ၊ ကျန်အုပ်မှူး/ တပ်မှူးများရဲ့ ပညာပြမှုများကြားဝယ် အုပ်ချုပ်ရေး တပ်မှူးများသည်လည်း တပ်မတော် (လေ) နှင့်အတူ အလဲလဲအကွဲကွဲ ပါဘဲဟု ရင်ဖွင့်သွားကြပါတော့တယ်။

 

စက်မှုလက်မှု တပ်မှူးများနဲ့ အုပ်မှူးများရဲ့ ရင်ဖွင့်သံများကို နောက်ပိုင်းမှာ ဆက်လက် တင်ဆက် ပေးသွားပါမယ်။ အခုတင်ပြပြီးသမျှမှာတော့ အောက်ခြေ အဆင့်မှာတင် မဟုတ်ဘဲ အလယ်အလတ် တပ်မှူး အဆင့်များမှာလည်း အဆင်မပြေမှုတွေဟာ အနေအထား အမျိုးမျိုးနဲ့ ရှိနေပြီး ဒီအခြေအနေတွေကို တပ်ချုပ်ကြီးသိရင် ဘာဆက်လုပ်မှာလည်းဆိုတာ သိချင်လှပါတယ်။


လေချုပ်ကြီး အနေနဲ့ ဗိုလ်ချုပ်ကြီး Officiating စားနေသလို မိမိရဲ့ သားသမီး လေတပ်သားတို့ရဲ့ အခြေအနေများကိုလည်း Junior တပ်ချုပ်ကြီး ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ထံ ရဲရဲဝံ့ဝံ့ တင်ပြ သင့်ပါတယ်။ အမှားတွေရှိခဲ့ရင်လည်း အမှန်ပြင်နိုင်ဖို့ အချိန်ကောင်းပါ။ ဦးသန်းရွှေတုန်းကလို ဖိန့်ဖိန့်တုန်အောင် မကြောက်လောက်တော့ဘူးလို့လည်း ထင်ပါတယ်။


တပ်မတော် (လေ) မှ အရာရှိအများစုဟာ လေသူရဲဆိုလည်း လေယာဉ်မောင်းနှင်မှုမှာသာ အာရုံစိုက်ပြီး၊ သီးခြား Secondary Duty ဖြစ်တဲ့ ကြက်ခြံ၊ ၀က်ခြံ၊ စိုက်ပျိုးရေး စသော တာဝန်များ၊ အုပ်ချုပ်ရေး တပ်နှင့် ဆက်နွယ်သော တပ်ရေး၊ ရိပ်သာ စသော တာဝန်များကို သီးခြား ပေးအပ် ခိုင်းစေ ခံရသူများမှ အပ စစ်သည်များ၊ မိသားစုများနဲ့ ရင်းနှီး ကျွမ်းဝင်မှု နည်းပါးပါတယ်။

 

စက်မှုလက်မှု အရာရှိများလောက်သာ လုပ်ငန်းသဘောအရ လေယာဉ်ပြင်ဆင် ထိန်းသိမ်းမှုကို အခြားအဆင့်များနှင့်အတူ ဆောင်ရွက်ရတာမို့ လေသူရဲအုပ်မှ စစ်သည်များနဲ့ လက်ပွန်းတတီးရှိပြီး လေတပ်သားတို့ရဲ့ တချို့သော ဘ၀မှန်များကို သိရှိခွင့်ကြုံကြပါတယ်။


အုပ်/တပ် အသီးသီးမှာ စစ်သည်မိသားစုများနဲ့ ရင်းနှီးကျွမ်းဝင်စွာ နေထိုင်ဆက်ဆံကာ အခက်အခဲ အခြေအနေ များစွာကို ဗိုလ်/ဗိုလ်ကြီးဘ၀၊ ဗိုလ်မှူး ဘ၀တွေမှာ နားလည် စာနာပေးခဲ့ကြပြီး၊ တချိန်မှာ အုပ်မှူး တပ်မှူးတွေ ဖြစ်လာချိန်မှာ ယခင့်ယခင် အုပ်မှူး/ တပ်မှူးများရဲ့ အားနည်းချက်၊ လိုအပ်ချက်တွေကို ပြင်ဆင်ဆောင်ရွက် ပေးကြမယ်လို့ ထင်မှတ်ထားခဲ့ကြသူတွေ အများကြီး ရှိခဲ့ကြပါတယ်။


တကယ်တမ်း ယာယီဒုဗိုလ်မှူးကြီးတွေ ဖြစ်လာချိန်မှာတော့ ဒါကတော့ လုပ်ပေးသင့်ပေမယ့် ထောက်ထားစရာ၊ ရယူစရာ၊ ပေးဆပ်စရာ ဆိုတဲ့ တွေးတောချန်လှပ် လျစ်လျူရှုစရာ အချက်ပေါင်းများစွာကို စဉ်းစားကြရရင်း၊ ယခင်နောင်တော် တပ်မှူးများရဲ့ လမ်းစဉ်အတိုင်းသာ ဆက်လျှောက်ကြရတာတွေ ဖြစ်လာရပါတယ်။ ကကကြည်းမှ စီစဉ်တဲ့ ရာထူးတိုးမြှင့်ရေးအတွက် အထူး  ၂ ပတ် သင်တန်းက ဘာတွေဘဲ လမ်းညွှန်သြ၀ါဒတွေ ပေးလိုက်သည်ဖြစ်စေ၊ ယခင် ဗိုလ်မှူး ဘ၀နဲ့ ဘာမှ မဆိုင်တော့သော ပိကက်ဦးထုပ်ပေါ်က ရွှေခြည်ထိုးရှာမှစလို့၊ Commander ဆိုသော အုပ်ချုပ်မှု အာဏာ၊ ယာဉ်/အိမ် စသော အဆောင်အယောင်တွေရဲ့ လွှမ်းမိုးမှု အောက်မှာ အရာရှိငယ်ဘ၀က နားလည် စာနာမှုတွေဟာ အရောင်မှေးမှိန် ပျောက်ကွယ်ခဲ့ရတာ ဘ၀မေ့သွားကြတာ အမှန်ဖြစ်ပါတယ်။


ကိုယ့်ကိုကိုယ် ညှာညှာတာတာ စဉ်းစားမိတာကတော့ အုပ်ချုပ်သူရဲ့ အမြင်နဲ့ အုပ်ချုပ်ခံရဲ့ အမြင်တွေဟာ မတူနိုင်သလို၊ Managament Level မှာ အထက်က ချမှတ်တဲ့ Policy အတိုင်း လက်အောက်ကို စီမံခန့်ခွဲရမှာဘဲ ဆိုတဲ့ အတွေးတွေဘဲ လွှမ်းမိုးလာခဲ့ကြပါတယ်။ အရာရှိငယ်ဘ၀က အတွေးအမြင်တွေဟာ မရင့်ကျက်ပဲ၊ အဆိုးမြင် Negative View အတွေးတွေ ဖြစ်သလိုတောင် ထင်မြင်လာသူတွေ ဖြစ်လာပါတော့တယ်။

အပိုင်း (၆) ကို ဆက်လက်ဖော်ပြသွားပါမည်...

Last Updated ( Monday, 07 November 2011 09:37 )  

နောက်ဆုံးရသတင်းများ