How do I apply payday loan Your Finances are your own Business
ပင်မနေရာ မူဝါဒ/ဥပဒေ တပ်ပြုပြင်ပြောင်းလဲရေး သံတူကြောင်းကွဲ မြန်မာ့နိုင်ငံရေး - အပိုင်း(၁)

ပင်မနေရာ မူဝါဒ/ဥပဒေ တပ်ပြုပြင်ပြောင်းလဲရေး သံတူကြောင်းကွဲ မြန်မာ့နိုင်ငံရေး - အပိုင်း(၁)

သံတူကြောင်းကွဲ မြန်မာ့နိုင်ငံရေး - အပိုင်း(၁)

Print PDF
User Rating: / 1
PoorBest 

အမျိုးသား ညီလာခံ ကျင်းပရေး ကော်မရှင် ဓါတ်ပုံ

ဆောင်းပါးရှင် - ဗိုလ်ရဲထက် 

မြန်မာ့နိုင်ငံရေး တိုးတက်ဖြစ်ထွန်း ပြောင်းလဲလာပါသည်ဟု ယခုအခါ နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ပြည်သူများက ခံစားပျော်ရွှင်နေကြသော အချိန်အခါတွင် ယခုကဲ့သို့ မိမိပြောဆိုခြင်းနှင့် ပတ်သက်ပြီး အဆိုးမြင်ဝါဒီ တစ်ယောက်ကဲ့သို့ မြင်နိုင်ဖွယ် ရှိသည်ကို နားလည်ပါသည်။ သို့သော်လည်း မိမိတို့ စာရေးဆရာ ဟူသည်မှာ မိမိမြင်သည့် အမြင်များနှင့် သိရှိထားသည်တို့ကို စာဖတ်သူ ပရိတ်သတ်များထံသို့ တင်ပြကြရခြင်းသည် တာဝန်တရပ် ဖြစ်ပေသည်။

ဆောင်းပါးခေါင်းစဉ်ကို အဘယ်ကြောင့် သံတူကြောင်းကွဲ မြန်မာ့နိုင်ငံရေးဟု တင်ထားသနည်း။ လက်ရှိ မြန်မာ့နိုင်ငံရေးသည် အခြေအနေ အချိန်အခါများသာ ပြောင်းလဲ သွားသော်လည်း သွားနေသည့်လမ်းသည် ယခင်နဝတ အစိုးရလက်ထက်က ကျင့်သုံးခဲ့သည့် နည်းလမ်းဟောင်းပုံစံ ဖြစ်နေသောကြောင့်ပင်ဖြစ်သည်။

အဘယ်ကဲ့သို့ တူညီပါသနည်းဟု မေးသော် ဖြစ်စဉ်များကို နှိုင်းယှဉ် သုံးသပ်ကြည့်ရာဝယ်……… ၁၉၉၀ ခုနှစ်က ရွေးကောက်ပွဲ ပြုလုပ်ပေးသည်။ တဖက်မှ တစည ပါတီကို အမာခံပါတီ အနေဖြင့် ပါဝင်စေခဲ့သော်လည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ အပြတ်အသတ်ဖြင့် အနိုင်ရခဲ့သည်။ သို့သော်လည်း အကြောင်း အမျိုးမျိုးပြကာ အာဏာလွှဲပြောင်းပေးခြင်း မပြုခဲ့ဘဲ ၁၉၉၃ ခုနှစ်တွင် National Convension (အမျိုးသားညီလာခံ) ကို ခေါ်ယူကျင်းပခဲ့သည်။ ထိုသို့ ခေါ်ယူကျင်းပရန်အတွက် နဝတ အစိုးရဘက်မှ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအား ငြိမ်းချမ်းရေး ကမ်းလှမ်းကာ အာဏာရှင်စိတ်ကြိုက် နားလှည့်ပါးရိုက် ပြုလုပ်ခဲ့ကြသည်။

တပိုင်းတစ ခွဲထွက်အဖွဲ့များကို လူမျိုးစု ကိုယ်စားလှယ်များအဖြစ် တင်မြှောက်ပြီး ယင်းတို့စိတ်ကြိုက် ပြုလုပ်ခဲ့ကြသည်။ ထိုမှ ၁၉၉၅ ခုနှစ်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ အမျိုးသားညီလာခံကို ဆက်လက် တက်ရောက်ခြင်း မရှိသည်မှ အစပြုကာ ရပ်နားထားပြီး ၂၀၀၃ ခုနှစ်တွင် ပြန်လည်ကျင်းပခဲ့ကာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို တဖက်သတ် အတည်ပြု ပြဋ္ဌာန်းခဲ့ကြသည်။ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကို ယင်း ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေအရ ကျင်းပပြုလုပ်ခဲ့ကြပြီး ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ကဲ့သို့ မဟုတ်ဘဲ ယင်းတို့၏ အမာခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အပြတ်အသတ် အနိုင်ရရှိအောင် နည်းလမ်းပေါင်းစုံဖြင့် စနစ်တကျ ပြုလုပ်ခဲ့ကြသည်။

NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်အား လှုပ်ရှားခွင့်မပေးပဲ ကြံ့ဖွံ့အနိုင်ရရှိရေးအတွက် စီစဉ်ထားသောကြောင့် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲနဲ့ မတူခြင်းဖြစ်ပါသည်။ တစ်ယောက်ထဲပြေးတာ ပထမ ဆိုသလို မျက်နှာပြောင်တိုက်ခဲ့ကြသည်။ ထိုမှ ရှေးယခင်အတိုင်း တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် ငြိမ်းချမ်းရေးစကား ကမ်းလှမ်းပြီး National Convension (အမျိုးသားညီလာခံ) တစ်ခုကို ထပ်မံကျင်းပရန် ပြင်ဆင်နေပြန်သည်။ ဤဖြစ်စဉ်နှစ်ခုတွင် မိမိတို့ မြင်နိုင်သည်မှာ နောက်ခံကားချပ်အနေဖြင့် စစ်အစိုးရ အုပ်ချုပ်မှုနောက်ခံနှင့် ဒီမိုကရေစီအမည်ခံ အရပ်သား လွှတ်တော်အစိုးရတရပ် ဖြစ်နေသည်။

ယခင်က နိုင်ငံရေးအရ တင်းကြပ်ထားပြီး ယခုအခါ နိုင်ငံရေးအရ လွတ်လပ်မှုအချို့ကို ပေးထားသည်။ သို့သော်လည်း လွတ်လပ်ပြီဟု ပြော၍ကား မရသေးသော အခြေအနေဖြစ်သည်။ နိုင်ငံရေးအကျဉ်းသားအချို့ ကျန်ရှိနေသေးခြင်း၊ တပ်တွင်းမှ အခြေအနေမှန်များကို ဖော်ထုတ် ရေးသားနေသူ လေတပ်မှ အရာရှိသုံးဦးအား နှစ်ရှည်ထောင်ဒဏ် ချမှတ်ခြင်းနှင့် အခြားအခြားသော အကြောင်းအရာ များစွာတို့သည်လည်း ဖြစ်ပျက်နေဆဲပင် ဖြစ်ပါသည်။

နောက်ခံအခြေအနေ ပြောင်းလဲသော်လည်း သွားနေသည့် လမ်းကြောင်းများမှာတော့ ထူးမခြားနား ဖြစ်နေသည်ကို တွေ့ရှိနေပါသည်။ ဤတွင် မိမိတို့အနေဖြင့် မေးစရာ မေးခွန်းတစ်ခု ပေါ်လာပါသည်။ ယင်းကား မိမိတို့ တိုင်းပြည်အတွက် တောင်းဆိုခဲ့ကြသည်မှာ အဘယ်နည်း။ ဦးနေဝင်းလက်ထက် အာဏာသိမ်းခံခဲ့ရစဉ် ကတည်းက မိမိတို့ တောင်းဆိုခဲ့ကြသည့် နိုင်ငံရေးရည်မှန်းချက်သည် ဒီမိုကရေစီလော၊ ဖက်ဒရယ်လော။ ယခုမူ ဒီမိုကရေစီအစိုးရ ဖြစ်သွားသည်ဆိုသည်နှင့်ပင် မိမိတို့မှာ ရည်မှန်းချက် ရောက်သကဲ့သို့ ဖြစ်နေကြပါသည်။

ဒီမိုကရေစီ ဖြစ်တိုင်း ဖက်ဒရယ်ကို လက်ခံကျင့်သုံးရန် အလေးသာမည်လော။ ဤသည်ကို သမိုင်းနမူနာ ကြည့်မည်ဆိုလျှင် ၁၉၆၁ ခုနှစ်တွင် ရှမ်းပြည်နယ် စော်ဘွားများမှ တင်သွင်းသော ၁၉၄၇ ခုနှစ် အခြေခံဥပဒေ ပြင်ဆင်ရေးမူ သို့မဟုတ် တောင်ကြီးမူကိစ္စတွင်ပင် ဗိုလ်ချုပ်နေဝင်း ဦးဆောင်သော စစ်တပ်က လက်မခံဘဲ ၁၉၆၂ ခုနှစ် တွင် အာဏာသိမ်းကာ ဘီလူးက ကပြခဲ့ပါသည်။ ယခု ၂၀၀၈ အခြေခံဥပဒေတွင်ကား ဘီလူးက ကပြရန် မလိုသလောက် ပြီးပြည့်စုံနေပါသည်။

အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်အရ ပြည်ထောင်စုအတွက် အန္တရာယ်ရှိနိုင်သည် ဆိုသည်နှင့်ပင် စစ်တပ်က အာဏာသိမ်းနိုင်ခွင့် အပြည့်အဝ ရရှိထားပြီး ဖြစ်ပါသည်။ဤအခြေအနေမျိုးတွင် မိမိတို့တိုင်းရင်းသား ကိုယ်စားလှယ်များ မည်သို့ တောင်းဆိုကြမည်နည်း။

အပိုင်း(၂) တွင် ဆက်လက်ဖော်ပြသွားပါမည်….

Last Updated ( Friday, 05 April 2013 00:06 )  

နောက်ဆုံးရသတင်းများ

နောက်ဆုံးရဆောင်းပါးများ