How do I apply payday loan Your Finances are your own Business
ပင်မနေရာ မူဝါဒ/ဥပဒေ တပ်ပြုပြင်ပြောင်းလဲရေး ဒေါ်အောင်ဆန်းစုကြည်ကို လေးစားဂုဏ်ပြုသော အစီအစဉ်

ပင်မနေရာ မူဝါဒ/ဥပဒေ တပ်ပြုပြင်ပြောင်းလဲရေး ဒေါ်အောင်ဆန်းစုကြည်ကို လေးစားဂုဏ်ပြုသော အစီအစဉ်

ဒေါ်အောင်ဆန်းစုကြည်ကို လေးစားဂုဏ်ပြုသော အစီအစဉ်

Print PDF
User Rating: / 4
PoorBest 

????????????????????? ???????????????????????????? ????????

အယ်ဒီတာအဖွဲ့ တင်ပြချက် ။ ။ မေလ (၂) ရက်နေ့က လွှတ်တော်တွင် ကျမ်းကျိန်သွားသော ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုံးဖြတ်ချက်အား ပြည်တွင်းမှ မျိုးချစ် တပ်မတော်သားများက လေးစားကြိုဆိုပါကြောင်း တင်ပြလာပါတယ်။ တပ်မတော်သားများနဲ့ ဒေါ်အောင်ဆန်းစုကြည် ပိုမိုနီးစပ် ထိတွေ့နိုင်ရေးအတွက်၎င်း၊ တပ်မတော်သားများက ဒေါ်အောင်ဆန်းစုကြည်ကို အထင်အမြင် လွဲနိုင်ရန် ယခင် စစ်အာဏာရှင် ဗိုလ်ချူပ်များ သွေးထိုးခဲ့ရာ မဟုတ်မမှန် ဖြစ်သည်ကို သက်သေပြလို၍၎င်း ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုသောအားဖြင့် တပ်မတော်နဲ့ စပ်လျဉ်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားများအား ထင်ဟပ်စေမည့် တပ်မတော်ဆိုင်ရာ မိန့်ခွန်းကောက်နုတ်ချက်များအား အပတ်စဉ် တင်ပြသွားမှာ ဖြစ်ပါတယ်။ လေ့လာသုံးသပ်ရင်း စည်းလုံးညီညွတ်စွာဖြင့် အမိမြန်မာပြည်ကြီး တိုးတက်သာယာရေးအတွက် မှန်ကန်သော ပြုပြင်ပြောင်းလဲရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ကြပါစေ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ တပ်မတော်ဆိုင်ရာ မိန့်ခွန်းများ ကောက်နုတ်ချက်

သတင်းစာရှင်းလင်းပွဲ အမှတ် - ၃

ရန်ကုန်မြို့၌ (၂၆ - ၃ - ၁၉၈၉) ရက်နေ့တွင်ပြောကြားခဲ့သည်။

နိုင်ငံတော်ကိုဆန့်ကျင် တပ်မတော်ကိုဆန့်ကျင် ဟောပြောနေတယ်၊ ဆူပူမှုဖြစ်စေရန် ဖန်တီးနေတယ်တဲ့။ ကျမတို့ မဖန်တီးပါဘူး။ ကျမတပ်မတော်အကြောင်းနဲ့ ပတ်သက်လို့ ဘယ်တော့မှ ဟိုတနေရာတမျိုး၊ ဒီတနေရာတမျိုး မပြောပါဘူး။ အမိန့်အမှတ် ၈/၈၈ အရ တပ်မတော်ပြိုကွဲရေး၊ တပ်မတော်နဲ့ပြည်သူ စိတ်ဝမ်းကွဲရေးအတွက် ဆိုတာ ကျမ တခါမှ မလုပ်ခဲ့ဘူး၊ ကျမ အမြဲပဲ ပြောတယ်။ နိုင်ငံရေးပါတီတွေ ဖက်ကသာ လုပ်နိုင်တာ မဟုတ်ပါဘူး။ တပ်မတော်ဖက်ကလည်း လုပ်နိုင်တယ်။ တပ်မတော်ဖက်က လုပ်ပုံ ကိုင်ပုံ မမှန်ကန်လို့ရှိရင် ပြောပုံ၊ ဆိုပုံ၊ နေပုံ၊ ထိုင်ပုံ မမှန်လို့ရှိရင်လည်း ပြည်သူလူထုနဲ့ တပ်မတော်ကြားမှာ သိပ်စိတ်ဝမ်းကွဲနိုင်ပါတယ်။ ကျမ အတန်တန် ပြောပါတယ်။ တပ်မတော် ပြိုကွဲရေးကို မလိုလားပါဘူး။ တပ်မတော် တည်တံ့ခိုင်မြဲမှသာ နိုင်ငံတော် တည်တံ့ခိုင်မြဲမယ်ဆိုတာ ကျမတို့ လက်ခံပြီးသားပါ။ တပ်မတော်နဲ့ ပြည်သူကြားမှာ စိတ်ဝမ်းကွဲရေးကို မလိုလားပါဘူး။ တပ်မတော်နဲ့ ပြည်သူကြားမှာ စိတ်ဝမ်းကွဲနေလို့သာ ကျမတို့တိုင်းပြည် ဒီလောက်တောင် ဒုက္ခရောက်နေတာပါ။ ဒါကြောင့်မို့လို့ ကျမအတန်တန် ပြောပါတယ်။ တပ်မတော်ရဲ့ အာဏာကို အလွဲသုံးစားလုပ်တဲ့ သူများသာလျင် ပြည်သူနဲ့ တပ်မတော်ကြားမှာ စိတ်ဝမ်းကွဲအောင် လုပ်နေသူတွေပဲ။ ကျမတို့အနေနဲ့ တစ်ခါမှ တပ်မတော်နဲ့ ပြည်သူကြားမှာ စိတ်ဝမ်းကွဲအောင် မလုပ်ခဲ့ပါဘူး။ အခုဆိုလို့ရှိရင် တပ်မတော်ထဲမှာ ကျမတို့အဖွဲ့ချူပ်နဲ့ ပတ်သက်လို့ မူဝါဒဖြန့်ချီရေးတွေ အမျိုးမျိုး လုပ်နေတယ်ဆိုတာ ကျမတို့ကြားရပါတယ်။ ဒါတွေက လျှို့ဝှက်တဲ့ကိစ္စ မဟုတ်ပါဘူး။ နဝတ အတွင်းရေးမှူး (၂) ဖြစ်တဲ့ ဗိုလ်မှူးချူပ်တင်ဦးဟာ အစည်းအဝေးပွဲတွေမှာ ကျမတို့ကို ရှုတ်ချနေတယ်ဆိုတာ ကြားရပါတယ်။ ဒီဟာ နဝတအရာရှိ တစ်ဦးအနေနဲ့ လုပ်သင့်တဲ့ကိစ္စ မဟုတ်ပါဘူး။ နဝတ တည်ထောင်ကတည်းက “ကြား” နေပါ့မယ်၊ အရောင်ဆိုးထားခြင်း မရှိပါဘူး၊ ဘယ်နိုင်ငံရေးပါတီ အဖွဲ့ကမှ မပါပါဘူးလို့ ပြောခဲ့ပြီးတော့ နဝတ အတွင်းရေးမှူး (၂) က ဒီလို ကျမတို့ကို ထိပါးပြောဆိုနေခြင်းဟာ အင်မတန်မှ အပြောနဲ့အလုပ် မညီတဲ့ကိစ္စ တစ်ခုဖြစ်ပါတယ်။ ကျမတို့ အဖွဲ့ချူပ်ကို ဘာဖြစ်လို့ တိုက်နေတာလည်း ဒါမေးစရာဘဲ။ အဖွဲ့ချူပ်နဲ့ တပ်မတော်ကြားမှာ စိတ်ဝမ်းကွဲအောင်လို့ တပ်မတော်အတွင်းမှာ ဝါဒဖြန့်ချီနေတယ် ဆိုတာလည်း ကျမတို့ ကြားရတယ်။ အစည်းအဝေးတွေ ခေါ်ပြီးတော့ တပ်သားတွေကို ကျမတို့အဖွဲ့ချူပ်က ဘယ်သို့ဘယ်ညာ ဆိုပြီးတော့ လုပ်နေတာဟာ စောစောကပြောသလို နဝတ အတွင်းရေးမှူး (၂) ဗိုလ်မှူးချူပ်တင်ဦး ပြောနေတာ၊ ဆိုနေတာနဲ့ တသဘောထဲပဲ။ ဒါဟာ တမင်သက်သက် အဖွဲ့ချူပ်နဲ့ တပ်မတော်ကြားမှာ စိတ်ဝမ်းကွဲအောင် လုပ်တာပဲ။ တပ်မတော်သားများက အဖွဲ့ချူပ်ကို ရန်သူအနေနဲ့ မြင်အောင်လုပ်တာပဲ။ တပ်မတော်သားများက ဒီမိုကရေစီလိုလားတဲ့ ပြည်သူလူထုကို ရန်သူအနေနဲ့ မြင်အောင်လုပ်တယ်။ ဒီလိုပဲ ကျမတို့မြင်ပါတယ်။ ဒါပေမဲ့လည်း ပြောတဲ့အတိုင်းပဲ လုပ်ကြပါလို့ ကျမက မေတ္တာ ရပ်ခံချင်ပါတယ်။ တပ်မတော်ကြတော့ တမျိုး၊ ပြည်သူလူထုကြတော့ တမျိုး ဆိုပြီးတော့ တရားဥပဒေကို သုံးတယ်ဆိုလို့ ရှိရင်တော့ တပ်မတော်နဲ့ ပြည်သူကြားမှာ စိတ်ဝမ်းကွဲပြီပေါ့။ ဒီတော့ ဘယ်သူက စိတ်ဝမ်းကွဲအောင် လုပ်နေတာလဲ။ ကျမတို့ မဟုတ်ပါဘူး။ တပ်မတော်ထဲမှာ အေးအေးချမ်းချမ်း ချီတက်တယ်ဆိုရင် ချီတက်ပါစေ။ တပ်မတော်နေ့အတွက် စိုးရိမ်လို့လား။ တပ်မတော်နေ့အတွက် စိုးရိမ်တယ်ဆိုရင် ကျမတို့နဲ့ ဆွေးနွေးနိုင်ပါတယ်။ တပ်မတော်နေ့ ပျက်စီးရာ ပျက်စီးကြောင်း ဘယ်လိုမလုပ်ချင်ဘူးဆိုတာ ပြောပါ။ ကျမတို့ဆွေးနွေးဖို့ အဆင်သင့်ပါပဲ။ ကျမတို့အနေနဲ့ ကျောင်းသားလူငယ်များကို အများကြီး ထိန်းပါတယ်။ ကျမတို့ အဖွဲ့ချူပ်လူငယ်များကို တပ်မတော်နေ့မှာ စီတန်း လမ်းလျှောက်တာတို့ ဆန္ဒပြတာတို့ မလုပ်ရဘူးဆိုတာ ကျမတို့ ပြောပြီးသားပါ။ ဒီတပ်မတော်နေ့ကို တပ်မတော်နေ့အနေနဲ့ လက်မခံဘူးဆိုရင် ဘယ်သူမှ မသွားကြနဲ့။ ဘယ်သူမှ ထွက်မကြည့်ကြနဲ့။ အဲဒီလိုနည်းနဲ့ သပိတ်မှောက်ရင် မှောက်ကြပေါ့။ ကျမတို့ ပြောပြီးသားပါ။ ကျမတို့အနေနဲ့ မတ်လ (၂၇) ရက်နေ့ကို တော်လှန်ရေးနေ့အနေနဲ့ လက်ခံတယ်ဆိုတာ ကျမတို့ ပြောပြီးသားပါ။ ဒါပြည်သူလူထုရဲ့ တော်လှန်ရေးနေ့ပါ။ ၁၉၄၅ ခုနှစ်တုန်းက မြန်မာနိုင်ငံဟာ ပြည်သူလူထုက အားလုံးအုံကြွလာပြီးတော့ ဖက်ဆစ်ဝါဒကို မလိုချင်လို့ တော်လှန်ရေးကို စတင်ခဲ့တဲ့နေ့ ဖြစ်ပါတယ်။ ကျမတို့ အဖွဲ့ချူပ်အနေနဲ့ (၂၇) ရက် မတ်လဟာ တော်လှန်ရေးနေ့လို့ လက်ခံပါတယ်။ တော်လှန်ရေးနေ့ အနေနဲ့ ဖေဖေက အသိအမှတ် ပြုခဲ့ပါတယ်။ ကျမလည်း တော်လှန်ရေးနေ့ အနေနဲ့ပဲ ဆက်ပြီးတော့ အသိအမှတ်ပြုပါတယ်၊ ကျမတို့ အဖွဲ့ချူပ်ကလည်း ဒီအတိုင်းပဲ။ ပြည်သူလူထုကလည်း ပြည်သူလူထုကို နှိပ်စက်တဲ့ ဖက်ဆစ်ဝါဒကို တော်လှန်တဲ့နေ့အဖြစ် အသိအမှတ်ပြုပါတယ်။ ကျမတို့ အနေနဲ့ အားလုံးကို ပြေပြေလည်လည် ဖြစ်စေချင်တယ်။ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်စေချင်တယ်။ နဝတနဲ့ ညှိနှိုင်းတိုင်ပင်ရမလား။ ညှိနှိုင်းတိုင်ပင်မယ်။ တပ်မတော်နဲ့ ဆွေးနွေးရမလား။ ဆွေးနွေးမယ်။ အဆင်သင့်ပဲဆိုတာ ကျမထပ်တလဲလဲ ပြောပါတယ်။

Last Updated ( Friday, 05 April 2013 00:02 )  

နောက်ဆုံးရသတင်းများ

နောက်ဆုံးရဆောင်းပါးများ