How do I apply payday loan Your Finances are your own Business
ပင်မနေရာ မူဝါဒ/ဥပဒေ တပ်ပြုပြင်ပြောင်းလဲရေး သံတူကြောင်းကွဲ မြန်မာ့နိုင်ငံရေး - အပိုင်း(၂)

ပင်မနေရာ မူဝါဒ/ဥပဒေ တပ်ပြုပြင်ပြောင်းလဲရေး သံတူကြောင်းကွဲ မြန်မာ့နိုင်ငံရေး - အပိုင်း(၂)

သံတူကြောင်းကွဲ မြန်မာ့နိုင်ငံရေး - အပိုင်း(၂)

Print PDF
User Rating: / 0
PoorBest 

KNU နှင့် ငြိမ်းချမ်းရေး ဆွေးနွေးနေစဉ်

ဆောင်းပါးရှင် - ဗိုလ်ရဲထက်( အပိုင်း (၁) ကို ဒီနေရာ တွင်နှိပ်၍ ပြန်လည်လေ့လာဖတ်ရှုနိုင်ပါသည်...)

လက်ရှိ အပစ်ရပ် ငြိမ်းချမ်းရေး စကားဝိုင်းများတွင်ပင် လောလောဆယ် အပစ်ရပ်ရေးသည်သာ ပဓာန၊ နောက်ပိုင်းအတွက် အမျိုးသားညီလာခံတစ်ခု ခေါ်ယူကျင်းပပေးမည် ဟူ၍သာ လက်ရှိ အစိုးရဘက်မှ ပြောကြားနေပါသည်။ ဤသည်ကို မိမိထက် ဝါရင့်သဘာရင့် ပုဂ္ဂိုလ်များ သတိပြုမိ ကြပေလိမ့်မည်။ သို့သော်လည်း ပညာရှိသတိဖြစ်ခဲ ဆိုသည့် မြန်မာစကားပုံ တစ်ခုကဲ့သို့ သမိုင်းနောက်ပြန် လှည့်သွားမည်ကို မိမိအနေဖြင့် စိုးရိမ်လှပါသည်။ နောက်ကြောင်း ပြန်မလှည့်ပါဟု လက်ရှိအစိုးရအဖွဲ့မှ အာမခံထားပါသည်။ သို့သော်လည်း မည်သို့ အာမခံနိုင်မည်နည်း။ ဤသည်မှာ တိုင်းရင်းသား ပြည်သူအားလုံး၏ အရေးကိစ္စနှင့် တိုင်းပြည်ကိစ္စ ဖြစ်ပါသည်။ နိုင်ငံရေးအရ ပွင့်လင်း မြင်သာမှုများရှိသည် ဒီမိုကရေစီဖြစ်ပြီ ဆိုသည်နှင့်ပင် မိမိတို့အနေဖြင့် ဦးတည်ချက် မရောက်ရှိသေးသည်ကို နိုင်ငံသူ နိုင်ငံသားတိုင်း သိရှိထားရန် လိုအပ်လှပါသည်။

မိမိတို့သွားမည့် လမ်းကြောင်းသည် ဖက်ဒရယ်မူ တနည်း ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့် ရရှိရန် ဖြစ်ပါသည်။ ဤအတွက် လက်ရှိ အစိုးရခေါင်းဆောင်ပိုင်းနှင့် တပ်မတော်အသိုင်းအဝိုင်းမှ မည်မျှထိ နားလည် လက်ခံပေးထားသနည်း။ ပြည်သူပြည်သား အများစုကကော ဖက်ဒရယ်ကို မည်မျှ နားလည် လက်ခံထားသနည်း ဆိုသည့် မေးခွန်းကို ထုတ်ရန် လိုအပ်လာပါသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပါလီမန်သို့ (၄၃) နေရာ ဝင်ရောက်နိုင်သည် ဆိုသည်နှင့် ယင်းပြဿနာများကို မည်မျှ ဖြေရှင်းနိုင်မည်နည်း။ မိမိအမြင်ကို ပြောရလျှင်မှု အမှန်တကယ်သာ လက်ရှိ အစိုးရအနေဖြင့် ပြုပြင်ပြောင်းလဲရေးကို လိုလားသည်ဆိုလျှင် ယခုကဲ့သို့ အပစ်ရပ်ရန် လုပ်နေရုံမျှဖြင့် မပြီးစီးပါ။ ထို့ပြင် လက်ရှိငြိမ်းချမ်းရေး ကိုယ်စားလှယ်များကို ပြောသကဲ့သို့ နောက်မှ ပြောကြတာပေါ့ ဆိုသော စကားလုံးများ ပြောနေရန် မလိုပါ။ ထို့ပြင် အဖွဲ့အစည်းများကိုလည်း ယင်းတို့စိတ်ကြိုက် အဖွဲ့ကိုသာ တွေ့ဆုံရန် မလိုအပ်ပါ။

ယာယီအားဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အစိုးရတပ်များကို အပစ်အခတ်ရပ်စဲရန် တရားဝင် ကြေငြာချက်ထုတ်ကာ ဖယ်ဒရယ်မူအတွက် သက်ဆိုင်ရာ တိုင်းရင်းသားများ ရေးဆွဲထားသော ဖယ်ဒရယ်မူကို တင်သွင်းခြင်း၊ ပြည်ထောင်စုအဆင့် နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲခြင်း၊ ပြည်နယ်လိုက် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေများ တင်သွင်းခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းများအတွက် ကော်မတီဖွဲ့ကာ ဆောင်ရွက်စေရပါမည်။ မိမိစိုးရိမ်သည်မှာ အမှန်တကယ် အင်အားကြီးသူများအား သိမ်းသွင်းနည်းဖြင့် အတွင်းသို့ ခေါ်ယူထားပြီး နောက်ဆုံး တိုင်းရင်းသားတွေ ကိုယ်တိုင်က လက်ခံလိုက်ရပါတယ် ဆိုသည့်ပုံစံမျိုး လုပ်သွားမည်ကို စိုးရိမ်ပါသည်။ ထိုသို့ လုပ်လိမ့်မည်ဟုလည်း စိတ်တွင်ထင်နေပါသည်။ ဤသို့ဖြစ်လာမည် မဖြစ်လာမည်ကိုတော့ မိမိဆရာသမားတစ်ဦး၏ ပြောစကားအတိုင်း ငွေရောင်ပိတ်ကားပေါ်တွင် ဆက်လက် ရှုစားရမည်သာ။ မိမိအနေဖြင့် အဓိက ပြောကြားလိုသည်မှာ မိမိတို့ပန်းတိုင်သည် ဖယ်ဒရယ်ပြည်ထောင်စု တည်ထောင်ရန် ဖြစ်ပါသည်။ ယင်း ပြည်ထောင်စု စနစ်အပေါ်တွင် ဒီမိုကရေစီ ထွန်းကားရန် ဖြစ်ပါသည်။

ယခုကဲ့သို့သော ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် ထာဝရငြိမ်းချမ်းရေးကို ပြီးပြည့်စုံအောင် မတည်ဆောက်နိုင်သေးပါ။ အချိန်မရွေး ထပေါက်ကွဲနိုင်သော အခြေအနေ ဖြစ်ပါသည်။ ထို့ပြင် မိမိတို့ ဦးတည်ချက် ရည်မှန်းချက်ကိုလည်း မပျောက်ပျက်စေလိုပါ။ မှုန်ဝါးမသွားစေလိုပါ။ တဖက်အပေါ် အလွန် ယုံကြည်မိလျှင် တပ်ဦးကျွံသွားလျှင် မိမိတို့ နစ်နာမည်ကို တွေးမိစေလိုပါသည်။ ယခုအခြေအနေများသည် ယုံကြည် စိတ်ချလောက်သည့် အနေအထားတွင် မရှိသေးသည်ကို တွေ့ရပါသည်။ ထို့ပြင် မိမိတွေးမြင်မိသည် တစ်ခုက တချက်ခုတ် နှစ်ချက်ပြတ် နိုင်ငံရေးကစားကွက်ကို နင်းမည်ဟုလည်း မြင်နေမိပါသည်။ အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို လွှတ်တော်တွင်းသို့ တမင် နေရာပေးပြီး တိုင်းရင်းသားများနှင့်လည်း ငြိမ်းချမ်းရေး စကားပြောကာ အမျိုးသားညီလာခံကို ခေါ်ယူကျင်းပစေပါမည်။

ဤတွင် တိုင်းရင်းသားများကတော့ သေချာသည်က ဖက်ဒရယ်ကိစ္စကို တင်ပြကြမည်သာ ဖြစ်သည်။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည်က မည်သို့မျှ လုပ်ဆောင်ပေးနိုင်ခြင်း မရှိဘဲ ဇာတ်မျောနေပါက ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် နိုင်ငံရေး သေသွားနိုင်ပါသည်။ ထို့ပြင် တဖက်တွင်လည်း ဖက်ဒရယ် မရသဖြင့် တိုင်းရင်းသားများကလည်း မကျေမလည်ဖြင့် ပြန်လည် လက်နက်ကိုင် တိုက်ခိုက်နိုင်ပါသည်။ ဤသို့သော အခြေအနေမျိုးတွင် နိုင်ငံတကာ မျက်နှာပန်းလှရန် စီမံသမျှ ငြိမ်ခံကြမည်လား ထိုသို့ဖြစ်လာလျှင် တိုင်းပြည် ပိုမိုဆင်းရဲ ဆိုးဝါးမည် စသဖြင့် ခြောက်လုံးဖိလုံးများဖြင့် ဖိအားပေးပြီး ယင်းတို့စိတ်ကြိုက် စီမံကြလျှင်တော့ဖြင့် ……… သံတူကြောင်းကွဲ လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေများကို သတိထားကာ ဆင်ခြင်နိုင်ကြပါစေ….. မိမိတို့ ရည်မှန်းချက် ပန်းတိုင်သည် ရောက်ရန်ဝေးနေပါသေးသည် ဆိုသည်ကို မြင်သမျှ တင်ပြလိုက်ရပါသည်။

Last Updated ( Thursday, 16 August 2012 21:53 )  

နောက်ဆုံးရသတင်းများ

နောက်ဆုံးရဆောင်းပါးများ