Related information payday loans 50 up to
ပင်မနေရာ မူဝါဒ/ဥပဒေ တပ်ပြုပြင်ပြောင်းလဲရေး အကျိုးရှိသောစာ၊ အကျိုးရှိသောစကား ဖြစ်ပါစေ - အပိုင်း (၁)

ပင်မနေရာ မူဝါဒ/ဥပဒေ တပ်ပြုပြင်ပြောင်းလဲရေး အကျိုးရှိသောစာ၊ အကျိုးရှိသောစကား ဖြစ်ပါစေ - အပိုင်း (၁)

အကျိုးရှိသောစာ၊ အကျိုးရှိသောစကား ဖြစ်ပါစေ - အပိုင်း (၁)

Print PDF
User Rating: / 4
PoorBest 

?????????????????? ????????????

ဆောင်းပါးရှင် - ဗိုလ်မှူးကျော်ကျော်ခိုင်

ကောင်းတဲ့ အသိုင်းအ၀ိုင်းမှာ နေချင်ရင်၊ ကောင်းတဲ့ အသိုင်းဝိုင်း ဖြစ်လာအောင် အားလုံးကြိုးစားဖို့ လိုအပ်ပါတယ်။ အားလုံးကောင်းဖို့ အားလုံးမှာ တာဝန်ရှိပါတယ်။
(ဆရာတော် ဦးဇောတိက)

တပ်မတော်ရဲ့ သက်သာချောင်ချိရေး ကဏ္ဍကို ရေးနေရင်း ဒီမြန်မာ့နှစ်သစ်ကူး သင်္ကြန်ကာလလေး အတွင်းမှာပဲ မြန်မာပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမူရေး၊ ယဉ်ကျေးမှု စတဲ့ကိစ္စအဝဝနဲ့ ပတ်သက်လို့ စုံစုံလင်လင်ပဲ သတင်းဆောင်းပါးများအဖြစ် ဖတ်ရှုမိပါတယ်။ ဖတ်ချင် မြင်ချင် ကြားချင်တာကတော့ မြန်မာပီပီ ပြောရရင် မင်္ဂလာရှိသောသတင်း၊ မင်္ဂလာရှိသောစကား မင်္ဂလာရှိသောစာများသာ ဖြစ်ပါတယ်။ အချို့က သတင်းအဖြစ် တင်ထားသလို အချို့က ဆောင်းပါးအဖြစ်နဲ့ ဗဟုသုတပေးပါတယ်။ ဒါပေမယ့် အချို့သောသတင်းများ၊ ဆောင်းပါးများ စာများကတော့ မြန်မာပြည်သူလူထုအတွက် မင်္ဂလာလည်းမရှိ၊ အကျိုးလည်းမရှိတဲ့အပြင် အကျိုးမဲ့ဖြစ်စေတာ တွေ့ရပါတယ်။ ဥပမာအားဖြင့် စာဖတ်ပျင်းတဲ့ ဗိုလ်သန်းရွှေ လူမြင်ကွင်းမှာ မတွေ့ရတော့တာဟာ အိမ်မှာစာဖတ်နေလို့ပါ၊ ဗိုလ်ချုပ်အောင်ဆန်းကို မြန်မာပြည်မှာ အကြည်ညိုဆုံးဆိုတဲ့ သူဟာ ဗိုလ်သန်းရွှေပါ၊ စိန့်မာတင်ကျွန်းဟာ မြန်မာရေပိုင်နက်အတွင်း မပါပါ၊ ဝတ်စားဆင်ယင်မှုဟာ အရေးမပါ တိုင်းပြည်ပျက်မယ့် ကိစ္စမဟုတ်ပါ၊ ဝန်ကြီးဦးမြင့်လှိုင်နဲ့ hot news အယ်ဒီတာချူပ်မမတို့ အချေအတင် ဖြစ်နေတာတွေရယ်၊ ဒီပဲယင်း ကိစ္စနဲ့ ပတ်သက်လို့ ဗိုလ်ခင်ညွန့်ရဲ့ စကားအပေါ် အငြင်းပွားနေတာရယ်၊ ဘန်ကောက်ပို့စ် သတင်းစာကြီးဟာ မမှန်တာမရေးတဲ့ ဂုဏ်သိက္ခာကြီးတဲ့ သတင်းစာပါဆိုတဲ့ ဟာမျိုးတွေပါ။ ဒါတွေကို ဝေဖန်သုံးသပ် နိုင်စေဖို့အတွက် အကျဉ်းချုပ်ပြီး တင်ပြသွားပါမယ်။

သတင်းဌာနတွေမှာ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန်နဲ့ သတင်းဦး သတင်းထူး သတင်းအစစ်ကို အပြိုင် တင်ပြနေကြပါတယ်။ မီဒီယာ ( Multi Media ) ပေါ့ဗျာ။ ဒီကြားထဲမှာမှ အချို့သတင်းဌာနကြီးတွေဟာ မိမိသတင်းဌာန နာမည်ရရေးအတွက် နေ့စဉ်တင်ပြမယ့် ပရိုဂရမ် အချိန်လွတ် မရှိစေရေးအတွက် မှန်တာမှားတာတွေရော သင့်တော်၏ မသင့်တော်၏ကိုပါ မစဉ်းစားတော့ပါဘူး။ သတင်းတင်မယ်။ အင်တာဗျူးမယ်။ အသံလွှင့်ဆောင်းပါး ထုတ်မယ်ဆိုတာတွေ ချည်းပဲ လုပ်နေကြတာကို မြန်မာပြည်သူလူထု အနေနဲ့ သဘောပေါက်စေချင်ပါတယ်။ ဒီမိုကရေစီ အသံပေးလိုက်ရင် ဘုန်းကြီးကိုတောင်မှ အလွတ်မပေး အတင်းလိုင်းပေါ် ဆွဲတင်တတ်ကြပါတယ်။ လူတွေအတွက် အကုသိုလ်တွေ အကြီးအကျယ် ဖြစ်ပေါ်စေပြီး ရဟန်းသံဃာများ အတွက်တော့ အပြစ်ကြီးလေးလှတဲ့ ဂရုကံဖြစ်သော သံဃာသင်းခွဲခြင်း ပုံစံလောက်အထိ ဖြစ်ပေါ်သွားခဲ့ရပါတယ်။ ဂရုကံဆိုတာ အပြစ်ကြီးလေးလှတဲ့ကံ ပဉ္စာနန္ဒရိယကံကို ခေါ်တာပါ။ ဘုရားရှင်ကို သွေးစိမ်းတည်အောင်ပြုတာ သံဃာသင်းခွဲတာ အမိအဘကို သတ်တာကြောင့် ဘယ်လိုကုသိုလ်ကံကမှ တားဆီးပေးနိုင်စွမ်းမရှိပဲ အရင်ဆုံးအကုသိုလ် အကျိုးပေးစေတဲ့ကံကို ဆိုလိုတာပါ။ သံဃာသင်းခွဲတာကတော့ ရဟန်းသံဃာများနဲ့ ဆိုင်ပါတယ်။ ဆရာတင်မှားမိတဲ့ အဇာတသတ်မင်းသားနဲ့ ရဟန်းကြီးဒေဝဒတ်တို့ ဒီကံတွေက သူတို့ရဲ့ ကောင်းမှုကုသိုလ်ကံ အားလုံးကို ဖြတ်ကျော်ပြီး သေလွန်တဲ့အခါ ငရဲကို တိုက်ရိုက်သက်ဆင်းခဲ့ရတာပါ။ သတိပြုစေချင်ပါတယ်။

နောက်တခါ သတင်းဌာနတွေဆိုတာ မှန်ကန်တဲ့သတင်း၊ မလိမ်မညာတဲ့သတင်း ဘက်မလိုက်တဲ့ သတင်းများကိုသာ တင်ပါ့မယ်လို့ သစ္စာဆိုထားတာ မဟုတ်ပါဘူး။ ကိုယ့်အကျိုးစီးပွားမပါပဲ (သို့) ကိုယ့်နိုင်ငံ အကျိုးစီးပွား မရှေးရူပဲ လုပ်နေကြတာမျိုးလည်း မဟုတ်ပါဘူးဆိုတာ သိထားသင့်ပါတယ်။ အခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးရာကိုလည်း ရည်ရွယ်ချက်ရှိရှိနဲ့ ဝင်ရောက်ပြီး မဟုတ်မမှန်လုပ်ကြံ ရေးသားတတ်ပါတယ်။

ဥပမာ ဘီဘီစီကိုကြည့်ပါ။ တချိန်က မဆလအာဏာရှင် လက်အောက် သတင်းအမှောင်ချခံထားရတဲ့ မြန်မာပြည်အတွက် ပြည်တွင်းသတင်းတွေကိုတောင် မှန်ကန်မြန်ဆန်စွာ သိရလို့ မြန်မာပြည်သူတွေရဲ့ အထူးအားကိုး ယုံကြည်ခြင်း ခံခဲ့ရပါတယ်။ မြန်မာကလေးတွေကိုတောင်မှ ငွေဗျိုင်းဖြူကဏ္ဍ ဆိုတာဖွင့်လှစ်ပြီး စည်းရုံးထားနိုင်ခဲ့တာပါ။ ရှေ့တန်းရောက် တပ်မတော်သားများဟာ ရေဒီယိုကိုယ်စီနဲ့ ဘီဘီစီလာရင် စုပြုံပြီး အလုအယက် နားထောင်ရတာ အမောပါ။

အပိုင်း (၂) ကိုနောက်တစ်ပတ်တွင် ဆက်လက်ဖော်ပြသွားပါမည်...

Last Updated ( Friday, 05 April 2013 00:08 )  

နောက်ဆုံးရသတင်းများ

နောက်ဆုံးရဆောင်းပါးများ