How do I apply payday loan Your Finances are your own Business
ပင်မနေရာ မူဝါဒ/ဥပဒေ တပ်ပြုပြင်ပြောင်းလဲရေး ပြည်သူလိုချင်တာ အောင်ဆန်းလမ်းစဉ်

ပင်မနေရာ မူဝါဒ/ဥပဒေ တပ်ပြုပြင်ပြောင်းလဲရေး ပြည်သူလိုချင်တာ အောင်ဆန်းလမ်းစဉ်

ပြည်သူလိုချင်တာ အောင်ဆန်းလမ်းစဉ်

Print PDF
User Rating: / 3
PoorBest 

ဒေါ်စု အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက်လာစဉ်

အယ်ဒီတာအဖွဲ့၏ တင်ပြချက်။ ။ အာဇာနည်နေ့ အခမ်းအနားတွေမှာ စစ်အာဏာရှင်တွေက ယဉ်ကျေးမှုဝန်ကြီးကိုသာ တက်ရောက်စေဖို့ ညွှန်ကြားခဲ့ပါတယ်။ နောက်ပိုင်းမှာ မြို့တော်ဝန် ဦးအောင်သိန်းလင်းကို တက်ခိုင်းတဲ့အတွက် တပ်မတော်အတွင်း အရာရှိတချို့ကတော့ အဲဒီလို နာမ်နိမ်တာ မလုပ်သင့်ကြောင်း ဝေဖန်ခဲ့ပါတယ်။ အမှန်တကယ် သက်ဆိုင်သည်မှာ စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးအဆင့်လောက်က အာဇာနည် အခမ်းအနားကို တက်ရောက်ဂုဏ်ပြုသင့်တယ်လို့ ဆိုပါတယ်။ ဆို၊ က၊ ရေး၊ တီး ဦးစီးကော်မတီ ဥက္ကဋ္ဌအား နဝတအတွင်းရေးမှူး (၁) အဆင့်ကို ထားရှိတာမို့ အာဇာနည်နေ့ကျင်းပရေး ဦးစီးကော်မတီ အနေနဲ့ အလိုလို နိမ့်ပါးလျက် ရှိနေပါတယ်။ NLD ရဲ့လှုပ်ရှားမှုကို စိုးရိမ်ထိတ်လန့်နေကြတဲ့ စစ်အာဏာရှင်တွေဟာ ရှေ့တန်းက တိုက်ပြီး ပြန်လာကြတဲ့ တပ်မတော်သားများအား အနားယူခွင့်မပေးပဲ ရန်ကုန်မြို့လုံခြုံရေးကို ဇွတ်အတင်း တာဝန်ယူခိုင်းပြန်တယ်။ စစ်ခေါင်းဆောင်တွေရဲ့ ညွှန်ကြားချက်ဖြစ်တဲ့ ရှေ့တန်းထွက်တပ်များကို နောက်တန်းပြန်လာရင် ဘာတာဝန်မှ မပေးပဲ အပြည့်အဝ အနည်းဆုံးတစ်လ နားခွင့် ပေးရမယ်ဆိုတာဟာ တပ်မတော်သားများအဖို့ ယုံတမ်းစကားလို ဖြစ်နေပါတယ်။ တပ်မတော်အပေါ် ဖြစ်စေချင်တဲ့ ဒေါ်စုရဲ့ ဆန္ဒတွေကို စာဖတ်ပရိတ်သတ်များအား ဆက်လက် တင်ပြလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်၏ တပ်မတော်ဆိုင်ရာ မိန့်ခွန်းများကောက်နုတ်ချက်

၁၉၈၉ ခု ဇူလိုင်လတွင် ပြောကြားသော အာဇာနည်နေ့ အကြိုမိန့်ခွန်း

တပ်မတော်နဲ့ ပတ်သက်လို့လည်း တပ်မတော်သားတွေဟာ ပင်ပင်ပန်းပန်း ရှေ့တန်းမှာ တိုက်နေရတယ်ဆိုတာကို ခဏခဏ ပြောပါတယ်။ ရှေ့တန်းမှာ ပင်ပင်ပန်းပန်းတိုက်ရတယ်။ နောက်တန်းမှာ လုံခြုံရေးလုပ်ရတယ်။ လုံခြုံရေးအတွက် ကျမတို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ်က တာဝန်ယူပေးပါမယ်။ တပ်မတော်သားများ အေးအေးဆေးဆေး နေပါ။ ဒီလို ပြည်သူလူထု အစည်းအဝေးတွေ လုပ်တဲ့အခါကျလို့ရှိရင် စည်းကမ်းထိန်းသိမ်းရေး၊ လုံခြုံရေးအတွက် ကျမတို့ တာဝန်ခံရဲတယ်။ တပ်မတော်သားတွေကို ဘာမှဒုက္ခ မပေးချင်ပါဘူး။ အေးအေးဆေးဆေး တပ်တန်းလျားထဲမှာ ဝင်ကြပါ။

အဲ့ဒီလိုနေမယ်ဆိုရင် တပ်မတော်သားတွေလည်း သက်သာတယ်၊ ကျမတို့ပြည်သူလူထုလည်း သက်သာတယ်၊ တပ်မတော်အတွက်လည်း အများကြီး ဂုဏ်သိက္ခာရှိပါတယ်။ တပ်မတော်ဆိုတာ မလုပ်သင့်၊ မလုပ်ထိုက်တဲ့ ကိစ္စတွေ လုပ်နေလို့ရှိရင် ဂုဏ်သိက္ခာအများကြီးပဲ ကျပါတယ်။ ဒီလို ဂုဏ်သိက္ခာကျစေတဲ့ ကိစ္စတွေကို ဆက်ပြီးတော့ မလုပ်ပါနဲ့။ ဗိုလ်ချူပ်ကြီးစောမောင်နဲ့ နဝတအနေနဲ့ တကယ်ပဲ တပ်မတော်သားတွေအပေါ်မှာ စေတနာရှိတယ် ဆိုလို့ရှိရင် တပ်မတော်သားတွေ ဖတ်ဖတ်မောနေအောင်လို့ တမြို့လုံးကို လှည့်လည်ပြီးတော့ ပြည်သူလူထုကို မခြိမ်းခြောက်ခိုင်းပါနဲ့။ တကယ်ပဲ တပ်မတော်ရဲ့ဖခင်ဟာ ဗိုလ်ချူပ်အောင်ဆန်းပါ ဆိုတာကို နားလည်တယ် ဆိုလို့ရှိရင် ဘာဖြစ်လို့ အာဇာနည်နေ့မှာ တပ်မတော်က (ကြည်း၊ ရေ၊ လေ) ကာကွယ်ရေး ဦးစီးချူပ်တွေက လာပြီးတော့ အလေးမပြုသလဲ။ ဒါကို ကျမ မေးရမှာပဲ။ တပ်မတော်ရဲ့ ဖခင်ပဲ၊ တပ်မတော်ခေါင်းဆောင်တွေက လာပြီးတော့ အလေးပြုရမှာပေါ့။

အဲ့တော့ တကယ်ပဲဖခင်ဆိုတာ နားလည်တယ်ဆိုလို့ရှိရင် (ကြည်း၊ ရေ၊ လေ) ကာကွယ်ရေး ဦးစီးချူပ်များ အာလုံးတက်ပြီးတော့ အာဇာနည်နေ့မှာ အလေးပြုပါ။ ဗိုလ်ချူပ်ကြီးစောမောင် ကိုယ်တိုင်လည်း တက်ပြီးတော့ အလေးပြုပါ။ အဲ့ဒီဟာကိုကြည့်၊ ပြည်သူလူထု ဒါကို လေ့လာကြပါ။ အာဇာနည်နေ့ကြရင် ဘယ်သူတွေသွားပြီးတော့ အာဇာနည် ခေါင်းဆောင်ကြီးတွေကို လေးစားသလဲဆိုတာ ပြည်သူလူထု သုံးသပ်ကြည့်ကြပါ။ အဲ့ဒီတော့မှ သိပါလိမ့်မယ်။ ကျမတို့ အနေနဲ့တော့ အာဇာနည်ခေါင်းဆောင်ကြီးများကို လေးစားသောအားဖြင့် ချီတက်ပြီးတော့ အလေးပြုမှာပဲ၊ ဒါကိုလည်း ကျမဟာ နဝတနဲ့ မညှိနှိုင်းဘူး၊ မဆွေးနွေးဘူး၊ မတိုင်ပင်ဘူး ဆိုပြီးတော့ ဘူးကြီးပဲ ငြင်းနေတာပဲ။

Last Updated ( Thursday, 16 August 2012 20:34 )  

နောက်ဆုံးရသတင်းများ

နောက်ဆုံးရဆောင်းပါးများ