??????? ????????
၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၁၁ ရက် ၁၂း၃၀ နာရီတွင် မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ် အစည်းအဝေးခန်းမ၌ ကျင်းပသော တပ်မတော်(လေ)၏ ၂၀၀၉ ခုနှစ် တတိယလေးလပတ် စစ်ဆင်ရေး၊ စစ်ရေး၊ စစ်ထောက်ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးမှတ်တမ်း
ပေးပို့သူ - ဗိုလ်မှူးရန်နောင် (ပြည်တွင်းမှ လက်ရှိ တာဝန် ထမ်းဆောင်ဆဲ လေတပ် အရာရှိ တစ်ဦး)
တက်ရောက်သူများ
၁။ အောက်ဖော်ပြပါ အရာရှိကြီးများ အစည်းအဝေး တက်ရောက်ကြပါသည် -
| ဒုတိယဗိုလ်ချုပ်ကြီး | မြတ်ဟိန်း | ကာကွယ်ရေးဦးစီးချုပ်(လေ) | သဘာပတိ |
| ဗိုလ်မှူးချုပ် | သိန်းနိုင် |
လေတပ်စခန်းဌာနချုပ်မှူး၊ မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ် | အဖွဲ့ဝင် |
| ဗိုလ်မှူးချုပ် | ဦးကျော် | လေတပ်စခန်းဌာနချုပ်မှူး၊ မြစ်ကြီးနားလေတပ်စခန်းဌာနချုပ် | အဖွဲ့ဝင် |
| ဗိုလ်မှူးချုပ် | ကျော်ဆွေဦး | လေတပ်စခန်းဌာနချုပ်မှူး၊ နမ့်စန်လေတပ်စခန်းဌာနချုပ် | အဖွဲ့ဝင် |
| ဗိုလ်မှူးချုပ် | ခင်မောင်တင် | လေတပ်စခန်းဌာနချုပ်မှူး၊ မြိတ်လေတပ်စခန်းဌာနချုပ် | အဖွဲ့ဝင် |
| ဗိုလ်မှူးချုပ် | ဌေးအောင် |
လေတပ်စခန်းဌာနချုပ်မှူး၊ မကွေးလေတပ်စခန်းဌာနချုပ် | အဖွဲ့ဝင် |
| ဗိုလ်မှူးချုပ် | ဇော်ထွန်း | လေတပ်စခန်းဌာနချုပ်မှူး၊ ဟုမ္မလင်းလေတပ်စခန်းဌာနချုပ် | အဖွဲ့ဝင် |
| ဗိုလ်မှူးချုပ် | ဇင်ယော် |
လေတပ်စခန်းဌာနချုပ်မှူး၊ ပုသိမ်လေတပ်စခန်းဌာနချုပ် | အဖွဲ့ဝင် |
| ဗိုလ်မှူးချုပ် | သန်းလွင် | လေတပ်စခန်းမှူး၊ လေကြောင်းအတတ်သင်လေတပ်စခန်း | အဖွဲ့ဝင် |
| ဗိုလ်မှူးကြီး | နေ၀င်း | လေတပ်စခန်းမှူး၊ မြေပြင်အတတ်သင်လေတပ်စခန်း | အဖွဲ့ဝင် |
| ဗိုလ်မှူးကြီး | လွင်ဦး | ခေတ္တဌာနချုပ်မှူး၊ လေယာဉ်ထုတ်လုပ်ပြင်ဆင်ရေးဌာနချုပ် | အဖွဲ့ဝင် |
| ဗိုလ်မှူးကြီး | ထွန်းအောင် | စစ်ဦးစီးဗိုလ်မှူးကြီး (လေ) စစ်ဆင်ရေး/ တာဝန် | အဖွဲ့ဝင် |
| ဗိုလ်မှူးကြီး | ချန်မောင် | စစ်ဦးစီးဗိုလ်မှူးကြီး (စက်မှုလက်မှု) | အဖွဲ့ဝင် |
| ဗိုလ်မှူးကြီး | ကျော်ထင် | စစ်ဦးစီးမှူး (ပထမတန်း) လေ့ကျင့်ရေးနှင့်စီမံရေး | အဖွဲ့ဝင် |
| ဒုတိယဗိုလ်မှူးကြီး | ဇော်မြင့်စန်း | စစ်ဦးစီးမှူး (ပထမတန်း) တာဝန် | အဖွဲ့ဝင် |
| ဒုတိယဗိုလ်မှူးကြီး | သက်ဆွေ | ခေတ္တ စစ်ဦးစီးမှူး (ပထမတန်း) စက်မှုလက်မှု | အဖွဲ့ဝင် |
| ဒုတိယဗိုလ်မှူးကြီး | မောင်မောင်လင်း | တပ်မှူး၊ အမှတ် (၁) လေယာဉ်မောင်းသင်ကျောင်း | အဖွဲ့ဝင် |
| ဒုတိယဗိုလ်မှူးကြီး | ထူးအံ့ | တပ်မှူး၊ အမှတ် (၂) လေယာဉ်မောင်းသင်ကျောင်း | အဖွဲ့ဝင် |
| ဒုတိယဗိုလ်မှူးကြီး | ကြည်ထွဋ် | အုပ်မှူး၊ အမှတ် (၇၁) ရေဒါအုပ် | အဖွဲ့ဝင် |
| ဒုတိယဗိုလ်မှူးကြီး | မောင်မောင်စိုး | အုပ်မှူး၊ အမှတ် (၇၄) ရေဒါအုပ် | အဖွဲ့ဝင် |
| ဒုတိယဗိုလ်မှူးကြီး | ဇော်ဝင်းမြင့် | အုပ်မှူး၊ အမှတ် (၇၃) ရေဒါအုပ် | အဖွဲ့ဝင် |
| ဒုတိယဗိုလ်မှူးကြီး | စိုးတင်လတ် | အုပ်မှူး၊ အမှတ် (၁) ကြားဖြတ်တိုက်ခိုက်ရေးအုပ် | အဖွဲ့ဝင် |
| ဒုတိယဗိုလ်မှူးကြီး | မြင့်သောင်း | အုပ်မှူး၊ အမှတ် (၆) သယ်ယူပို့ဆောင်ရေးအုပ် | အဖွဲ့ဝင် |
| ဒုတိယဗိုလ်မှူးကြီး | အောင်ကျော်စိုး | အုပ်မှူး၊ အမှတ် (၇) ရဟတ်ယာဉ်အုပ် | အဖွဲ့ဝင် |
| ဒုတိယဗိုလ်မှူးကြီး | စောဆန်နီ | အုပ်မှူး၊ အမှတ် (၃၄) ဗုံးကြဲလေယာဉ်အုပ် | အဖွဲ့ဝင် |
| ဒုတိယဗိုလ်မှူးကြီး | ခင်မောင်ဆင့် | အုပ်မှူး၊ အမှတ် (၃၆) သယ်ယူပို့ဆောင်ရေးအုပ် | အဖွဲ့ဝင် |
| ဒုတိယဗိုလ်မှူးကြီး | ဇော်ဝင်းထွန်း | အုပ်မှူး၊ အမှတ် (၃၇) ရဟတ်ယာဉ်အုပ် | အဖွဲ့ဝင် |
| ဒုတိယဗိုလ်မှူးကြီး | ဇော်မင်းဦး | အုပ်မှူး၊ အမှတ် (၄၁) ကြားဖြတ်တိုက်ခိုက်ရေးအုပ် | အဖွဲ့ဝင် |
| ဒုတိယဗိုလ်မှူးကြီး | မျိုးမင်းထွန်း | အုပ်မှူး၊ အမှတ် (၄၅) ကင်းထောက်လေယာဉ်အုပ် | အဖွဲ့ဝင် |
| ဒုတိယဗိုလ်မှူးကြီး | ခင်မောင်မြင့် | အုပ်မှူး၊ အမှတ် (၄၇) ရဟတ်ယာဉ်အုပ် | အဖွဲ့ဝင် |
| ဒုတိယဗိုလ်မှူးကြီး | မောင်မောင်စိုး | အုပ်မှူး၊ အမှတ် (၆၁) ကြားဖြတ်တိုက်ခိုက်ရေးအုပ် | အဖွဲ့ဝင် |
| ဒုတိယဗိုလ်မှူးကြီး | ၀င်းမောင်သိန်း | အုပ်မှူး၊ အမှတ် (၆၃) တိုက်ခိုက်ရေးအုပ် | အဖွဲ့ဝင် |
| ဒုတိယဗိုလ်မှူးကြီး | ကျော်မိုးသက် | အုပ်မှူး၊ အမှတ် (၆၄) ဗုံးကြဲလေယာဉ်အုပ် | အဖွဲ့ဝင် |
| ဒုတိယဗိုလ်မှူးကြီး | ကျော်စိုးမိုး | အုပ်မှူး၊ အမှတ် (၆၆) သယ်ယူပို့ဆောင်ရေးအုပ် | အဖွဲ့ဝင် |
| ဒုတိယဗိုလ်မှူးကြီး | ထွန်းထွန်းဝင်း | အုပ်မှူး၊ အမှတ် (၉၂) တိုက်ခိုက်ရေးအုပ် | အဖွဲ့ဝင် |
| ဒုတိယဗိုလ်မှူးကြီး | ကျော်သက်နိုင် | အုပ်မှူး၊ အမှတ် (၉၅) ကင်းထောက်လေယာဉ်အုပ် | အဖွဲ့ဝင် |
| ဒုတိယဗိုလ်မှူးကြီး | လှညွန့် | အုပ်မှူး၊ အမှတ် (၉၈) ဗုံးကြဲလေယာဉ်အုပ် | အဖွဲ့ဝင် |
| ဗိုလ်မှူး | ဇော်လင်းစိုး | ယာယီအုပ်မှူး၊ အမှတ် (၂၅) ကင်းထောက်လေယာဉ်အုပ် | အဖွဲ့ဝင် |
| ဗိုလ်မှူး | မင်းထင် | ယာယီအုပ်မှူး၊ အမှတ် (၅၅) ကင်းထောက်လေယာဉ်အုပ် | အဖွဲ့ဝင် |
| ဗိုလ်မှူး | သိန်းထူး | ယာယီအုပ်မှူး၊ အမှတ် (၄၂) တိုက်ခိုက်ရေးအုပ် | အဖွဲ့ဝင် |
| ဗိုလ်မှူး | ထိန်လင်းအောင် | ယာယီအုပ်မှူး၊ အမှတ်(၅၆)၊ သယ်ယူပို့ဆောင်ရေးအုပ် | အဖွဲ့ဝင် |
| ဗိုလ်မှူး | စိုးမင်းဝင်း | ယာယီအုပ်မှူး၊ အမှတ် (၈၇) ရဟတ်ယာဉ်အုပ် | အဖွဲ့ဝင် |
| ဗိုလ်မှူး | မောင်မောင်ဦး | စစ်ဦးစီးမှူး (ဒုတိယတန်း) တာာဝန်-၃ | အတွင်းရေးမှူး |
မတက်ရောက်နိုင်သူများ
၂။ အောက်ဖော်ပြပါ အရာရှိကြီးများ တာဝန်အရ အစည်းအဝေး မတက်ရောက်နိုင်၍ ခွင့်ပန်ကြားခဲ့ပါသည်-
| ဗိုလ်ချုပ် |
ခင်အောင်မြင့် |
စစ်ဦးစီးအရာရှိချုပ်(လေ) |
| ဒုတိယဗိုလ်မှူးကြီး | ထင်လင်း | စစ်ဦးစီးမှူး |
ရည်ရွယ်ချက်
၃။ တပ်မတော် (လေ) ၏ ၂၀၀၉ ခုနှစ် တတိယလေးလပတ်အတွင်း စစ်ဆင်ရေး၊ စစ်ရေး၊ စစ်ထောက်ဆိုင်ရာ ဆောင်ရွက်ချက်များကို ညှိနှိုင်းသုံးသပ်ရန်နှင့် ၂၀၁၀ပြည့်နှစ် ပထမလေးလပတ်အတွင်း ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ရမည့် စစ်ဆင်ရေး၊ စစ်ရေး၊ စစ်ထောက်ဆိုင်ရာ လုပ်ငန်းများ စီမံချက်ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်ရန်။
ဆွေးနွေးချက်များ
၎။ သဘာပတိ ကာကွယ်ရေးဦးစီးချုပ် (လေ) ဒုတိယဗိုလ်ချုပ်ကြီးမြတ်ဟိန်းမှ အဖွင့်အမှာစကားပြောကြားရာတွင် လေးလပတ်ကို ပုံမှန်အတိုင်း မလုပ်ဖြစ်သည်မှာ ကြာသွားပြီဖြစ်ကြောင်း၊ နောက်ပိုင်းလေးလပတ်များတွင်လည်း အခြေအနေအရ အုပ်မှူးများကို မခေါ်ဖြစ်ခဲ့ကြောင်း၊ ယခုအစည်းအဝေးတွင် သိသင့်သိထိုက်သည်များကို သိစေချင်ပြီး ပြောချင်သည်များလည်းရှိ၍ အစည်းအဝေးသို့ အုပ်မှူးများတက်ရောက်စေခဲ့ခြင်းဖြစ်ကြောင်း၊ အဖွင့်အနေဖြင့်ပြီးခဲ့သည့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစည်းအဝေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) လေးလပတ်နှင့် တပ်မတော်စည်းရုံးရေးကော်မတီ အစည်းအဝေးများတွင် တပ်မတော်အကြီးအကဲများ၏ လမ်းညွှန်ချက်အချို့ကို အားလုံးသိအောင် ပြောကြားသွားမှာဖြစ်ကြောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ နိုင်ငံတော်နှင့် ပတ်သက်၍ လက်ရှိအခြေအနေတွင် ကုန်ဈေးနှုန်းတက်ရခြင်း၏ အားနည်းချက်များကို ထောက်ပြခဲ့ကြောင်း၊ တိုင်းပြည်၏ ဘဏ္ဍာငွေတိုးတက်လာသည်နှင့်အမျှ ၀န်ထမ်းများ၏ လစာငွေကိုတိုးပေးခဲ့ကြောင်း၊ သို့သော်လည်း တစ်ဖက်မှ ကုန်ဈေးနှုန်းများ တက်ခဲ့သည့်အတွက် လစာငွေတိုးပေးခဲ့ခြင်းသည် အရာမထင်ခဲ့ကြောင်း၊ ထို့ကြောင့် ကုန်ဈေးနှုန်းတက်ရခြင်းများ၏ အကြောင်းအရင်း များကိုရှာဖွေပြီး အားနည်းချက်များကို ပြုပြင်သွားကြရန် မှာကြားခဲ့ကြောင်း၊ ပထမအချက်အနေနှင့် ကုန်သွယ်ရေးအပိုင်းတွင် အားနည်းချက်များရှိ၍ ကုန်ဈေးနှုန်းတက်ရခြင်း ဖြစ်ကြောင်း၊ မူဝါဒများချမှတ်၍ ဆောင်ရွက်ခဲ့သော်လည်း လက်အောက်မှ အကောင်အထည်ဖော် ဆောင်ရွက်သည့် နေရာများတွင် အားနည်းချက်များ တွေ့ရှိရကြောင်း၊ နောက်တချက်မှာ ကုန်သွယ်ရေးအဖွဲ့အစည်းများနှင့် ကုန်သည်များမှ အမြတ်အစွန်း မတရားယူ၍လည်း ကုန်ဈေးနှုန်းတက်နိုင်ကြောင်းစသည်ဖြင့် သုံးသပ်ပြောကြားခဲ့ကြောင်း။
၅။ နိုင်ငံတစ်နိုင်ငံလုံးတွင် ကြုံတွေ့နေရသည့် လျှပ်စစ်နှင့်ပတ်သက်၍လည်း မှာကြားခဲ့ကြောင်း၊ လျှပ်စစ်နှင့် ပတ်သက်၍ မဖူလုံသေးကြောင်း၊ ရေအားလျှပ်စစ်စီမံကိန်းများ လုပ်ဆောင်နေကြောင်း၊ သို့သော်လည်း မလုံလောက်သေးကြောင်း၊ တစ်ဖက်နိုင်ငံနှင့် အကျိုးတူဆောင်ရွက်လျက်ရှိသော ရွှေလီရေအားလျှပ်စစ်မှတစ်နှစ်လျှင် ဒေါ်လာ(၄၅)သန်းခန့် လျှပ်စစ် ပြန်ဝယ်သုံးနေရသည့် အနေအထားရှိကြောင်း၊ ဂက်စ်တာဘိုင်များလည်းရှိပြီး ၄င်းဂက်စ်တာဘိုင်များကို အပြည့်အ၀ လည်ပတ်နိုင်ရေးအတွက် ဂက်စ်ပိုက်လိုင်းများ သွယ်တန်းနေကြောင်း၊ ယနေ့အချိန်တွင် မဂ္ဂါဝပ် (၁၀၀၀) ကျော်ထုတ်ပေးနိုင်သော်လည်း လုံလောက်မှုမရှိသေးသည်ကို တွေ့ ရှိရမှာဖြစ်ကြောင်း၊ ထို့ကြောင့်ရရှိသည့် လျှပ်စစ်ဓါတ်အားကို အားလုံးမျှမျှတတဖြစ်အောင် အရေးကြီးသည့် နေရာများသို့ ဦးစားပေး ဖြန့်ဖြူးပေးနေကြောင်း၊ နောက်ထပ်စီမံကိန်းများလည်း များစွာရှိပါကြောင်း၊ နိုင်ငံတော်မှဘာတွေလုပ်နေသလဲ၊ ဘယ်လောက် ဖြန့်ဖြူးပေးနေသလဲ၊ ဘယ်လိုဖြန့်ဖြူးပေးနေသလဲ ဆိုသည်ကို သိရှိရန်လိုကြောင်း၊ မိမိကိုယ်တိုင်သိရှိပြီး မိမိနှင့် ဆက်စပ်နေသော လူထုကိုလည်း နားလည်သဘောပေါက်အောင် ရှင်းပြရန်လိုကြောင်း၊ လူထုကိုလည်း မလိမ်ညာရန်လိုသည်ဟု မှာကြားခဲ့ကြောင်း။
၆။ ယခုနိုင်ငံတော် အခြေအနေသည် နိုင်ငံရေးအရ အသွင်ကူးပြောင်းရေးကာလ ဖြစ်ကြောင်း၊ နိုင်ငံရေး၊ စီးပွားရေးနှင့် လုံခြုံရေးအပိုင်းများသည် အဓိကကျပြီး တစ်ခုနှင့်တစ်ခု ဆက်စပ်နေကြောင်း၊ စီးပွားရေးကဏ္ဍ၊ နိုင်ငံရေးကဏ္ဍစသည့် မိမိကျရာ ကဏ္ဍများ၌ ၎င်းကွင်းဆက်များကို ခိုင်မာအောင်လုပ်ရန်လိုကြောင်း၊ အဓိကအချက်မှာ နိုင်ငံတည်ငြိမ်နေရန်လိုကြောင်း၊ ရာသီဥတုဖောက်ပြန်မှုနှင့် စီးပွားရေးပျက်ကပ်များကြောင့် တစ်ကမ္ဘာလုံးတွင် ရိုက်ခတ်နေသည့်အတွက် မိမိတို့နိုင်ငံ၌ လည်း ထိုက်သင့်သည့် ရိုက်ခတ်မှုများရှိခဲ့သော်လည်း ဆိုးဆိုးဝါးဝါးမဖြစ်ခဲ့ကြောင်း၊ ထို့ကြောင့် တည်ငြိမ်သည်ထက်တည်ငြိမ်အောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ ကြိုတင်ကာကွယ်သည့် အနေဖြင့် ပြင်ဆင်ထားရန်လိုကြောင်း၊ ယခုအချိန်သည် အဘက်ဘက်မှ မတည်ငြိမ်အောင်၊ ပြိုကွဲအောင်နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်နေသည့်အတွက် လုပ်ဆောင်လာနိုင်သည့် နည်းလမ်းများကို ကြိုတင်မျှော်တွေးပြီး သတိဖြင့်ကာကွယ်မှုများ လုပ်ဆောင်ရမှာဖြစ်ကြောင်း၊
| < Prev | Next > |
|---|

