ဆောင်းပါးရှင် - ဗိုလ်ရဲထက်
ထိုင်းရေဘေးကူညီကယ်ဆယ်ရေးအတွက် ကျနော် ရုံးမှာအလုပ်လုပ်ပြီးပြန်အလာ ကျနော့်အခန်းနား အရောက်မှာ အသိအချို့နဲ့တွေ့လို့ စကားစမည်ပြောကြရင်း နိုင်ငံရေးအကြောင်းရောက်လာပါတယ်။ ဒီလိုနဲ့ဘဲ မြန်မာ့နိုင်ငံရေးဟာ ပြောရင် တထောင့်တညပုံပြင်ထက်တောင်ပိုတဲ့အတွက် ပြောမကုန်နိုင်ခဲ့ကြပါဘူး။ ဒီလိုနဲ့ ကျနော်တို့ ပြောနေရင်း နိုင်ငံသားစိစစ်ရေးကဒ် အကြောင်းကိုရောက်ရှိလို့လာပါတော့တယ်။ ကျနော်တို့ စပြော ဖြစ်ကြတာကတော့ တချိန်က အသုံးပြုခဲ့ကြတဲ့ အမျိုးသားမှတ်ပုံတင်ကဒ် နဲ့ယနေ့အသုံးပြုနေကြတဲ့ နိုင်ငံသား စိစစ်ရေးကဒ် တို့ရဲ့ အဓိပ္ပါယ်ကွဲလွဲမှုတွေကိုပါ။ စာဖတ်ပရိတ်သတ်များလည်း ယင်းစာသားနှစ်ခုရဲ့ အဓိပ္ပါယ်ကို ကောင်းစွာ ခွဲခြားနိုင်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။

ကြံ့ဖွံ့အသင်းဝင်များအား နိုင်ငံသား မှတ်ပုံတင် အခမဲ့ လုပ်ပေးခဲ့
အမျိုးသားမှတ်ပုံတင်ကဒ်ဆိုတာကတော့ ဒီနိုင်ငံသား ဖြစ်ကြောင်းလက်ခံထားတဲ့ကဒ်ဖြစ်ပြီး နိုင်ငံသား စိစစ်ရေးကဒ် ဆိုတာကတော့ နာမည်ထဲမှာကိုက စိစစ်ထား တုန်းရှိနေပါသေးတယ်။ နိုင်ငံသားတယောက်အဖြစ် နိုင်ငံတော်က အသိအမှတ်မပြုထားသေးပါဘူး။ ဒီတော့ ကျနော်စဉ်းစားမိတယ်၊ မြန်မာနိုင်ငံမှာ လူဦးရေသန်း ၆၀ ဝန်းကျင်ရှိတဲ့အနက် ခုလူတွေက မှတ်ပုံတင် မရဘူးဘဲပြောနေကြတယ်။ တကယ်တော့ မှတ်ပုံတင်ကို နဝတ / နအဖ အစိုးရလက်ထက်ကတည်းက မပေးတော့ပါဘူး။
ဘာကြောင့်လဲဆိုတာကို ကျနော်တို့ စဉ်းစား ကြရပါမယ်။ မနေ့(၁၁-၁၁-၂၀၁၁) နေ့က ကျနော်တို့ စကားပြောကြတဲ့ ဝိုင်းက နှစ်ယောက်ဆိုရင်ဖြင့် ပြောပြ တာကိုနားထောင်ရင်း ရင်ထဲမှာနင့်နေအောင်ကို ခံစားရပါတယ်။ တယောက်ကတော့ပြောပါတယ်။ သူရထား တာအမျိုးသားမှတ်ပုံတင်ကဒ်ပါတဲ့။ ဒါကို ကဒ်အသစ်တွေပြောင်းရမယ်လို့ ထုတ်ပြန်ပြီး ထပ်ထုတ်ပေးမယ့် ကဒ် အသစ်က စိစစ်ရေးကဒ်ဖြစ်လို့ သူ မယူဘဲ အရင်ကဒ်အဟောင်းနဲ့ပဲ နေပါတယ်တဲ့။ နောက်တယောက်ကတော့ သူ့အမေ အသက် ၇၀ ကျော်တယောက်လည်း ဟိုးအရင်က ကိုင်ထားတာက အမျိုးသားမှတ်ပုံတင်ကဒ်ပါတဲ့။ အသက် ၆၀ ကျော်အရွယ်ကျမှ ပြန်စိစစ်ခံနေရတယ်တဲ့။ ဒီလိုဆိုရင် ကျနော်တို့ အတော်များများဟာ နိုင်ငံသား အဖြစ် အသိအမှတ်ပြုခြင်းမခံရသေးသူများဖြစ်ပါတယ်။ အားလုံးဟာ စိစစ်ထားခြင်းခံနေရဆဲပါ။
ကဲဒီလိုဆိုရင် ကျနော်တို့တချက်စဉ်းစားကြည့်ရအောင်။ ဒီ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်လုံးလုံးမှာ ကျနော် တို့ နိုင်ငံသားအခွင့်အရေးတွေ မရတာဟာ ကျနော်တို့ကိုယ်တိုင်က နိုင်ငံသားမဖြစ်သေးလို့ဆိုတဲ့သဘော ဖြစ် နေပါတယ်။ ရှင်းမယ်ဆိုရင် သူ့ဘက်က ရှင်းလို့ရနေပါတယ်။ နောက်တခါ မတူညီတဲ့ စာသားနှစ်ခုကို တူသယောင်လုပ်ထားတဲ့ အစိုးရရဲ့ အချို့ကြေငြာချက်ကို ထည့်သွင်းဖော်ပြရမယ်ဆိုရင်ဖြင့် ‘လျှောက် လွှာနှင့်အတူ ပက်စ်ပို့အရွယ် ဓာတ်ပုံသုံးပုံ၊ ဘွဲ့လက်မှတ်မူရင်းနှင့် မိတ္တူ၊ အမျိုးသားမှတ်ပုံတင် သို့မဟုတ် နိုင်ငံ သားစိစစ်ရေးကတ်ပြား မူရင်းနှင့် မိတ္တူ တို့ကို ပူးတွဲတင်ပြရမည်ဖြစ်သည်’ ဆိုတာပါပဲ။ ဒါဟာ မြန်မာနိုင်ငံ ရေ ကြောင်းပညာတက္ကသိုလ်လျှောက်ထားရာမှာလိုအပ်တဲ့ စာရွက်စာတမ်းတွေအဖြစ် ကြေငြာထားတာပါ။

ကျနော်တို့ဟာ အခြား နိုင်ငံများမှာ မွေးဖွားလာပြီးတော့ ပြည်ထောင်စုမြန်မာနိုင်ငံကို ဝင်ရောက်လာပြီး နိုင်ငံသားလျှောက်ထားသူများမဟုတ်ပါ။ ဒီမြေမှာမွေး ဒီမြေမှာကြီးပြင်းပြီး ဒီမြေကြီးအတွက် အလုပ်အကြွေးပြု နေသူတွေပါ။ ဒါကို နိုင်ငံသားအဖြစ်အသိအမှတ်ပြုခြင်းမခံရဘူးဆိုတော့ဖြင့် ကျနော်တို့ဟာ ဘယ်လိုဖြစ်နေပါ သလဲ။
ကျနော့်အသိမိတ်တွေတယောက်ပြောလိုက်တဲ့စကားလေးတော့ဖြင့် ကျနော်ရင်ထဲစွဲနေရတယ်၊ “သြော် အစကတော့ ခုထုတ်ပေးနေတဲ့ ယာယီပတ်စ်ပို့ (ထိုင်းနိုင်ငံတွင် အလုပ်လာရောက်လုပ်ကိုင်သူများအတွက်) ဆို တာကို အစကတော့ ဘဝင်မကျမိဘူး၊ ဘာလို့ဆို ယာယီဆိုတာကြီးပါနေတယ်။ တခြားသင့်တော်တဲ့ နာမည်ပေး ပါလားလို့တွေးမိတယ်တဲ့။ ဒါပေမယ့် ခုတော့ ပတ်စ်ပို့ ဆိုတာကမှမှားနေတာဗျ။ ဘာလို့ဆို ကျနော်တို့က နိုင်ငံ သားအဖြစ်မှ အသိအမှတ်ပြုမခံရသေးတာ ယာယီပတ်စ်ပို့ ဘဲရမှာပေါ့” တဲ့။ နောက်ပြောသွားတဲ့ စကားလေးတ ခွန်းကတော့ အရင်ကတော့ကိုယ့်ကိုကိုယ် မြန်မာနိုင်ငံသားဆိုပြီး ဂုဏ်ယူကြွေးကြော်နေတာ ခုတော့မကြွေး ကြော်ရဲတော့ဘူးဗျာတဲ့။ ဘာလို့ဆို နိုင်ငံသားမှ မဖြစ်သေးဘဲ။ စိစစ်ခံနေရတုန်းဘဲကိုတဲ့။
ဒါတွေကြောင့်ထင်ပါရဲ့ ကျနော်တို့ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရဆိုင်ရာ သံရုံးများဟာ မိမိတို့ ကိုကြည့်ရှုစောင့်ရှောက်မှုမရှိတာဟာ မလွန်ဘူးလို့ပဲထင်မိပါတယ်။ ခုဆိုရင်ဖြင့် ကိုယ့်ကိုကိုယ် မြန်မာနိုင်ငံသား ပါလို့တောင် မပြောရဲသလောက်ဖြစ်နေပါတယ်။ တကယ်တော့ ကျနော်တို့ဟာ နိုင်ငံရှိလျက်နဲ့ နိုင်ငံပျောက်နေ ကြတာ တော်တော်ကြာနေခဲ့ပါပြီ။ တချို့ဆို စိစစ်ခံရင်းနဲ့ပဲ သေသွားခဲ့ကြပါပြီ။ ဘယ်တော့များမှ နိုင်ငံသားအဖြစ် အသိအမှတ်ပြုခံရမယ်ဆိုတာကိုဖြင့် တွေးရင်းနဲ့သာ မောရပါသည်။ ကျနော်အဲဒီအတွက်နဲ့ စဉ်းစားမိတာ ကတော့ ကျနော်တို့ဟာ နိုင်ငံသားမဖြစ်သေးဘဲ ဘာကြောင့်များ ဖွဲ့စည်းပုံအခြေခံဥပဒေကို မဲပေးခွင့်ရှိခဲ့ကြ တာလဲ။
အပိုင်း (၂) ဆက်လက် ဖော်ပြသွားပါမည်....
| < Prev | Next > |
|---|

