?????????? ?????????? ???????? ??????? ????? ????? (??????? - www.burmese.monnews.org)
ဆောင်းပါးရှင် - ဗိုလ်ရဲထက် (အပိုင်း (၁) ကို ဒီနေရာ တွင်နှိပ်၍ ပြန်လည်လေ့လာ ဖတ်ရှုနိုင်ပါသည်..)
၂၀၁၀ ရွေးကောက်ပွဲကိုကော ဘယ်လိုအကြောင်းကြောင့် မဲပေးခွင့်ရှိခဲ့ကြတာလဲ။ နိုင်ငံသားစိစစ်ရေး ကဒ်ပြားဆိုတာ အများက မှတ်ပုံတင်အဖြစ် မှတ်ယူထားပေမယ့် စာသား အဓိပ္ပါယ်အရတော့ လုံးဝကို နိုင်ငံသား မဟုတ်သေးဘူးဆိုတာ သိပ်ကို ပေါ်လွင်လှပါတယ်။ ဒီနိုင်ငံသား မဟုတ်သူတွေဟာ လွှတ်တော်မှာ တက်နေကြတယ်။ နိုင်ငံသားမဟုတ်သူတွေက မဲတွေပေးကြတယ်။ ထို့နည်းတူစွာပါဘဲ နိုင်ငံသား မဟုတ်သူတွေက ဒီနိုင်ငံအတွက် အသက်ပေးလှူရတဲ့ တပ်မတော်သားတွေ ဖြစ်နေကြတယ်။
နိုင်ငံသား မဟုတ်သူတယောက်ကို နိုင်ငံတော်ကာကွယ်ရေးမှာ အောက်ဆုံးကနေ အဆင့်မြင့်ပိုင်းအထိ တာဝန်တွေ ပေးထားတယ်။ ယာယီအမျိုးသား မှတ်ပုံတင်ကဒ် ဆိုတာတွေနဲ့ မဲတွေပေးခဲ့ကြတယ်။ ယာယီအမျိုးသား မှတ်ပုံတင်ကမှ လက်ရှိကျနော်တို့ကိုင်နေတဲ့ နိုင်ငံသား စိစစ်ရေးကဒ် ဆိုတာထက် အဆင့်အတန်း ပိုမြင့်နေပါသေးတယ်။ ဒီတော့ ကျနော်တို့တွေ ပထမဦးဆုံး လုပ်ကြရမယ့်အလုပ်က နိုင်ငံသားဖြစ်ရေး ဖြစ်နေပါပြီ။
လူ့အ ခွင့်အရေးအချက် ပေါင်း ၃၀ ရှိရာ အဲ့ဒီ လူ့အခွင့်အရေး ပါအချက်အလက်အရ လူသားတဦးဟာ မိမိနှစ်သက်ရာ တိုင်းနိုင်ငံတခုမှာ နိုင်ငံသားအဖြစ်ခံယူ ပိုင်ခွင့် ရှိနေပါတယ်။ ဒါက လူ့အခွင့်အရေး အရပါ။ ဒါပေမယ့် ခုတော့ဖြင့် မိမိတို့ဟာ မူရင်းနိုင်ငံသားအဖြစ်တောင် ခံယူပိုင်ခွင့် မရှိသေးတဲ့ လူသားများ ဖြစ်နေရတာကိုတော့ဖြင့် ဝမ်းနည်း၍ မဆုံးပါ။ ဘယ်သူတွေကများ ဒီစာသား အနက် အဓိပ္ပါယ်ကွာဟမှုကို ဂရုပြုမိခဲ့ကြသလဲ ဆိုတာကိုတော့ဖြင့် မိမိလည်းမသိရှိပါ။
နိုင်ငံတော်ကြီး တိုးတက်ဖို့ ကြိုးစားကြဖို့ထက် ဒီနိုင်ငံရဲ့ နိုင်ငံသားဖြစ်မှု အသိအမှတ်ပြုရေးဟာ ပိုလို့ အရေးကြီးပါတယ်။ ဒီနိုင်ငံသားဖြစ်မှသာ ဒီနိုင်ငံအတွက် အလုပ်လုပ်တယ်ဆိုတာ ပိုပြီးအဓိပ္ပါယ် ရှိမှာပါ။ ဒီစာသား အဓိပ္ပါယ် ကွာဟမှုကို မိမိအမြင်နဲ့ သုံးသပ်ရရင်ဖြင့် နဝတ/နအဖ အစိုးရများဟာ ပြည်သူလူထုကို နားလှည့်ပါးရိုက်ပြီး စိတ်ဓါတ်ပိုင်းဆိုင်ရာအရ အလိုလိုနေရင်း နိမ့်ကျစေရန် အခေါ်အဝေါ် ပြုပြင်ပြောင်းလဲ ခဲ့တယ်လို့ဘဲ ရှုမြင်မိပါတယ်။ ဒါ့အပြင် လူအများ သိထားကြတဲ့ နိုင်ငံတော်အမည် ပြောင်းလဲခဲ့ခြင်းများမှာလည်း ယနေ့တိုင်အောင် အငြင်းပွါးဖွယ်ရာ ဖြစ်လို့ နေပါတယ်။
ဒီလိုနဲ့ ပြောင်းလဲခဲ့တာတွေက တခုနှစ်ခုမကပါ အများမှအများကြီးပါ။ နောက်ဆုံး နားလှည့် ပါးရိုက် လုပ်ထားတာကို အထင်အရှား ပြောရမယ်ဆိုရင်ဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို စောင့်ထိမ်းကာကွယ် ရမည် နေရမှာ လေးစားလိုက်နာလို့ ပြောင်းလဲပေးခဲ့တာပါဘဲ။ ဒီလိုလေး ပြောင်းလိုက်လို့လည်း အဓိပ္ပါယ်က ထူးမခြားနားပါဘဲ။ ဒီလို လူမြင်ကောင်းအောင် ထူးမခြားနား အခေါ်အဝေါ်တွေ ပြောင်းခဲ့သလို လက်ရှိ ဒီဆောင်းပါးမှာ စာရေးသူ တင်ပြနေတဲ့ အမျိုးသား မှတ်ပုံတင် အစား နိုင်ငံသား စိစစ်ရေးကဒ်လို့ ပြောင်းလဲခဲ့တာလည်း အပါအဝင် ဖြစ်ပါတယ်။ သာမန် ကြည့်လိုက်ရင်တော့ဖြင့် ဟုတ်သလိုလို ရှိနေပါတယ်။ ကျနော်ဘဲ ဘာသာဗေဒကို မကျွမ်းကျင်လို့ဘဲလား ဆိုတာတော့ ဘာသာဗေဒ ပညာရှင်များ ဝေဖန်ထောက်ပြမှသာလျှင် ကျနော်လည်း အမြင်မှန်ရမှာ ဖြစ်ပါတယ်။
ဒီတော့ ကျနော့်ရဲ့ တထွာတမိုက် ဦးဏှောက်နဲ့ စဉ်းစားမိတာတော့ဖြင့် အမျိုးသား မှတ်ပုံတင် ဆိုပြီး တချိန်က သုံးခဲ့တဲ့ ကဒ်တွေသာလျှင် နိုင်ငံသားအဖြစ် အသိအမှတ်ပြုထားခြင်း ဖြစ်တယ်ဆိုတာပါဘဲ။ တမူထူးတာ ကတော့ အဲဒီအရင် အမျိုးသား မှတ်ပုံတင်ကဒ်မှာ မှတ်ချက်စာတမ်းလေး ပါတယ်လို့ ကိုင်ဆောင်ဖူးသူ တယောက်က ပြောပြဖူးပါတယ်။ ကျနော်သေချာမမှတ်မိတာကိုတော့ မိမိ စာဖတ်ပရိတ်သတ်များ နားလည်ပေးကြပါလို့ မေတ္တာရပ်ခံအပ်ပါတယ်။
သူ့အဆိုအရတော့ အဲဒီမှတ်ချက်စာတမ်းလေးဟာ သိပ်ကို အဆင့်အတန်း ရှိတယ် လို့လည်း ဆိုပါတယ်။ ဒါပေမယ့် ယနေ့ ကျနော်တို့ ကိုင်ဆောင်နေတဲ့ နိုင်ငံသား စိစစ်ရေးကဒ်ပြား ဆိုတာမှာတော့ မှတ်ချက်စာသားတော့ ပါပါရဲ့ အဆင့်အတန်း မရှိဘူးလို့ဘဲ ဆိုရမှာပါ။ ဒီတော့ ကျနော် ဒီဆောင်းပါးလေးကို နောက်ဆုံးအနေနဲ့ အဆုံးသတ်ချင်တာက မိမိတို့ဟာ စာသား အားဖြင့်တောင် နိုင်ငံသားဖြစ်မှုအပေါ် ကန့်သတ်ခံထားရသူများ ဖြစ်နေတယ်ဆိုတာကို သတိ ပြုမိကြစေ လိုပါတယ်။
ထို့နည်းတူစွာပင် တပ်မတော်ထဲက သူငယ်ချင်းများကိုလည်း သူငယ်ချင်းတို့ရေ ငါတို့ဟာ နိုင်ငံတော် အတွက် အသက်ကိုစွန့်ပါမယ်လို့ သစ္စာတွေ ဆိုနေကြတယ်။ ဒါပေမယ့် ငါတို့ဟာ နိုင်ငံသား ဖြစ်ပြီလား၊ နောက်ငါ့နိုင်ငံတော် ငါ့နိုင်ငံသား ငါ့တပ်မတော်အတွက်လို့ ဆိုနေကြတဲ့ သစ္စာလေးချက်မှာ ကျနော်ထင်ပါတယ် နိုင်ငံသားအဖြစ်က သူတို့ လူကြီးများ (နိုင်ငံတော် အကြီး အကဲများ၊ တပ်မတော် အကြီး အကဲများ) သာလျှင် ခံယူထားပြီး (အမျိုးသား မှတ်ပုံတင်ကဒ် ကိုင်ဆောင်ထားပြီး) ဖြစ်လို့ ကျနော်တို့ ယနေ့ တပ်မတော်ကြီးကို အများပြောနေကြတဲ့ လူတစု ကောင်းကျိုးအတွက် အလုပ်လုပ်ပေးနေတယ် ဆိုတာဟာလည်း ကျနော်တို့ သစ္စာဓိဌာန်အရတော့ မမှားဘူးလို့ဘဲ မြင်မိပါတယ်။ ဘာလို့လည်းဆိုတော့ မိမိတို့ တပ်မတော်သားများ အပါအဝင် ပြည်သူလူထု ရာခိုင်နှုန်း အတော်များများဟာ နိုင်ငံသားအဖြစ် စိစစ်ခံနေရတုန်းမို့ပါ ဆိုတာကို ရေးသား တင်ပြ လိုက်ရပါတယ် ခင်ဗျာ။
| Next > |
|---|

