ပင်မနေရာ မူဝါဒ/ဥပဒေ မူဝါဒ ခေါင်းဆောင် - အပိုင်း (၃)

ပင်မနေရာ မူဝါဒ/ဥပဒေ မူဝါဒ ခေါင်းဆောင် - အပိုင်း (၃)

ခေါင်းဆောင် - အပိုင်း (၃)

Print PDF
User Rating: / 9
PoorBest 

ဆောင်းပါးရှင် - နေဇင်လတ်  ( အပိုင်း (၂) ကို ဒီနေရာ တွင်နှိပ်၍ ပြန်လည်လေ့လာ ဖတ်ရှုနိုင်ပါသည်...)


ဒီနေ့မှာတော့ ခေါင်းဆောင်မှုကဏ္ဍမှာ ခေတ်နဲ့အညီ လိုက်လျောညီထွေ ကျင့်သုံးရမဲ့ လုပ်ထုံးလုပ်နည်းတွေ အကြောင်းနဲ့ မြန်မာပြည်မှာ ရှိနေတဲ့ စစ်အာဏာရှင်တွေနဲ့ အတိုက်အခံ အဖွဲ့အစည်း ခေါင်းဆောင်တွေရဲ့  အပြုအမှုတွေကို စစ်ဖက်နီးစပ်သူများက နှိုင်းယှဉ်သုံးသပ် ကြပုံတွေ စာဖတ်သူများ အနေနဲ့ မိမိကိုယ်တိုင် ဖြစ်စေ၊ မိမိပါဝင်ဆောင်ရွက်တဲ့ အဖွဲ့အစည်းများရဲ့ ခေါင်းဆောင်တွေကို အကြံပြုလိုရင် ဖြစ်စေ ခေါင်းဆောင်မှု အရည်အချင်း မေးခွန်းတွေကို ကျွန်တော် ကိုဖိုးတရုတ်က အပြုသဘော စေတနာထား တင်ပြလိုက်ရပါတယ်။

တိုးတက်မှုကို လိုချင်ရင် ခေါင်းဆောင်မှု ပုံစံကို တသမတ်တည်း ထားလို့ မရပါဘူး။ အစဉ်အလာ ခေါင်းဆောင်မှုပုံစံ ဟာ ခေတ်နဲ့ မလျော်ညီတော့တာ တွေ့ရပါတယ်။ ခေါင်းဆောင်မှု ပုံစံနဲ့ ပတ်သက်ပြီး ပြုပြင်ပြောင်းလွဲမှု (Flexibility) နဲ့ ကိုယ့်ကိုကိုယ် ထိန်းသိမ်း ဦးဆောင်နိုင်မှု (Self-monitoring) နှစ်မျိုးအပေါ်မှာ မူတည်ပါတယ်။ Self-monitoring လုပ်တယ်ဆိုတဲ့ နေရာမှာ ထိန်းသိမ်းတာ တခုတည်းကို မမြင်စေချင်ပါ။ ဘယ်လောက်အထိ လေ့လာနိုင်တယ် (Learn)၊ ဘယ်လောက်အထိ (Adapt) လုပ်နိုင်တယ်၊ အနာဂါတ်အမြင် (Vision) ဘယ်လောက်ရှိတယ် ဆိုတာတွေ အများကြီး ပါဝင်ပါတယ်။ ခေါင်းဆောင်ဖြစ်လို့ အရက်မသောက်ဘူး၊ ပုတီးဘဲ စိပ်တယ်ဆိုတာလောက်နဲ့ လုံလောက်တဲ့ အရည်အချင်းမျိုး မဟုတ်တော့ပါဘူး။ တာဝန်ချိန်မှာ အရက်မသောက်ဖို့နဲ့ အားလပ်ချိန်မှာ အရက်သောက်နေတုံး အရေးပေါ် ကိစ္စပေါ်လာရင် အချိန်မရွေး ဖြေရှင်းနိုင်စွမ်းရှိတဲ့ ခေါင်းဆောင်မျိုးလည်း ရှိတတ်ပါတယ်။ တရုတ်နိုင်ငံကို ကြည့်ရင် အိန္ဒိယနဲ့ ရေရှည်မှာ ပြိုင်ဘက်ဖြစ်လာနိုင်တာာကို သိတဲ့အတွက် Perspiration နည်းနဲ့သွားရင် ဖွံ့ဖြိုးမှု နှေးကွေးတာကို သိလို့ အိန္ဒိယရဲ့ Inspiration ပုံစံကို စပြီး ကူးပြောင်းနေပါတယ်။ ဒါဟာ ခေါင်းဆောင်မှုရဲ့ အမြင်နဲ့ ပြောင်းလွယ်ပြင်လွယ် ရှိမှု၊ ကိုယ့်နိုင်ငံရဲ့ ပကတိ အခြေအနေကို သိရှိမှုတွေဘဲ ဖြစ်ပါတယ်။

ခေါင်းဆောင်တွေရဲ့ စရိုက်လက္ခဏာမှာ Quality of Decision ဆိုတဲ့ ဆုံးဖြတ်မှု အရည်အသွေး ကလည်း အရေးကြီးတာ တွေ့ရပါတယ်။ သိမ်မွေ့တဲ့ ကိစ္စရပ်တွေမှာ ခေါင်းဆောင်မှု အရည်အချင်းဟာ တော်တော် အရေးကြီးပါတယ်။ စီးပွားရေးထက် နိုင်ငံရေးမှာ ပိုပြီး နက်နဲရှုပ်ထွေးတာတွေကို တွေ့နိုင်မှာလည်း ဖြစ်ပါတယ်။ ခေါင်းဆောင် တချို့ဟာ “ငါသိတယ်”၊ “ငါဘဲ တတ်တယ်” ဆိုတဲ့ Ego တွေ တော်တော်များတာ သတိထားမိပါတယ်။ ယနေ့ မြန်မာနိုင်ငံမှာ နအဖ စစ်အာဏာရှင်တွေမှာရော၊ အတိုက်အခံ အဖွဲ့အစည်း တွေမှာပါ ရှိတဲ့ ခေါင်းဆောင် တချို့ဟာ ဒီလို လူတန်းစားမျိုးမှာ ပါဝင်နေတာကို ၀မ်းနည်းဖွယ်ရာ တွေ့ရှိရပါတယ်။ ခေါင်းဆောင်တွေရဲ့ Control များရင် ရလဒ်ကောင်း နည်းပါးတတ်ပြီး ၀န်ထမ်းတွေရဲ့ ပါဝင်မှုများရင် Less Leader Control ဖြစ်ရင် ရလဒ်ကောင်း များတတ်ပါတယ်။ စုပေါင်း ခေါင်းဆောင်မှုနဲ့ အောင်မြင်မှုဟာ ပိုမိုကြီးမားတာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ စစ်ခေါင်းဆောင်တွေရဲ့ ထိန်းချုပ်မှု၊ ပိတ်ပင်မှု၊ တားဆီးမှု များနေတာကြောင့် ရလဒ်ကောင်း မဖြစ်လာဘဲ တနေ့တခြား အဖက်ဖက်က နိမ့်ကျနေတာကို တွေ့ရပါတယ်။ တသွေးတသံ တစ်မိန့်ဆိုတာဟာ စစ်ရေးအရာမှာ ထိရောက်ပေမဲ့ နိုင်ငံရေးကိစ္စမှာ တွေ့ဆုံ ဆွေးနွေးရေးနဲ့ ပေါင်းစပ်ညှိနှိုင်းရေးဟာ အရေးပါတာကို ယနေ့ စစ်အာဏာရှင်တွေက ပစ်ပယ်နေတာ တွေ့ရပါတယ်။ ပြည်သူပြည်သားတွေရဲ့ အတွေးအခေါ်၊ အမြော်အမြင်၊ ဥာဏ်ပညာ အရည်အချင်းတွေဟာ စစ်ဖိနပ်အောက်မှာ ပျောက်ကွယ်နေရပါတယ်။ ခေါင်းဆောင်ဟာ Stabilizer ဘဲ ဖြစ်သင့်ပါတယ်။ မူဝါဒ ပေါ်လစီကို မှန်မှန်ကန်ကန် ကိုင်တွယ် သင့်တဲ့အပြင် လုပ်နည်းမှာ ပါဝင် မစွက်ဖက်သင့်ပါ။ နေရာတကာ ပါနေရင် အောက်ခြေက မလုပ်တတ်တော့တာမျိုး ဖြစ်တဲ့အပြင် Idea ကောင်းတွေလည်း ထွက်မလာ နိုင်တော့ဘဲ လူ့စွမ်းအား အရင်းအမြစ်တွေ ကျဆုံးရတာ ဓမ္မတာ ဖြစ်ပါတယ်။ အများကို လုပ်ပိုင်ခွင့် ပေးမှသာ Brain Storming လုပ်ပေးရာ ကျပြီး အတွေးအခေါ် အသစ်နဲ့ ရလဒ်ကောင်းတွေ ရရှိကာ နိုင်ငံတိုးတက်မှာ ဖြစ်ပါတယ်။

အောက်ဖော်ပြထားတဲ့ ယေဘုယျ မေးခွန်း(၂၀) ဟာ သာမန်ခေါင်းဆောင်ငယ်တွေအတွက် ဖြစ်ပါတယ်။ ဖြေကြည့်ပါ။ ခေါင်းဆောင်ဖြစ်ဖို့ အသင့် ဖြစ် မဖြစ် သုံးသပ်လို့ ရပါတယ်။ မေးခွန်းများကို ဖြေမည့်သူက အောက်ပါအတိုင်း အမှတ်များကို ပေးသွားရန် ဖြစ်ပါတယ်။

လုံးဝ သဘောမတူ (၁ မှတ်)
သဘောမတူ (၂ မှတ်)
ကြားနေ (၃ မှတ်)
သဘောတူ (၄ မှတ်)
လုံးဝ သဘောတူ (၅ မှတ်)


1.    It is enjoyable having people count on me for ideas and suggestions.
2.    It would be accurate to say that I have inspired other people.
3.    It is a good practice to ask people provocative questions about their work.
4.    It is easy for me to compliment others.
5.    I like to cheer people up even when my own spirits are down.
6.    What my team accomplishes is more important than my personal glory.
7.    Many people imitate my ideas.
8.    Building team spirit is important to me.
9.    I would enjoy coaching other members of the team.
10.    It is important to me to recognize others for their accomplishments.
11.    I would enjoy entertaining visitors to my firm even if it interfered with my completing a report.
12.    It would be fun for me to represent my team at gatherings outside our department.
13.    The problems of my teammates are my problems too.
14.    Resolving conflict is an activity I enjoy.
15.    I would cooperate with another unit in the organization even if I disagreed with the position taken by its members.
16.    I am an idea generator on the job.
17.    It is fun for me to bargain whenever I have the opportunity.
18.    Team members listen to me when I speak.
19.    People have asked me to assume the leadership of an activity several times in my life.
20.    I have always been a convincing person.


Total Score:
90…100 - ဦးဆောင်မှု ပေးရန် အဆင်သင့်ဖြစ်
60…89 - အလယ်အလတ်
40…59 - အခက်အခဲများ ရှိသေး
39…Less - အသင့် မဖြစ်သေး

အထက်ပါ မေးခွန်းတွေကို လေ့လာရင် ခေါင်းဆောင်မှု ဆိုတာ အများနဲ့ ဆိုင်တယ်၊ ကိုယ့်ရဲ့ အတွေးအခေါ် အယူအဆ၊ ပုဂ္ဂိလက အရည်အချင်းတွေ ဘယ်လောက်ရှိတယ်၊ အတွေးအခေါ် ဘယ်လောက် အချိန်နဲ့ ထပ်တူကျတယ် ဆိုတာတွေကို တွေ့ရမှာ ဖြစ်ပါတယ်။


ဦးဆောင်မှု မျိုးကွဲများ


ဦးဆောင်တဲ့ နေရာမှာ တကယ့် Leadership လိုပဲ (Leading) ကို ထွေပြားတတ်ပါတယ်။ Leadership မဟုတ်ဘဲ Leading အမျိုးအစားတွေ ရှိပြန်ပါတယ်။ Leader ဆိုတာ ခေါင်းဆောင်ဖြစ်ပြီး Leadership ဆိုတာက ခေါင်းဆောင်မှုမှာ လမ်းစဉ်၊ မူဝါဒ၊ တူရူတွေ ရှိပါတယ်။ Leading ဆိုတာ ဦးဆောင်ခြင်းပဲ ဖြစ်ပြီး သီးခြား အရည်အချင်း မရှိပါဘူး။ တချို့ ပုဂ္ဂိုလ်တွေကို Leading လုပ်နေတာတွေ့ရပြီး Leader နဲ့ မှားကြပါတယ်။ ဥပမာ - အင်္ဂလန်မှာ ၀န်ကြီးချုပ်က မူဝါဒချမှတ်ပြီး သူ့ Leadership နောက်မှာ ကျန်တဲ့ Cabinet ၀န်ကြီးတွေက အကောင်အထည် ဖော်ရပါတယ်။ ဘုရင်မကြီး အဲလစ်ဇဘက်ကတော့ အင်္ဂလန်ကို Leading လုပ်တဲ့ သဘော ရုပ်ပြဖြစ်ပြီး ဘာမူဝါဒမှ ချမှတ်လို့ မရပါဘူး။

Figurehead

ရုပ်ပြ ဦးဆောင်သူပါ။ တချို့ နိုင်ငံတော်တွေမှာ သမ္မတက ရုပ်ပြဖြစ်တတ်ပြီး တချို့ နိုင်ငံက ၀န်ကြီးချူပ်ဟာ တကယ့် Leadership ကို ပေးပါတယ် ( ဥပမာ-စင်ကာပူ)။ အင်္ဂလန်မှာတော့ ဘုရင်မကြီး အဲလစ်ဇဘက်က Figurehead ဖြစ်ပြီး ၀န်ကြီးချုပ်က တကယ် ဦးဆောင်သူ ဖြစ်ပါတယ်။

Spokesperson

ပြောရေးဆိုခွင့် ရှိသူဖြစ်ပါတယ်။ တချို့ ဦးဆောင်သူတွေက ရှေ့သိပ်မထွက်ကြပါဘူး။ မူဝါဒ၊ ပေါ်လစီဆိုင်ရာကို ချမှတ်ပြီး Spokesperson ကိုပြောခိုင်းပါတယ်။ ပြောခွင့်ရှိသူပါ။ လုပ်ခွင့်ရှိသူ မဟုတ်ပါဘူး။

Negotiator

စေ့စပ်ရေးမှူးလို့ ရေးရင် ရမယ်ထင်ပါတယ်။ ညှိနှိုင်းဆွေးနွေးမှုတွေကို ဦးဆောင်ပါတယ်။ မူဝါဒ ပေးပြီး အဲဒီ မူဝါဒကြားမှာတော့ လုပ်ပိုင်ခွင့် ရှိပါတယ်။ မူဝါဒထက်ကျော်ရင် အာဏာကုန်ပါတယ်။ ဟင်နရီ ကစ်ဆင်ဂျာ ဆိုတဲ့ အမေရိကန်က နိုင်ငံခြားရေးဝန်ကြီးက အင်မတန်တော်တဲ့ Negotiator တစ်ဦး ဖြစ်ပါတယ်။ တရုတ်- အမေရိကန် ကိစ္စမှာ Ping-pong Policy ကိုစပြီး Initiate လုပ်သူ ဖြစ်ပါတယ်။ ခေါင်းဆောင်ကြီး မော်စီတုံး ကတောင် အားကျရသူအဖြစ် မှတ်တမ်းတင်ထားခြင်း ခံရပါတယ်။

Coach

အားကစားမှာ နည်းပြလို့ လူသိများပါတယ်။ စီးပွားရေး၊ နိုင်ငံရေးမှာ လမ်းညွှန်သူ ဖြစ်ပါတယ်။ နိုင်ငံရေး အာဏာ၊ စီးပွားရေး အာဏာမရှိပေမယ့် ခေါင်းဆောင်လုပ်သူတွေကို ညွှန်ပြနိုင်သူ ဖြစ်ပါတယ်။ စင်ကာပူရဲ့ ဒုတိယအကြိမ် တိုးတက်မှုကို Michael E Porter က Coach လုပ်နေပါတယ်။ GE က Jack Welch ကိုလည်း Porter ပဲ Coach လုပ်သွားတာပါ။ အဆင့်မြင့်လာတော့ Coach တွေက အဓိကကျတဲ့ Strategy ကိုပဲ ပေးပါတော့တယ်။

Team Builder

ထိရောက်တဲ့ အဖွဲ့အစည်းတွေကို ဖွဲ့စည်းတည်ထောင်သူ ဖြစ်ပါတယ်။ လူတော်ရှာဖွေရတဲ့ အလုပ်ကိုလည်း အဓိက လုပ်ပါတယ်။ စင်ကာပူရဲ့ ဒုတိယ မျိုးဆက် ၀န်ကြီးချုပ် ဂိုချုပ်တောင်ကို Team Builder က ရှာဖွေ တွေ့ရှိခဲ့ပါတယ်။ လူထုရှေ့ စကားမပြောတတ်တဲ့ ဂိုချုပ်တောင်ကို ၀န်ကြီးချုပ်ဖြစ်လာအောင် Team Builder ကပဲ စုဖွဲ့ခဲ့ပြီး Coach လုပ်သွားခဲ့တာ လီကွမ်ယူရေးတဲ့ စာအုပ်မှာ တွေ့နိုင်မှာ ဖြစ်ပါတယ်။

Team Player
Technical Problem Solver
Entrepreneur
Strategic Planner တွေဆိုပြီး ရှိပါသေးတယ်။

Entrepreneur ကို စွန့်ဦးတီထွင်သူ လို့ မြန်မာမှု ပြုထားပါတယ်။ စွန့်စားပြီး ထိုးဖောက်လုပ်ကိုင်တတ်တဲ့ အရည်အသွေး ရှိသူ ဖြစ်ပါတယ်။ ဒါပေမဲ့ Leadership Role မှာ တချို့  အားနည်းတတ်လို့ သီးခြား CEO တွေ ငှားရမ်းရပါတယ်။ Entrepreneur ဟာ လုပ်ငန်းကိုသာ စွန့်စားလုပ်ကိုင်နိုင်တာဖြစ်ပြီး အများနဲ့ဆိုင်တဲ့ Management နဲ့ Policy ဆိုင်ရာ ကိစ္စတွေမှာ Leadership Role ကို ယူနိုင်ချင်မှ ယူနိုင်ကြတာကို သတိပြု စေလိုပါတယ်။

Strategic Planner ကလည်း လူတော်တွေ ဖြစ်ပါတယ်။ အနာဂတ်ကို ကြိုမြင်သူတွေ ဖြစ်ပါတယ်။ အမေရိကန် သမ္မတ George Bush အတွက် Carl Rove က Strategic Planner သဘောမျိုး ယူဆလို့ ရပါတယ်။ အဖွဲ့အစည်းရဲ့ ဦးတည်လမ်းကြောင်းကို ချမှတ်ပေးထားပါတယ်။ အဖွဲ့အစည်းနဲ့ Environment ကို သဟဇာတ ဖြစ်အောင် လုပ်ပေးပါတယ်။ အဖွဲ့အစည်းရဲ့  မူဝါဒကို ရေးဆွဲပါတယ်။

ခေါင်းဆောင်မှု အပေါ် နားလည်ခြင်း


အခြေအနေအပေါ် ခြုံငုံမြင်တတ်ဖို့နဲ့ ခေါင်းဆောင်မှု အပေါ် နားလည်တာကို အောက်ပါ ပုံပြနဲ့ သိရှိနိုင်ပါတယ်။


အဓိက (၄) ပိုင်း ပါဝင်ပါတယ်။ ခေါင်းဆောင်ရဲ့  သွင်ပြင်နဲ့ ထင်ရှား တဲ့ လက္ခဏာ၊ ခေါင်းဆောင်ရဲ့  အမူအကျင့်နဲ့ ပုံစံ၊ အဖွဲ့အစည်းရဲ့ သွင်ပြင်၊ အတွင်းအပြင် ၀န်းကျင်တွေ အပြန်အလှန် အမှီသဟဲ ပြုနေတဲ့ ပုံစံတို့ ဖြစ်ကြပါတယ်။ Leaders' Characteristics ဟာ အတွင်းသရုပ်ဖြစ်တဲ့ အရည်အသွေး၊ မိမိကိုယ်ကို ယုံကြည်မှု၊ ပြဿနာ တစ်ရပ်ကို ဖြေရှင်းနိုင်မှုတွေ ပါဝင်ပါတယ်။ Behavior and Style မှာတော့ ဆောင်ရွက်မှု Activity နဲ့ ခေါင်းဆောင်ကြား ဆက်စပ်မှု ဖြစ်ပြီး Group Member Characteristics က အဖွဲ့အစည်းနဲ့ သက်ဆိုင်တဲ့ အကြောင်းတရား၊ စရိုက်လက္ခဏာတွေ ဖြစ်ပါတယ်။ ပတ်ဝန်းကျင်နဲ့ ဆက်စပ်တဲ့ အတွင်းအပြင်၊ အမှီသဟဲ ပြုမှုတွေကတော့ ထိရောက်တဲ့ ခေါင်းဆောင်မှု အပေါ် အတော်အသင့် လွှမ်းမိုးပါတယ်။

ပုံစံပြောင်းသွားတဲ့ ခေါင်းဆောင်မှု

၁၉၈၀ ခုနှစ်တွေဆီမှာ ခေါင်းဆောင်မှု ပုံစံ ပြောင်းသွားဖို့ အဖွဲ့အစည်းတွေရဲ့ တွန်းအား ရခဲ့ကြပါတယ်။ ယှဉ်ပြိုင်မှု ပြင်းထန်ရခြင်းက တောင်းဆိုမှု အကြောင်းရင်း ဖြစ်ပါတယ်။ သမာရိုးကျ ခေါင်းဆောင်မှုဟာ ခေတ်အမြင် Global အမြင်မှာ အံမ၀င်တော့တာ တွေ့ရပါတယ်။

ပုံစံဟောင်းမှာ ခေါင်းဆောင်ဟာ မြှားဦးမှာ နေပါတယ်။ အရာရာကို ရှေ့တန်းက ရင်ဆိုင်ပါတယ်။ စွန့်စား တီထွင်သူ (Entrepreneur) နဲ့ မှားချင်စရာပါ။ ဒီနေ့ လက်ခံသွားတဲ့ Leader က Manager တွေကို မြှားဦးမှာ ထားပါတယ်။ Leader က Stabilizer အနေနဲ့ အဖွဲ့အစည်း လမ်းကြောင်း မှန်အောင်ဘဲ ထိန်းပေးပါတော့တယ်။ မဟာဗျူဟာ ပေးတာက လမ်းကြောင်းမှန်ဖို့အတွက် “ မြှားဦးက လေခွဲတာ တော်ပေမဲ့ လမ်းကြောင်း အမှန်ကိုတော့ မတွေ့နိုင်ဘူး ”ဆိုတာကို သတိပြုစေလိုပါတယ်။

ဒီနေ့ခေတ်က လမ်းကြောင်းမှားတာနဲ့ မြောင်းထဲ ရောက်တဲ့ ခေတ်ဖြစ်လို့ မဟာဗျူဟာ မှန်ဖို့သာ အဓိက အရေးကြီးပါတယ်။ ထိရောက်တဲ့ မဟာဗျူဟာ၊ အနာဂတ် အမြင်၊ လုပ်ပိုင်ခွင့် ဖြန့်ကျက်မှုတွေဟာ အရင်ကနဲ့ မတူဘဲ ပိုပြီး အရေးပါလာပါတယ်။ Leadership နဲ့ Management ရောထွေးမှု အတွက်ကတော့ အချက် (၅) ချက်က အဓိက ခွဲခြားပေးပါတယ်။ အဲဒီ (၅) ချက်ကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။



Direction ဆိုတဲ့ လမ်းကြောင်းကို Leadership က အနာဂတ်အမြင် ပုံဖော်ယူပြီး Management က စီမံကိန်း၊ မဟာဗျူဟာ၊ မူဝါဒတွေကတဆင့် ဆင်းသက်စေတာ သတိပြုရပါမယ်။ Alignment ဆိုတဲ့ တူညီဖြောင့်တန်းစေမှု (ရည်မှန်းချက်နဲ့ လုပ်ဆောင်ချက် တထပ်တည်း ကျစေရန်) ကို စီမံခန့်ခွဲမှုက Cooperate လမ်းကြောင်းနဲ့ ချဉ်းကပ်ပါတယ်။ Leadership က ပိုပြီး အထူးပြုပါတယ်။ Corporate Strategy နဲ့ ယဉ်ကျေးမှု မျှဝေ (Shared Culture) စနစ်ကို သုံးပါတယ်။ Relationship ဆိုတဲ့ အချင်းချင်း နှီးနွယ်မှု အပေါ် Leadership က သက်ဝင်မှု၊ လှုံ့ဆော်မှုတွေနဲ့ တည်ဆောက်ပြီး Management ကတော့ အဆင့်ဆင့် စီမံခန့်ခွဲမှု အလွှာကနေ တည်ဆောက် ပါတယ်။

Personal Qualities ပိုင်းမှာ Manager တွေက သက်ဆိုင်ရာ ကျွမ်းကျင်မှု၊ သက်မွေးဝမ်းကျောင်းမှု အပေါ် အခြေခံပြီး အဆုံးအဖြတ် ခံယူရပါတယ်။ ခေါင်းဆောင်မှုကတော့ တီထွင်ကြံဆမှု၊ ဆန်းသစ်မှုတွေအပေါ် အခြေခံပြီး အရည်အသွေးကို အသတ်မှတ်ခံကြရပါတယ်။

Outcome ရလဒ်ပိုင်းမှာ Manager တွေက စံချိန်မှီမှု၊ ရည်မှန်းချက် ပြည့်မှီမှု အပေါ် အခြေခံပြီး Leadership တွေကတော့ Magnitudes နဲ့ အခြေခံ ပြုပြင်ပြောင်းလဲမှုက လားရာကောင်းဆီကို ပို့ဆောင်နိုင်မှုနဲ့ တိုင်းတာ ခံကြရပါတယ်ဆိုတာ တင်ပြရင်း ယနေ့လူငယ်တွေ အနာဂတ်မှာ ခေါင်းဆောင်ကောင်းတွေအဖြစ် ကျွန်တော်တို့ မြန်မာနိုင်ငံကြီးကို တိုးတက်အောင် စွမ်းဆောင်နိုင်ကြဖို့ ဆန္ဒပြုလိုက်ရပါတယ်ခင်ဗျား ။


အခြားသော ခေါင်းဆောင်မှုများ


ခွဲခြမ်းစိတ်ဖြာလွန်းတာ အနောက်တိုင်းရဲ့ အမူအကျင့်ပါ။ ကွဲပြားမှု မသိသာလွန်းလာတော့ လေ့လာသူတွေ တစ်ခါတလေ ရှုပ်ထွေးသွားတတ်ပါတယ်။ Transactional Leadership နဲ့ Tramsformational Leadership တွေက သိသာတဲ့ ၀ိသေသတွေနဲ့ ခွဲထုတ်မှတ်သားဖို့ လွယ်ကူပေမဲ့ တချို့ မသိသာတဲ့၊ စွမ်းရည် တစ်ခုချင်းပေါ် သတ်မှတ်တဲ့ Leadership မျိုးကိုတော့ မတင်ပြတော့ပါဘူး။ ဒါပေမဲ့ ထူးခြားတဲ့ Charismatic Leadship ကတော့ သိသင့်၊ တင်ပြသင့်တယ်လို့ ထင်ပါတယ်။

ပါရမီထူး ခေါင်းဆောင်မှု

Charismatic Leadership မှာ အောက်ပါ ၀ိသေသထူးတွေ ပါဝင်ပါတယ်။ ပြင်းထန်တဲ့ ယုံကြည်ချက်၊ ပတ်ဝန်းကျင်ကို တုံ့ပြန်မှုအားကောင်းတာတွေကတော့ တခြား အရည်အချင်းတွေထက် ပိုပြီး ပေါ်လွင်တဲ့ အချက်တွေပါ။


•    ယုံကြည်မှု
•    အနာဂတ်အမြင်
•    အနာဂတ် အမြင်ကို ပြတ်သားစေသည်
•    ပြင်းထန်သော ယုံကြည်ချက်
•    အမူစရိုက် သာမန်နှင့်မတူ ကွဲပြားသည်
•    သွင်ပြင်လက္ခဏာ ကွဲကွာ
•    ပတ်ဝန်းကျင်ကို တုံ့ပြန်မှုအားကောင်း


Leadership မှာ ချန်ထားလို့ မရတဲ့ အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ ချစ်ခင်၊ ကိုးစား၊ အကြွင်းမဲ့ ယုံကြည်မှုကို ခံရတဲ့ ခေါင်းဆောင်မှုမျိုးပါ။ တစ်ခေတ် တစ်ယောက် ပေါ်ခဲ့တဲ့ ခေါင်းဆောင်မှုမျိုး ဖြစ်ပါတယ်။ မှန်တာ၊ မှားတာ တွေနဲ့ ရလဒ်တွေပေါ်မှာ အခြေသိပ်မခံပါဘူး။ ဥပမာ ဟစ်တလာခေတ်မှာ ဟစ်တလာကို ဂျာမန်ပြည်သူ တစ်ရပ်လုံးက မှန်မှန်၊ မှားမှား အကြွင်းမဲ့ ထောက်ခံပါတယ်။ တစ်ကမ္ဘာလုံးက အော့ကြောလန်နေပေမဲ့ သူ့ပြည်သူက ဟစ်တလာ ခိုင်းသမျှ မျက်လုံးပိတ်ပြီး လုပ်ဆောင်ခဲ့ကြပါတယ်။ မြန်မာလို ပြောရရင် “စန်း” ထ တဲ့အချိန်မှာ လုပ်ချင်ရာ လုပ်နိုင်တဲ့ ခေါင်းဆောင်မှုမျိုး ဖြစ်ပါတယ်။ ကောင်းတာ ရှိသလို၊ ဆိုးတာတွေလည်း ရှိပါတယ်။ Willner ဆိုတဲ့ ပညာရှင်တစ်ဦးက နိုင်ငံရေးနဲ့ ပတ်သက်ပြီး Charismatic ဖြစ်တဲ့ ခေါင်းဆောင်တွေကို ရွေးချယ်ပြသခဲ့ပါတယ်။


•    ကတ်စ်ထရို (ကျူးဘား)
•    မဟတ္တမဂန္ဒီ (အိန္ဒိယ)
•    ဟစ်တလာ (ဂျာမနီ)
•    ခိုမေနီ (အီရန်)
•    မူဆိုလီနီ (အီတလီ)
•    ရုစ်ဗဲလ် (အမေရိကန်)
•    ဆူကာနို (အင်ဒိုနီးရှား)

အရေးကြီးတာ တစ်ခုက Charismatic Leader တွေဟာ နိုင်ငံရေးမှာ နည်းသော်ငြားလည်း ပေါ်ပေါက်နိုင်ခဲ့ပေမဲ့ စီးပွားရေး မျက်နှာစာမှာ အကျိုးအမြတ် (ငွေကြေး) ကို တိုင်းတာတဲ့ အတွက် ဘယ်လောက် ရှုံးရှုံး တစ်ခဲနက် ထောက်ခံခဲ့ရတဲ့ CEO မပေါ်သေးပါဘူး။ နိုင်ငံရေးနဲ့ပိုပြီး ပတ်သက်တဲ့ ခေါင်းဆောင်မှုမျိုးလို့ မှတ်ချက်ပေးရင် ရပါလိမ့်မယ်။ Globalized ဖြစ်နေတဲ့ ခေတ်သစ်မှာတော့ အဲဒီ ခေါင်းဆောင်မှုမျိုးဟာ ခေတ်မစားနိုင်တော့ပါဘူး။ သတင်း အချက်အလက် ကူးလူးမြန်ဆန်မှုနဲ့ ပြည်သူတွေရဲ့  အခြေခံအသိ မနိမ့်တော့တဲ့ ခေတ်ဖြစ်လို့ မျက်လုံးမှိတ် ယုံစား၊ ချစ်ခင်တယ် ဆိုတာ အရင်ခေတ်လို ပြန်မဖြစ်နိုင်တော့ဘူး ဆိုတာ သတိထား သင့်ပါတယ်။


Charisma

Charisma ဆိုတဲ့ ဝေါဟာရက “ဂရိ” က ဆင်းသက်လာပြီး ဘုရားသခင်က ပေးတဲ့ လက်ဆောင်လို့ အဓိပ္ပာယ် ဖော်ယူနိုင်ပါတယ်။ ခေါင်းဆောင်မှု ကဏ္ဍအနေနဲ့ ဆွေးနွေးရရင်တော့ “သီးခြားအရည်အသွေးရှိသောသူ၊ သြဇာအာဏာနဲ့ သာမန်လွန် ဆုံးဖြတ်ချက်တွေ ချနိုင်ရန် ပေါ်ပေါက်လာသူ၊ အခြားသူများနှင့် ကွဲပြားသောသူ” လို့ အဓိပ္ပာယ် ဖွင့်ဆိုနိုင်ပါတယ်။ အပြုသဘောဆောင်ပေမဲ့ တခြားသူတွေ အပေါ် လွှမ်းမိုးလိုစိတ် ပြင်းထန်သူမျိုး ဖြစ်ပါတယ်။ Charismatic Leader တွေမှာ ကောင်းတဲ့ဘက်မှာ ရှိသလို (ဥပမာ-မဟတ္တ မဂန္ဒီ)၊ မကောင်းတဲ့ ဘက်ရောက်သွားသူတွေမှာလည်း ရှိကြပါတယ် (ဥပမာ-ဟစ်တလာ)။ Microsoft သူဌေးကြီး Bill Gates ကိုလည်း Charismatic Leader လို့ သတ်မှတ်ကြပေမဲ့ အမြင်မတူမှုတွေ တော်တော် များများ ရှိကြပါတယ်။ ပါရမီထူးလို့ သတ်မှတ်ကြပေမယ့် အမြင်မတူမှုတွေ တော်တော်များများ ရှိကြပါတယ်။ ပါရမီထူး ခေါင်းဆောင်လို့ ပြောရင် ရမယ် ထင်ပါတယ်။ ပါရမီရှင်တော့ မဟုတ်ပါ။ Bill Gates မှာ ပါရမီထူး ရှိပြီး ချစ်ခင်သူတွေ အများကြီးပါ။ ဒါပေမဲ့ သူ့ရဲ့ တိုက်ခိုက်တတ်မှု၊ ပွင့်လင်းမှု၊ ထိန်းချုပ်မှု လွန်ကဲခြင်း၊ ယှဉ်ပြိုင် ရန်လိုမှုတွေကို ထောက်ပြကြတဲ့သူတွေလည်း အများကြီးပါ။ Negative ရှုထောင့်က ဝေဖန်သူတွေကတော့ မကောင်းမြင်ကြပါတယ်။

မဟတ္တမဂန္ဒီကြီးလို ခေါင်းဆောင်ကတော့ ရှင်းပါတယ်။ ၀ိဝါဒ ကွဲစရာ မရှိပါဘူး။ အိန္ဒိယကလည်း ချစ်တယ်၊ ကမ္ဘာကလည်း ချစ်တယ်။ ဟစ်တလာလို ခေါင်းဆောင်ကျတော့ ဂျာမန်ပြည်သူက ချစ်ပေမဲ့ ကမ္ဘာက ဆန့်ကျင်ဘက် ရှုထောင့်က ကြည့်ခြင်း ခံရတယ်။ Charismatic Leadership ကို တချို့ က Transformational Leadership (အသွင်ပြောင်း ခေါင်းဆောင်မှု) ရဲ့ အစိတ်အပိုင်း တစ်ခုလို့လည်း သဘောထားတာ တွေ့ရပါတယ်။

အဓိက မြင်သာတဲ့ အတိုင်းအတာ တစ်ခုကတော့ ခေါင်းဆောင်မှုနဲ့ ခေါင်းဆောင်မှုခံသူများရဲ့ ဆက်နွှယ်မှုပဲ ဖြစ်ပါတယ်။ ခေါင်းဆောင်မှု ခံသူများက ခေါင်းဆောင်အပေါ် ပါရမီထူးသူတစ်ဦးလို့ ယုံကြည်ကြခြင်း ဖြစ်ပါတယ်။ “ဘယ်နေရာတော်တယ်” ဆိုတဲ့ အနုစိတ် အတွေးမရှိဘဲ ခြုံငုံပြီးတော့ “သူ အားလုံး လုပ်နိုင်တယ်” လို့ မျက်လုံးစုံမှိတ် ယုံကြည်ခြင်းဟာ Charismatic Leadership တွေရဲ့  မဟာ ဆုလာဘ်ကြီးလည်း ဖြစ်ပါတယ်။ ကမ္ဘာကျော် Wal-Mart စတိုးကြီးကို တည်ထောင်ခဲ့တဲ့ Sam Walton မှာ အဲဒီလို ၀ိသေသထူး ရှိပါတယ်။ သူ့ရဲ့ လူတွေက Walton ကို ဘယ်လောက်အထိ ယုံကြည်သလဲဆိုရင် သူတို့ရဲ့  အနာဂတ်အတွက် စိတ်တုံးတုံးချတဲ့အထိ ယုံကြည်မှုမျိုး ပေးအပ်ခြင်း ခံခဲ့ရသူ ဖြစ်ပါတယ်။

Last Updated ( Wednesday, 16 November 2011 09:29 )  

နောက်ဆုံးရသတင်းများ