Related information payday loans 50 up to
ပင်မနေရာ မူဝါဒ/ဥပဒေ သုတေသန မြန်မာပြည်အပေါ် လွှမ်းမိုးလာနေတဲ့ တရုတ်ပြည် - အပိုင်း (၄)

ပင်မနေရာ မူဝါဒ/ဥပဒေ သုတေသန မြန်မာပြည်အပေါ် လွှမ်းမိုးလာနေတဲ့ တရုတ်ပြည် - အပိုင်း (၄)

မြန်မာပြည်အပေါ် လွှမ်းမိုးလာနေတဲ့ တရုတ်ပြည် - အပိုင်း (၄)

Print PDF
User Rating: / 1
PoorBest 

??????????????????? ??????????????????? ????????????

ဆောင်းပါးရှင် - မောင်တင့်တယ် ( အပိုင်း ( ၃ ) ကို ဒီနေရာ တွင် နှိပ်၍ ပြန်လည်လေ့လာဖတ်ရှုနိုင်ပါသည် )

၁၉၈၀ ခုနှစ် အလယ်ပိုင်းက ထွက်ပေါ်ခဲ့တဲ့ နာမည်ကြီး ၀တ္ထုတိုစာရေးဆရာ ညီပုလေးရဲ့ “စပါးကြီးမြွေ” ဆိုတဲ့ ၀တ္ထုတိုထဲမှာ ဒီကိစ္စကို အထင်အရှား ထင်ဟပ် ဖော်ပြထားတာ စတင်တွေ့ရပါတယ်။ အလားတူ ၂၀၁၀ အစောပိုင်းက ထွက်ပေါ်ခဲ့တဲ့ မန္တလေးနှစ် (၁၅၀) ပြည့် အထိမ်းအမှတ် အနေနဲ့ လုပ်ခဲ့တဲ့ အငြိမ့်ပွဲတစ်ခုမှာ နာမည်ကြီး လူရွှင်တော်ကြီး ဦးချစ်ဖွယ်ရဲ့ “မန္တလေးသားစစ်စစ်” ဆိုတဲ့ သရုပ်ဖော် ပြဇာတ်တစ်ခုမှာ မန္တလေးတွင် တရုတ်တွေ ဘယ်လောက် လွှမ်းနေသလဲဆိုတော့ တရုတ်တွေ အများစုနေတဲ့ ပတ်ဝန်းကျင်ကြီးမှာ မန္တလေးသား ဗမာစစ်စစ်ကြီးက တရုတ်ကြီးတစ်ယောက်လို စကားဝဲသွားရတဲ့ ကြေကွဲဖွယ် အဖြစ်သနစ်ကို ဟာသဆန်ဆန် ထုတ်ဖော် တင်ဆက်သွားတာတွေကိုလည်း အဆက်မပြတ် တွေ့မြင်နေရပါတယ်။

ဒီလို တရုတ်လူမျိုးတွေ အဆက်မပြတ် ၀င်ရောက်လာနေတာကို သိနေရပေမဲ့လည်း (၁) သန်းကျော်လောက်ရှိတဲ့ မန္တလေး လူဦးရေထဲမှာ တရုတ်လူမျိုး အခြေချ ၀င်ရောက်လာသူတွေ ဘယ်လောက်များနေပြီလဲ ဆိုတာကိုတော့ အတိအကျ ဘယ်သူမှ မသိကြပါဘူး။ အကြမ်းဖျဉ်း ခန့်မှန်းချက်အရ ဆိုရင်တော့ မန္တလေးတစ်မြို့လုံးမှာရှိတဲ့ လူဦးရေရဲ့ ၃၅% ကနေ ၄၀% လောက်ထိ တရုတ်တွေ ဖြစ်တယ်လို့ ပြောကြပါတယ်။ ဒီတော့ ဒီတရုတ်တွေ ဘယ်လို စ၀င်လာသလဲဆိုတာကို ကြည့်ရင် ၁၉၈၄ က လောင်ကျွမ်းခဲ့တဲ့ မန္တလေးမြို့လယ်ခေါင်မီးကြီးနဲ့  စတင်ခဲ့တယ်လို့ဘဲ ပြောဆိုရမှာပါ။ ဒီမီးက အိမ်ခြေ (၃) ထောင်လောက် ဖျက်ဆီး ပစ်လိုက်တယ်။ လူပေါင်း (၂) သောင်း (၃) ထောင်လောက် အိုးမဲ့အိမ်မဲ့ ဖြစ်သွားတယ်။ အဲဒီခေတ်ကတည်းက (မဆလ) အစိုးရမှာ မီးဘေး ဒုက္ခသည်တွေကို ပြန်လည်ထူထောင်ပေးတဲ့ အာမခံ စီမံကိန်းတွေ မရှိတော့ မီးလောင်လို့ လစ်လပ်သွားတဲ့ မြေကွက်တွေကို ဗမာတွေက ပြန်မဆောက်နိုင်ကြတဲ့အခါ တရုတ်တွေဟာ သိမ်းကြုံး ၀ယ်ယူပါတော့တယ်။ ဒီလိုနဲ့ မူလ ဗမာ၊ မန္တလေးသားတွေက မြို့ပြင်ကွက်သစ်တွေကို ရောက်သွားပြီး မြို့လယ်မှာ တရုတ်တွေ စတင် လွှမ်းမိုးလာပါတော့တယ်။

ဒီကနေ့ မန္တလေးတစ်မြို့လုံးမှာ ဘယ်နေရာကြည့်ကြည့် တရုတ်ပိုင် အဆောက်အဦးတွေချည်းဘဲလို့ နာမည်ကြီး စာရေးဆရာ ကျော်ရင်မြင့်က ပြောပါတယ်။ ပြည့်တန်ဆာခန်းတွေနဲ့ ညကပွဲရုံတွေ အများစုကလည်း တရုတ်လုပ်ငန်းရှင်တွေ  ပိုင်ဆိုင် လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။ တရုတ်ဘုရားကျောင်းကစလို့ တရုတ်ကုန်တိုက်ကြီးတွေ အထိ မန္တလေးရဲ့ လူမှုဘ၀ပုံရိပ်မှာ တရုတ်ယဉ်ကျေးမှုက လွှမ်းမိုး သက်ရောက်လာနေတယ်။ မြန်မာမိန်းကလေးတွေနဲ့ တရုတ်တွေရဲ့ လက်ထပ်ထိမ်းမြားမှုတွေက တိုးမြင့်လာနေပြီး မင်္ဂလာပွဲတွေမှာတောင်မှ တရုတ် ဓလေ့ ထုံးတမ်းစဉ်လာတွေဟာ လွှမ်းမိုးလာနေတယ်။

ဒါတွေကို ဒေသခံတွေက စိတ်မသက်မသာနဲ့ လက်ပိုက် ကြည့်နေကြရတယ်။ မန္တလေးရဲ့ဘ၀တွေကို တရုတ်တွေနဲ့ တရုတ်-ဗမာ ကပြားတွေက လွှမ်းမိုးသွားမယ့် နေ့၊ ရက်တွေကို နာမည်ကျော် စာရေးဆရာ ကျော်ရင်မြင့်ကတော့ ကြိုတင်မြင်နေပြီး သက်မ ချနေရတယ်လို့ ဆိုပါတယ်။ ဒါ့ပြင် ဈေးပေါပေါနဲ့ ၀ယ်လို့ရတဲ့ တရုတ်လုပ် မော်တော်ဆိုင်ကယ် တွေကလည်း မန္တလေးမြို့ပေါ်မှာ အစင်းရေ (၂) သိန်းခွဲ (၃) သိန်း လောက်ထိ ရှိလာပြီး မော်တော်ဆိုင်ကယ်သံတွေနဲ့ မန္တလေးမြို့ကြီးဟာ ဆူညံနေပါတော့တယ်။ ဒီဆိုင်ကယ်တွေရဲ့ အရည်အသွေးကလည်း အကြမ်းမခံဘဲ စီးနေရင်း ရှေ့ဖောက်ကျိုးသွားပြီး မောင်းသူအတော်များများ အသက်ဆုံးရှုံးရတဲ့ ဖြစ်စဉ်တွေလဲ မကြာခဏဆိုသလို ကြားနေရပါတယ်။

ဒါတွေက စစ်အာဏာရှင်ကြီးတွေရဲ့ တရားအားထုတ်(တရုတ်အားထား) နေတဲ့ ပေါ်လစီအောက်မှာ အာဏာပိုင်တွေရဲ့ ငွေရရင် ဘာမဆို လုပ်မယ်ဆိုတဲ့ အဂတိလိုက်စားမှုနဲ့ ယဉ်ပါးနေတဲ့ အကျင့်ဆိုးတွေကြောင့် မန္တလေးမှာ တရုတ်တွေ လွှမ်းလာတာ ဖြစ်ပါတယ်။ ငွေရှိတဲ့တရုတ်တွေ မြို့ထဲဝင်လာတော့ ငမွဲဒေသခံတွေက မြို့ပြင်ထွက်သွားရတယ်။ ငွေရှိတဲ့ တရုတ်တွေ ရောက်လာတော့ မျိုးမျိုးမြက်မြက် လာဘ်လာဘတွေ ရနေလေတော့ တရုတ်တွေ ရောက်လာတာ၊ များလာတာကို အာဏာပိုင်တွေက ၀မ်းတောင်သာကြပါသေးတယ်လို့ အရပ်သားတွေက ပြောဆိုနေကြပါတယ်။

ဒါ့အပြင် မန္တလေးတိုင်း ရွှေလီမြစ်ရိုး အနီးက တကောင်းမြို့နဲ့ မြတောင်ရွာအကြားမှာ ဆောက်လုပ်နေတဲ့ နီကယ်စက်ရုံမှာ  စက်ရုံဆောက်တဲ့ အလုပ်သမားကအစ တခါတည်း တရုတ်က ခေါ်လာတာ၊ (၂၀၀၀) လောက် ရှိတယ်လို့ ဆိုပါတယ်။ ဒေသထဲကို ဒီလို တရုတ်လူမျိုး အများအပြား ရောက်ရှိနေတဲ့အတွက် ဒေသအတွင်းမှာ လောင်းကစားဝိုင်းတွေ၊ ပြည့်တန်ဆာလုပ်ငန်းတွေ ပေါများလာပြီး မြန်မာလူငယ်တွေနဲ့ အမျိုးသမီးများအကြား လူမှုရေးနဲ့ အကျင့်စာရိတ္တ ပျက်ပြားမှုတွေ၊ ခိုက်ရန်ဖြစ်ပွားမှုတွေ ဖြစ်ပေါ်နေတာတွေလဲ မကြားချင်အဆုံး ဖြစ်လို့နေပါတယ်။

ဒီအခြေအနေတွေ မျိုးစုံအောက်မှာ ၂၀၀၇ ခုနှစ် အောက်တိုဘာလ ၇ ရက်၊ တနင်္ဂနွေနေ့ မနက်ခင်းတစ်ခုမှာတော့ မန္တလေးမှာနေတဲ့ တရုတ်ကောင်စစ်ဝန် တစ်ယောက်ကို ဘယ်သူမှန်း မသိတဲ့ မော်တော်ဆိုင်ကယ် စီးသမားတစ်ယောက်က သေနတ်နဲ့ ပစ်ခတ်သွားတဲ့ အမှုတစ်ခု ဖြစ်ခဲ့ပါတယ်။ သံရုံးကို ကျည်ဆံအတော်များများ မှန်ပေမဲ့ တစ်ယောက်မှတော့ ထိခိုက် ဒဏ်ရာရတာ မရှိခဲ့ပါဘူး။ ဒါက အဲဒီအချိန်ကတည်းက မန္တလေးမှာ တရုတ်တွေ တွင်ကျယ် လွှမ်းမိုးလာနေတာကို မကျေနပ်တဲ့ လက္ခဏာကို ဖော်ပြတဲ့ သာဓကတစ်ခု ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းကလဲ အလားတူဆန်တဲ့ အဖြစ်အပျက်တစ်ခု ပေါ်ပေါက်ခဲ့ပါသေးတယ်။ အဲဒါကတော့ မန္တလေးမြို့တော်ဝန် ဗိုလ်မှူးချုပ် ဖုန်းဇော်ဟန်ရဲ့ ရုံးခန်းထဲကို တရုတ်လင်မယား (၂) ဦး က ဘောင်းဘီတိုနဲ့ စွပ်ကျယ်ဝတ်ပြီး ၀င်လာတော့ မြို့တော်ဝန် ဗိုလ်မှူးချုပ်က ၀န်ထမ်းအများရှေ့မှာ အရှက်ရပြီး မောင်းထုတ်ခဲ့ရတဲ့ အဖြစ်ပျက်ကလေးပါ။ နောက်ကွယ်မှာတော့ ဒီတရုတ်လင်မယား (၂) ဦးက မြို့တော်ဝန်ကြီးကို ဘယ်လောက် ပေးကမ်းခွံ့ကျွေးနေသလဲ ဆိုတာကိုတော့ ကာယကံရှင်တွေ ကိုယ်တိုင်ကလွဲလို့ ဘယ်သူမှ မသိနိုင်ပါဘူး။

ဒါ့ပြင် ပြီးခဲ့တဲ့နှစ် ရန်ကုန်မြို့ တရုတ်သံရုံးမှာ ကျင်းပပြုလုပ်ခဲ့တဲ့ တရုတ်နှစ်သစ်ကူးပွဲတော်မှာ နအဖ ကောင်စီဝင်၊ ကစထမှူး ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေကိုယ်တိုင် တက်ရောက် အားပေးချီမြှင့်ခဲ့ပြီး တရုတ်ရိုးရာလက်ဆောင် (အန်ပေါင်း) ပေးတာတွေကို လက်ခံ ရယူတာမျိုးတွေ တွေ့လာရပါတယ်။ ဒါတွေက တရားမ၀င် လာဘ်လာဘယူနည်း တစ်မျိုးလည်း ဖြစ်ပါတယ်။ ဒီနှစ်သစ်ကူးပွဲတော်မှာ တက်ရောက်လာသူတွေကတော့ မြန်မာပြည်မှာ အခြေစိုက် သတင်းယူနေတဲ့ တရုတ်သတင်းထောက် (၂၀၀) ကျော်၊ ဒီမှာကျောင်းတက်နေတဲ့ တရုတ်ကျောင်းသားတွေ၊ မြန်မာပြည်မှာ အခြေစိုက် လုပ်ကိုင်နေတဲ့ တရုတ်ကုမ္ပဏီပေါင်းများစွာက ကိုယ်စားလှယ်တွေ၊ တရုတ်စီးပွားရေး အသိုင်းအ၀ိုင်းက လူကြီးတွေ အများအပြား တက်ရောက်လာခဲ့ပါတယ်။

အရင် မဆလခေတ်ကတောင် မတွေ့မမြင်ရတဲ့ မြင်ကွင်းသစ်တွေ ဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်တိုင် တက်ရောက်မချီးမြှင့်တာဘဲ ကျန်ပါတော့တယ်။ ရန်ကုန်မြို့ (၁၉) လမ်း တရုတ်တန်းတ၀ိုက်မှာ ဗမာစကား လုံးဝမတတ်သည့် တရုတ်လူမျိုးများ တွေ့ရှိရပါတယ်။ မူရင်းဇစ်မြစ် စသည်မှာ န၀တ အစိုးရလက်ထက်ကပင် ကိုးကန့်လူမျိုးအား တိုင်းရင်းသားအဖြစ် တရားဝင် အသိအမှတ်ပြုပြီး မှတ်ပုံတင် ထုတ်ပေးသည်မှစကာ ယူနန်ပြည်နယ်မှ တရုတ်လူမျိုးများ ထောင်သောင်းချီပြီး လူဦးရေ ၀ါးမျိုမှု စတင်လာခဲ့ခြင်း ဖြစ်ပါတယ်။

မန္တလေးမှာဆိုလဲ အရှေ့တိုင်းစားသောက်ဆိုင်မှာ ကျင်းပခဲ့တဲ့ တရုတ်နှစ်သစ်ကူးပွဲတော်မှာ အလယ်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ်တင်ငွေနဲ့ မြို့တော်ဝန် ဗိုလ်မှူးချုပ် ဖုန်းဇော်ဟန်တို့ကိုယ်တိုင် အရေးတယူ တက်ရောက် ချီးမြှင့်ခဲ့တာကို တွေ့မြင်နေရပါတယ်။ ဒီပွဲမှာလည်း မန္တလေးမှာ ဖွင့်ထားတဲ့ တရုတ်ကျောင်းက ကိုယ်စားလှယ်တွေ၊ တရုတ်အသိုင်းအ၀ိုင်းက လူကြီးတွေ၊ မြန်မာပြည်မှာ စာလာသင်နေတဲ့ ပြည်ကြီးက ကျောင်းသားတွေနဲ့ အလုပ်လာလုပ်နေတဲ့ တရုတ်ကုမ္ပဏီတွေက လူတွေ၊ တရုတ်မြန်မာနယ်စပ်မှ တရုတ်အသိုင်းအ၀ိုင်းက လူကြီးတွေ စုစုပေါင်း (၄၀၀) ကျော်လောက် တက်ရောက်ပြီး ၀ှဲချီးကျင်းပခဲ့တာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

အပိုင်း ( ၅ ) ကို နောက်တစ်ပတ် တနင်္လာနေ့တွင် ဆက်လက် ဖော်ပြသွားပါမည်...

Last Updated ( Thursday, 04 April 2013 16:07 )  

နောက်ဆုံးရသတင်းများ

နောက်ဆုံးရဆောင်းပါးများ