How do I apply payday loan Your Finances are your own Business
ပင်မနေရာ မူဝါဒ/ဥပဒေ သုတေသန ယနေ့ကာလ စစ်ဘက်ဆိုင်ရာ လုပ်ငန်း ရည်မှန်းချက် တာဝန် အနာဂါတ် - အပိုင်း (၉)

ပင်မနေရာ မူဝါဒ/ဥပဒေ သုတေသန ယနေ့ကာလ စစ်ဘက်ဆိုင်ရာ လုပ်ငန်း ရည်မှန်းချက် တာဝန် အနာဂါတ် - အပိုင်း (၉)

ယနေ့ကာလ စစ်ဘက်ဆိုင်ရာ လုပ်ငန်း ရည်မှန်းချက် တာဝန် အနာဂါတ် - အပိုင်း (၉)

Print PDF
User Rating: / 2
PoorBest 

ကွဲပြားခြားနားသော လက်တင်အမေရိက နိုင်ငံများ - အပိုင်း (၉)

ဘာသာပြန် ဆောင်းပါးရှင် - ကိုကျော်ထင် ( အပိုင်း (၈) ကို ဒီနေရာ တွင်နှိပ်၍ ပြန်လည်လေ့လာဖတ်ရှုနိုင်ပါသည်...)

လက်တင်အမေရိက အစိုးရများအနေဖြင့် အရပ်ဘက်အုပ်ချုပ်မှုအား စစ်မှန်သည့် စစ်ဘက်တို့၏ နာခံမှု (genuine military subordination to civilian authority) အားသေချာစေရန်အ တွက် မည်ကဲ့သို့ ဦးလှည့်ဆောင်ရွက်သင့်ပါသလဲ။ ပထမဆုံးလိုအပ်ချက်တခုမှာ ရှင်းလင်းစွာ အဓိပ္ပါယ်ဖွင့်ထားသော ကာကွယ်ရေးမူဝါဒများ ရှိရန်ဖြစ်ပေသည်။ လက်ရှိအနေအထားတွင် ဒေသအတွင်းမှ အစိုးရအများစုတွင် ၄င်းအရာများ လျော့နည်းနေပေသည်။ စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူများ၏ အကြံပြုမှုများနှင့် အရပ်သားအာဏာပိုင်များသည် မည်ကဲ့သို့သော လက်နက် ကိုင်တပ်ဖွဲ့ အမျိုးအစားများ လိုအပ်သည်ကို၎င်း၊ မည်ကဲ့သို့သောလုပ်ငန်းမစ်ရှင် အမျိုးအစားများကို ထိုလက်နက်ကိုင် တပ်ဖွဲ့များအား တာဝန်ထမ်းဆောင်စေမည်ကို၎င်း ၊ ထိုလုပ်ငန်းမစ်ရှင်အား ထမ်း ဆောင်ရန်လိုအပ်သည့် အရင်းအမြစ်အမျိုးအစားများနှင့် အဆင့်အနေအထားများကို၎င်း ဆုံးဖြတ်ရမည်ဖြစ်ပေသည်။ ထိုကာကွယ်ရေးမူဝါဒများကို ထိရောက်စွာလုပ်ဆောင်နိုင်ရန်အတွက် စစ်ဘက်ဆိုင်ရာ အရေးအရာများနှင့်ပတ်သက်၍ နှံ့စပ်သိမြင်သော နိုင်ငံရေးသမားများ အများအပြား တိုးတက်ပေါ်ပေါက်လာရန် လိုအပ်ပေသည်။

အာဂျင်တီးနားတပ်မတော်၏ စစ်ရေးပြအခမ်းအနားတစ်ခု

အစိုးရများသည် ပြည်တွင်းလုံခြုံရေး ဆိုင်ရာကိစ္စရပ်များ နှင့်ပတ်သက်၍ စစ်ဘက်တို့၏ ပါဝင်မှုများအတွက် ရှင်းလင်းသော တရားဝင်လမ်းညွှန်ဘောင်များ ပုံဖေါ်ပြဌာန်း ပေးရမည်ဖြစ်သည်။ နောက်ဆုံး အားဖြင့်ဆိုရလျှင် အစိုးရများအနေဖြင့် အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရေး ဆိုင်ရာလုပ်ငန်းများနှင့် တခြားသောအရပ်ဘက် - စစ်ဘက်အပြန်အလှန် ဆက်ဆံ ဆောင်ရွက်ရသော လုပ်ငန်းများကို ဖြတ်သန်းဆောင်ရွက်လျက် စစ်ဘက်တို့၏ အမျိုးတူသူများ စုနေသည့်စိတ်ထား (ghetto mentalily) ကို လျော့နည်းလာအောင် ကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်ပေသည်။ တချို့သောအစိုးရများအနေဖြင့် ထိုဧရိယာနယ်ပယ်များတွင် တိုးတက်မှုများကို ပြုလုပ်ခဲ့ပြီး (ဥပမာအားဖြင့် အရပ်ဘက် တက္ကသိုလ်များနှင့် စစ်ဘက် တက္ကသိုလ်များအကြား ပညာရေး ဆိုင်ရာအပြန်အလှန် ဖလှယ်မှုများ တိုးတက်စေခြင်း) ဖြစ်သော်ငြားလည်းဘဲ အရာများစွာ ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေပေသေးသည်။

ရှေ့သို့တိုးတက်မှုများ လုပ်ဆောင်ရေးအပေါ် ဖြစ်နေသော အရေးကြီးဆုံးအတားအဆီး ၂ ခုမှ ဆင်းသက်ဖြစ်ပေါ် လာနေပေသည်။ ၄င်းတို့မှာ လက်နက်ကိုင် တပ်ဖွဲ့များ၏ အမွေ ဆက်ခံရရှိထားသော ဗျူရိုကရေစီ ယန္တရားအပေါ်၌ နေမြဲနေလိုသောဆန္ဒနှင့် လိုအပ် သောအပြောင်းအလဲများ ပြုလုပ်ရန်အတွက် အရပ်သားနိုင်ငံရေး အာဏာပိုင်များ၏ နိုင်ငံရေး ဆန္ဒများ လျော့နဲနေခြင်းတို့ပင်ဖြစ်သည်။ အရပ်ဘက်အရာရှိများသည် သူတို့နှင့် တန်းတူ စစ်ဘက်ခေါင်းဆောင်များနှင့် သင်္ကေတအရနှင့် သမိုင်းအရ အရေးကြီးသော အရေး ကိစ္စများအပေါ်၌ အစွမ်းကုန် တိုက်ပွဲဝင်ခဲ့ပြီးဖြစ်သည်။ လွန်ခဲ့သောကာလများက တည်ရှိခဲ့သော စစ်အစိုးရများအုပ်ချုပ်စဉ်က ကျူးလွန်ခဲ့သော လူ့အခွင့်အရေး ချိုးဖေါက်မှုများအပေါ်၌ တာဝန်ရှိသော စစ်ဘက်အရာရှိများအား အရေးယူ အပြစ်ပေးရေး ကိစ္စလိုမျိုးဖြစ်သည်။ သို့သော်လည်း မကြာခဏဆိုသလိုပင် အခြေခံပြုပြင် ပြောင်းလဲမှုများဆီသို့ ရှောင်တိမ်းလှီးလွှဲ၍ ထွက်သွားလေ့ရှိပေသည်။ အမှန်အားဖြင့်ပြောရလျှင် များစွာသော ပြုပြင် ပြောင်းလဲမှု အစပြုမှုများသည် စစ်ဘက်တို့၏ ကိုယ်တိုင်အတွင်း၌ပင် စတင်ခဲ့နှင့် ပြီးဖြစ်သည်။

ချီလီတပ်မတော်၏ စစ်ရေးပြအခမ်းအနားတစ်ခု

အရပ်ဘက်အုပ်ချုပ်မှုအား စစ်မှန်သောစစ်ဘက်မှ နာခံမှုပေးရေးသည် ထိရောက်သော အရပ်ဘက်၏ ကြီးကြပ်ကွပ်ကဲမှု၊ ထိန်းချုပ်မှုအောက်၌ ၄င်းတို့၏လုပ်ငန်းမစ်ရှင်များကို မှတ်မှတ် သားသားဖြစ်လောက်အောင်ပင် အောင်မြင်အောင်ဆောင်ရွက်နိုင်သော ဖွံ့ဖြိုးပြီးနိုင်ငံများမှ လက် နက်ကိုင်တပ်ဖွဲ့များ၏ ဆက်လက်ဖြစ်ပွားနေသော စံနမူနာများအပေါ်တွင် ကြီးမားစွာမှီတည်နေပေ သည်။ (ဤကဲ့သို့သော သရုပ်ဖေါ်ပြသမှု၏ သက်ရောက်မှု (demonstration effect) က လက်တင် အမေရိကနှင့် ဖွံ့ဖြိုးပြီးနိုင်ငံများအကြား တည်ရှိနေသော ကြီးမားသော ကွဲပြားမှုနှင့်အတူ အချို့သော စိတ်ဓါတ်ကျဆင်းမှုများကို ဖြစ်ပေါ်ကောင်း ဖြစ်ပေါ်စေနိုင်ပေသည်။) ထိရောက်သော စစ်ဘက်ထိန်းချုပ်မှုသည် ဆက်လက် လုပ်ဆောင်နေသော မျက်နှာစာ ပေါင်းစုံ ငြိမ်းချမ်းရေး ထိန်းသိမ်းရေးလုပ်ငန်း မစ်ရှင်များအားဖြင့်လည်း တိုးတက် ဖြစ်ပေါ်လာနိုင်ပေသည်။ ထိုငြိမ်းချမ်းရေး ထိန်းသိမ်းရေးလုပ်ငန်း မစ်ရှင်များသည် ကမ္ဘာကြီး၏ ကွဲပြားခြားနားမှုနှင့် ယဉ်ကျေးမှု ကွဲပြားခြားနားမှုများအပေါ် ပို၍နက်ရှိုင်းသော နားလည် သဘောပေါက်ခြင်းများမှ ရရှိလာသည့် အသိပညာများအား စစ်ဘက်အရာရှိများက ချဲ့ထွင်ခြင်းအား အကူအညီ ပေးပေသည်။ နောက်ဆုံးအားဖြင့်ဆိုရလျှင် ထိရောက်သော စစ်ဘက်တို့မှ နာခံမှုပေးရေးအတွက် အဓိကလူမှုရေး လိုအပ်ချက်သည် လူထုလူ့အဖွဲ့အစည်း (civil society) နည်းလမ်းအားဖြင့် စစ်ဘက်တို့၏ အမျိုးတူသူများ အတူစုနေသည့်စိတ်ထား (ghetto mentality) အား တဖြည်းဖြည်း လျှော့ချသွားရေးပင်ဖြစ်သည်။ လက်တင်အမေရိကတွင် အပျော်ထမ်း လက်နက် ကိုင် တပ်ဖွဲ့များ၏ တိုးတက်နေသောပျံ့နှံ့မှုက များစွာ လိုအပ်နေသော သဘောထားဆိုင်ရာ ညှိနှိုင်းမှု များ (attitudinal adjustment) ကို အလျင်စလို ဆောင်ရွက် ပြီးစီးနေစေတာမျိုး ဖြစ်ကောင်းဖြစ်နေနိုင်ပေသည်။ တကယ်တန်းအားဖြင့်မူ ထိုအပြောင်းအလဲများ အားလုံးသည် ပါဝင်သူ အားလုံးထံမှ ကြီးမားသော စိတ်ရှည်မှုနှင့် နားလည်မှုများကို လိုအပ်လျက် ရှိနေပေသည်။

(ဘာသာပြန်သူမှတ်ချက်။ ၊ ဤနေရာတွင် အပိုင်း(၂) ဖွံ့ဖြိုးဆဲကမ္ဘာ ၏ ပထမဆုံးအခန်းဖြစ်သော အခန်း (၄) လက်တင်အမေရိကမှ တပ်မတော်များနှင့်လူထု လူ့အဖွဲ့အစည်းအခန်း အပြီးသတ်ပြီဖြစ်ပါသည်။ ဤနေရာ၌ တခုသတိထား ဖတ်ရှုနားလည်ရန် ဘာသာပြန်သူ အနေဖြင့် အကြံပြုပြောကြားလိုသည်မှာ ဤစာအုပ်အားထုတ်ဝေသည့်ခုနှစ်မှာ ၁၉၉၆ ခုနှစ် ဖြစ်သည့်အတွက် ဤစာအုပ်ပါ ဆောင်းပါးများအား ရေးသားဖေါ်ပြရာတွင် အသုံးပြုနေသော အချိန်ကာလ ကြိယာဝိသေသနများအား ထို ၁၉၉၆ ခုနှစ် အပေါ်မူတည်၍ စဉ်းစား နားလည်ရန်ဖြစ်သည်။ ဥပမာအားဖြင့် မကြာသေးမီကဆိုလျှင် ထို ၁၉၉၆ ခုနှစ်နားတ၀ိုက်ကာလဟု နားလည်သင့်ပြီး အနာဂါတ်ဆိုလျှင် ထို ၁၉၉၆ ခုနှစ်နား တ၀ိုက်ဆီမှ လှမ်းမျှော်ကြည့်သော ခုနှစ်ကာလများအဖြစ် နားလည်လျှင် အချိန်ကာလနှင့်ဖြစ်စဉ် ဆက်စပ်နားလည်မှုများ အားလုံး အဆင်ပြေချောမွေ့ သွားမည်ဖြစ်သည်ဟု ထင်မြင်မိပါသည်။ အပိုင်း(၂) ဖွံ့ဖြိုးဆဲကမ္ဘာ၏ ဒုတိယအခန်းဖြစ်သော ကျနော်တို့ဒေသ ဖြစ်သည့် အခန်း(၅) အာရှဒေသ၏ လက်နက်ကိုင် တပ်ဖွဲ့များကို ထိန်းချုပ်ခြင်း (Controlling Asia’s Armed Forces) ဟူသော အခန်းကို နောက်အခန်းတွင် လေ့လာဖတ်ရှု ရမည်ဖြစ်ပါသည်။ )

ဘာသာပြန်သူ
ကျော်ထင်

Last Updated ( Friday, 24 August 2012 03:36 )  

နောက်ဆုံးရသတင်းများ

နောက်ဆုံးရဆောင်းပါးများ