ပင်မနေရာ မူဝါဒ/ဥပဒေ သုတေသန ယနေ့ကာလ စစ်ဘက်ဆိုင်ရာ လုပ်ငန်းရည်မှန်းချက်တာဝန်အနာဂါတ် - အပိုင်း (၁၀)

ပင်မနေရာ မူဝါဒ/ဥပဒေ သုတေသန ယနေ့ကာလ စစ်ဘက်ဆိုင်ရာ လုပ်ငန်းရည်မှန်းချက်တာဝန်အနာဂါတ် - အပိုင်း (၁၀)

ယနေ့ကာလ စစ်ဘက်ဆိုင်ရာ လုပ်ငန်းရည်မှန်းချက်တာဝန်အနာဂါတ် - အပိုင်း (၁၀)

Print PDF
User Rating: / 4
PoorBest 

အာရှဒေသ လက်နက်ကိုင်တပ်ဖွဲ့များအား ထိန်းချုပ်ခြင်း - အပိုင်း (၁)

ဆောင်းပါးရှင် - ကိုကျော်ထင်  ( အပိုင်း (၉) ကို ဒီနေရာ တွင်နှိပ်၍ ပြန်လည်လေ့လာဖတ်ရှုနိုင်ပါသည်...)

ကယ်ရိုလိုင်းနား ဂျီဟာနန်ဒက်ဇ် (Carolina G.Hernandez)

မစ္စ ကယ်ရိုလိုင်းနား ဂျီဟာနန်ဒက်ဇ် (Carolina G.Hernandez) သည် ဖိလစ်ပိုင်နိုင်ငံ  (Philippines) ကွီဇိုမြို့ (Quezon city) မဟာဗျူဟာနှင့် ဖွံ့ဖြိုးတိုးတက်မှု လေ့လာရေး အဖွဲ့အစည်း၏ ဥက္ကဌဖြစ်ပြီး ဖိလစ်ပိုင်တက္ကသိုလ် (University of Philippines) နိုင်ငံရေး သိပ္ပံဌာန၏ ပါမောက္ခလည်း ဖြစ်သည်။ သူမသည် အာရှပစိဖိတ်ဒေသ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကောင်စီ (Council for Security Cooperation in the Asia Pasific (CASAP)) တွင် တာဝန်ထမ်းဆောင်ပြီး CASAP Philippines အာရှပစိဖိတ်ဒေသ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဖိလစ်ပိုင်နိုင်ငံ၏ ပူးတွဲဥက္ကဌလည်း ဖြစ်သည်။

တောင်ကိုးရီးယား စစ်တပ်မှ စစ်သည်ရဲဘော်များ တွေ့ရပုံ

စစ်အေးတိုက်ပွဲ ပြီးဆုံးသွားခြင်းက နိုင်ငံတကာဆက်ဆံရေးတွင်သာမက ကမ္ဘာတ၀ှမ်းလုံးမှ နိုင်ငံများစွာတို့၏ ပြည်တွင်းနိုင်ငံရေးတွင်ပါ အပြောင်းအလဲများစွာကို ဖြစ်ပေါ်စေခဲ့သည်။ ဆိုဗီယက် ယူနီယံနှင့် အရှေ့ဥရောပတွင် ကွန်မြူနစ်စနစ် ပြိုလဲကျဆုံးသွားခြင်းက သူတို့၏ လူ့အဖွဲ့အစည်းတွင် ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်မှုများကို ပြုလုပ်သွားမည်ဟု ကတိပေးထားသော အစိုးရအသစ်များကို ပေါ်ထွက်စေခဲ့သည်။ အာရှဒေသတွင် ဒီမိုကရေစီစနစ်သို့ ဖြစ်ပေါ်တိုးတက်ခြင်း ဖြစ်စဉ်သို့ လှုပ်ရှားမှုများသည် အရင်းအမြစ် ပုံစံအမျိုးမျိုးဖြင့် ရှိခဲ့ပေသည်။ လက်တင် အမေရိကဒေသတွင် ဖြစ်ပျက်ခဲ့သကဲ့သို့ပင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများ ပြုလုပ်ရန်၊ ခြစားမှုများ တိုက်ဖျက်ရန်နှင့် နိုင်ငံရေးတည်ငြိမ်မှုကို သေချာအောင်ပြုလုပ်ရန် မလုပ်ဆောင် နိုင်ကြသော ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နှင့် ဖိလစ်ပိုင်တို့ ကဲ့သို့သော အာဏာရှင် အစိုးရများသည် ဒီိမိုကရက်တစ် အစိုးရအသစ်များကို ပေါ်ထွက်စေခဲ့သည်။ ဆန့်ကျင်ဘက်အားဖြင့် တောင်ကိုးရီးယားနှင့် ထိုင်ဝမ်နိုင်ငံတို့မှ အာဏာရှင်အစိုးရများ ပြုလုပ်ပေးခဲ့သည့် အတော်ပင် ဖြစ်ထွန်းခဲ့သော စီးပွားရေး အောင်မြင်မှုများက  အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေပြီး နောက်ပိုင်းတွင် စိတ်မရှည် သည်းမခံနိုင်မှုများကို ဖြစ်ပေါ်စေကာ ဒီမိုကရေစီ ဖြစ်ပေါ် တိုးတက်မှုများကို တွန်းအားဖြစ်စေသော ကျယ်ပြန့်သော နိုင်ငံရေးလူမှုရေး အင်အားစုများစွာကို မွေးဖွားပေးခဲ့သည်။

 

သူတို့၏ မူလအစ ဖြစ်ပေါ်မှုများကို မစဉ်းစားဘဲလျက် ပြောရမည်ဆိုပါက နိုင်ငံရေးအရ လွတ်လပ်မှုများကို ပြုလုပ်ခြင်းနှင့် ဒီမိုကရေစီဖြစ်ပေါ်တိုးတက်မှုများကို ပြုလုပ်ခြင်းတို့ကို ရှေ့ရှုသော လှုပ်ရှားမှုများသည် အခြေအနေအရပ်ရပ်အပေါ် ဆက်လက်တောင့်ခံ တည်ရှိရန်ဆိုပါက နိုင်ငံရေး တွင်ရှိသောစစ်ဘက်တို့၏ အခန်းဏ္ဍအား ပြန်လည်ဖွဲ့စည်း ဖြစ်ပေါ်ခြင်းနှင့် တွဲဘက် ထားသင့်ပေသည်။ ဤနိုင်ငံရေးအရ အရေးကြီးသော ဖြစ်ပေါ်မှုများသည် စစ်အေးလွန်ခေတ်ကာလ၏ ပြောင်းလဲလာသော လုံခြုံရေးဆိုင်ရာ ပတ်ဝန်းကျင်မှ ပေါ်ပေါက်စေခဲ့သော စစ်ဘက်ဆိုင်ရာ အရေးကြီးမှုများနှင့် တပြိုင်တည်း ဖြစ်ပေါ်ပေသည်။ တခုက ပြည်တွင်းနှင့် အခြားတခုက နိုင်ငံတကာ ဆိုသည့် အရေးကြီးသော အချင်းအရာ နှစ်ရပ်က ဖြစ်ပေါ်စေခဲ့သော စစ်ဘက်ဆိုင်ရာ လုပ်ငန်းရည်မှန်းချက် မစ်ရှင်အား ပြန်လည်ဖွဲ့စည်းဖြစ်ပေါ်ခြင်း ဆိုသည့်လိုအပ်ချက်သည် တကမ္ဘာလုံးမှ ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်မှုများကို ပြုလုပ်နေသော နိုင်ငံများ၏် အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး အနာဂါတ်အပေါ် လေးနက်သော ဂယက်ရိုက်ခတ်မှုများကို ဖြစ်ပေါ်စေခဲ့ပေသည်။ ဤအခန်းသည် ဤအကြောင်းအရာ အစ်ရှူး (issue) သည် ခေတ်ပြိုင်အာရှတွင် မည်ကဲ့သို့သော အခန်းကဏ္ဍဖြင့် မည်သို့ ပါဝင်လှုပ်ရှားသွားသည် ဆိုသည်ကို အလေးအနက်ပြု ပြောဆိုတင်ပြရန် ဖြစ်ပေသည်။

ဖိလစ်ပိုင် စစ်တပ်

အခြေခံအားဖြင့် အရှေ့နှင့်တောင်အရှေ့အာရှ နိုင်ငံများမှ သာဓကဆောင်သော ဥပမာများကို ဆွဲထုတ်၍ ဤအစ်ရှူး (issue) အား ချဉ်းကပ်သွားမည် ဖြစ်သည်။ ဤအာရှနိုင်ငံများသည် ဒီမိုကရက်တစ် အစိုးရများကို ခိုင်မာတောင့်တင်းအောင် တည်ဆောက်နေခြင်းသော်၎င်း၊ ဒီမိုကရေစီ လှုပ်ရှားမှုများ ပေါ်ပေါက်ခဲ့နှင့်ပြီးသော်၎င်း ကြီးမားသော အပြောင်းအလဲအောက်မှ စစ်ဘက်တို့၏ အခန်းကဏ္ဍများကို ဆောင်ရွက်နေခြင်းကိုသော်၎င်း စသည့် အချင်းအရာ တခုခုရှိနေသော နိုင်ငံများ ဖြစ်ပေသည်။

 

အာရှစစ်တပ်ဖွဲ့များသည် ခေတ်ပေါ်ကမ္ဘာတွင် ကျယ်ပြန့်သော အမျိုးမျိုးသော အခန်းကဏ္ဍများကို ဆောင်ရွက်ခဲ့ပေသည်။ များစွာသော လက်နက်ကိုင်တပ်ဖွဲ့များသည် ကိုလိုနီအုပ်ချုပ်မှုကာလ များတွင် ဖွဲ့စည်းခဲ့ကာ ခေတ်မီအောင် ဖွဲ့စည်းဖြစ်ပေါ်ခဲ့သော်ငြားလည်း အချို့သော ဥပမာအားဖြင့် အင်ဒိုနီးရှား စစ်တပ်ဖွဲ့များသည် လွတ်လပ်ရေး လှုပ်ရှားမှု ကာလများတုန်းက ကိုလိုနီအစိုးရများကို ဆန့်ကျင့်ခဲ့ကြပေသည်။ ဤကဲ့သို့သော လုပ်ဆောင်ခဲ့မှုများသည် စစ်တပ်ဖွဲ့များအား လူထု၏တရား ၀င်ထောက်ခံမှု အမြောက်အမြားကို ချီးမြှင့်ခဲ့ပေသည်။ ဤကဲ့သို့ စစ်တပ်ဖွဲ့များက လူထုထောက်ခံမှု ချီးမြှင့်ခံခဲ့ရခြင်းများသည် ထိုလူမှုအဖွဲ့အစည်းအတွင်းတွင် စစ်တပ်ဖွဲ့များသို့ ကြိုက်နှစ်သက်မှုများကို ဖြစ်စေသော ဖွဲ့စည်းပုံဆိုင်ရာအရ ပြောင်းလဲနေသော ကိန်းရှင်များ (institutional variables) ၊ အခြားသော အချက်အလက်များနှင့် တွဲလျက်တည်ရှိနေပြီး ယင်းအရာများသည် အထွေထွေ လူထုအနေဖြင့် စစ်ဘက်၏ နိုင်ငံရေးအရ ၀င်ရောက်စွက်ဖက်မှုကို လက်ခံလာရန် ဆွဲဆောင်ခဲ့ပေသည်။

 

ဌာနေဖွားနိုင်ငံရေးသမားများ၏ ဒီမိုကရေစီအုပ်ချုပ်ရေးဆိုင်ရာ အတွေ့အကြုံများ လျော့နည်း မပြည့်မီမှုက နိုင်ငံတည်ဆောက်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များက ဖြစ်ပေါ်စေသော ကွဲပြားခြားနားသည့် စိန်ခေါ်မှုများကို အောင်မြင်စွာ စီမံခန့်ခွဲနိုင်စွမ်း မရှိအောင် ဖြစ်စေခဲ့ပေသည်၊ အတိအကျအားဖြင့်ပြောရလျှင် ထိုကဲ့သို့သော အားနည်းသည့် ကိုလိုနီခေတ်လွန် အစိုးးရများက အားကောင်းသော လူမျိုးစုများနှင့် ဘာသာရေးအရဖြစ်သော ပြိုင်ဘက်များက လုပ်ဆောင်သော အခြေအနေများတွင် ပြည်တွင်းဥပဒေစိုးမိုးမှုနှင့် တည်ငြိမ်မှုရှိအောင် သေချာအောင် မလုပ်ဆောင်နိုင်ခဲ့ပေ။

အပိုင်း (၁၁) ကိုနောက်တစ်ပတ်တွင် ဆက်လက်ဖော်ပြသွားပါမည်...

Last Updated ( Sunday, 11 September 2011 14:36 )  

နောက်ဆုံးရသတင်းများ