ပင်မနေရာ မူဝါဒ/ဥပဒေ သုတေသန စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏အကျိုးဆက်များ - အပိုင်း (၁)

ပင်မနေရာ မူဝါဒ/ဥပဒေ သုတေသန စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏အကျိုးဆက်များ - အပိုင်း (၁)

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏အကျိုးဆက်များ - အပိုင်း (၁)

Print PDF
User Rating: / 2
PoorBest 

ဖိလစ်ပိုင် စစ်တပ်

ဘာသာပြန် ဆောင်းပါးရှင် - ကိုကျော်ထင်

၁၉၇၀ ခုနှစ်များနှင့် ၁၉၈၀ ခုနှစ်လွန် ဆယ်စုနှစ်များအတွင်း တောင်ကိုးရီးယားနှင့် ထိုင်ဝမ် တို့တွင် တွေ့ကြုံခဲ့သော လျင်မြန်လှသော စက်မှုဖွံ့ဖြိုးတိုးတက်မှု (industrialization) နှင့် ခေတ်မီလာခြင်း (modernization) တို့က အရှိန်အဟုန်ဖြင့် စီးပွားရေးမှာ ဦးမော့လာပြီး လူထု၏ ပါဝင်မှုအခန်းကဏ္ဍကို သိသိသာသာ ထင်ထင်ရှားရှားပင် တိုးချဲ့ပေးခဲ့ပေသည်။ အရွယ်အစားအားဖြင့် အတော်အတန်ကြီးမားသော အလယ်အလတ် လူတန်းစားများသည် ပို၍ အသိပညာ အတတ်ပညာများ တတ်မြောက်လာကြပြီး ပို၍လည်း နိုင်ငံတကာသို့ ခရီးသွားလှည့်လည်လေ့လာကြကာ အကျိုးဆက်အားဖြင့် ပို၍လည်း နည်းပညာပိုင်းဆိုင်ရာ သတင်းအချက်အလက် ရလာကြသူများ ဖြစ်လာကြပေသည်။

စီးပွားရေးအရ အင်အားဖြစ်ထွန်းစေခြင်း (economic empowerment) သည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကြောင့် အကျိုးဖြစ်ထွန်းသူများအကြား အမှန်တကယ်ပင် မိမိကိုယ်မိမိ ယုံကြည်မှုရှိခြင်း (self-confidence) နှင့် မိမိ၏ရပ်တည်ချက်နှင့် လိုအပ်ချက်များကို အပြု သဘောဆောင်စွာ အခိုင်အမာ တင်ပြတတ်မှု (self-assertiveness) များကို တိုးမြှင့် ပေးခဲ့သည်။ ထိုသို့ဆိုပါက စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံရေးအရ လွတ်လပ်ခြင်း (political liberalization ) နှင့် ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်လာခြင်း (democratization) ကို ထောက်ခံ အားပေးသော လူမှုစီးပွားရေး အင်အားစုများအား ပွင့်အန်ပေါ်ထွက်လာစေခဲ့ပြီး ပို၍ ကြီးမားသော နိုင်ငံရေးအရ ပါဝင်မှုများကို တောင်းဆိုခြင်းများကို ဖြစ်လာစေခဲ့ပေသည်။

ယခင်က စစ်တပ်ကြီးစိုးသော တောင်ကိုးရီးယားနိုင်ငံနှင့် ထိုင်ဝမ်နှစ်နိုင်ငံစလုံးတွင်ပင် ခေတ်မီတိုးတက်မှုက ဒီမိုကရေစီ ဖွံ့ဖြိုး တိုးတက်မှု အနောက်တွင်ရှိသော လှုပ်ရှားခိုင်မာ အားကောင်းသော အင်အားစု (dynamic forces) ကို မွေးဖွားပေးခဲ့ပေသည်။ စစ်တပ်မှ အာဏာခဏခဏသိမ်းနေသော ထိုင်းနိုင်ငံတွင်လည်း ထိုကဲ့သို့ပင်ဖြစ်ပြီး ဒီမိုကရေစီ အရေး လှုပ်ရှားမှု၏ ခေါင်းဆောင်များသည် ပညာတတ်များ၊ စီးပွားရေးသမားများနှင့် စီမံခန့်ခွဲ ရေးဦးစီး ခေါင်းဆောင်များနှင့် အခြားသော ပညာရှင်များ စသည်တို့ အပါအ၀င်ဖြစ်သော အလယ်အလတ် လူတန်းစားများအထဲမှ ပေါ်ထွက်လာခဲ့ပေသည်။ အင်ဒိုနီးရှားတွင် ဥပဒေစိုးမိုးရေး(rule of law) ကို အားကောင်း မောင်းသန်ဖြစ်စေရန် ရုန်းကန်ကြိုးပမ်းသော အခြေခံ လူထုအတွင်း လူ့အခွင့်အရေး လှုပ်ရှားဆောင်ရွက်သော အဖွဲ့အစည်းများအားလည်း အလယ် အလတ် လူတန်းစား ပညာရှင်များပင် ဦးဆောင်ခဲ့ပေသည်။

စာရေးသူ၏ သီးခြားလေ့လာချက်အရ အင်ဒိုနီးရှားတပ်မတော်မှ အရာရှိများသည် အမေရိကန်နိုင်ငံသို့ စစ်သင်တန်းများ မကြာခဏ သွားရောက်လေ့လာဆည်းပူးခဲ့သဖြင့် ဒီမိုကရေစီ၏ အနှစ်သာရများ၊ အသီးအပွင့်များ၊ ဒီမိုကရေစီနိုင်ငံတွင် တပ်မတော်၏ ပါဝင်လှုပ်ဆောင်ရသည့် အခန်းကဏ္ဍများနှင့် သက်သာချောင်ချိရေး ဖူလှုံပြည့်စုံကာ အရည်အသွေးကောင်းမွန် ထက်မြက်နေသော အင်အားကျစ်လစ်မှုရှိသည့် တပ်မတော်တစ်ရပ်အဖြစ် အားကျအတုယူသွား စေခဲ့ပါသည်။ လွှတ်တော်တွင် တပ်မတော်မှ ပါဝင်မှု ရာခိုင်နှုန်း ၂၅ ရာခိုင်နှုန်း ရှိရာမှ တဖြည်းဖြည်း လျော့နည်းသွားပြီး နောက်ဆုံး စစ်တန်းလျားအား တပ်ပြန်သွားသည်အထိ အောင်မြင်ခဲ့ကြောင်း တွေ့ရှိရသည်။ ယခုတလော နိုင်ငံရေးအကြံပေး အဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်မှူးကြီး ကိုကိုလှိုင်(အငြိမ်းစား) နှင့် အဖွဲ့ဝင်များသည် အင်ဒိုနီးရှားသို့ သွားရောက်လေ့လာနေကြောင်း သိရှိရပါသည်။

မြန်မာနိုင်ငံမှ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (SPDC) အား ဆန့်ကျင်သည့်အတိုက်အခံများနှင့် ဖိလစ်ပိုင်မှ ဒီမိုကရေစီ ပြန်လည်တည်ဆောက်ရေး ကြိုးပမ်းလှုပ်ရှားမှု ခေါင်းဆောင်များသည် အလားတူ နောက်ခံ ကားချပ်များဖြင့် ပေါ်ထွက်လာခဲ့သူများ ဖြစ်ပေသည်။ ဥပမာအားဖြင့် ၁၉၈၆ ခုနှစ်တွင် လူထု အာဏာလှုပ်ရှားမှု (people power) ဖြင့် အထွတ်အထိပ် ရောက်ခဲ့သော ဖိလစ်ပိုင်နိုင်ငံမှ သမတ ဖာဒီနန်မာ့ကိုစ် (Ferdinand Marcos) အားဆန့်ကျင် တော်လှန်ခဲ့သည့် လူထုဖီဆန် အုံကြွမှုသည် လမ်းမများပေါ်မှ ပါလီမန် (parliament of the streets) အတွင်းသို့ အလယ်အလတ် လူတန်းစားများ ပူးပေါင်းပါဝင် လာခဲ့ပြီးမှသာ ရုတ်ခြည်းဆိုသလို ရှင်သန်ကြီးထွား လာခဲ့ပေသည်။ စာရေးသူ၏ သီးခြားလေ့လာမှုအရ အလယ်အလတ်လူတန်းစား အများစုမှ ပေါက်ဖွားကူးပြောင်းလာသည့် ဖိလစ်ပိုင်တပ်မတော်အရာရှိများသည် ပြည်သူ့ဘက်ကို ရပ်တည်ကူးပြောင်းသည့် အချက်တစ်ချက်လည်း ပါဝင်သည်။

Last Updated ( Sunday, 16 October 2011 13:18 )  

နောက်ဆုံးရသတင်းများ