ပင်မနေရာ မူဝါဒ/ဥပဒေ သုတေသန စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏အကျိုးဆက်များ - အပိုင်း (၂)

ပင်မနေရာ မူဝါဒ/ဥပဒေ သုတေသန စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏အကျိုးဆက်များ - အပိုင်း (၂)

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏အကျိုးဆက်များ - အပိုင်း (၂)

Print PDF
User Rating: / 4
PoorBest 

 

ဘာသာပြန် ဆောင်းပါးရှင် - ကိုကျော်ထင် (အပိုင်း - ၁ ကို ဒီနေရာ တွင် နှိပ်ပြီး ပြန်လည်လေ့လာ ဖတ်ရှုနိုင်ပါသည်)

သို့သော်ငြားလည်း အလယ်အလတ် လူတန်းစားများအား နိုင်ငံရေး လွတ်လပ်မှုများနှင့် ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်ရေး ဖြစ်စဉ်များအတွက် အင်အားတရပ်အဖြစ် အစဉ်အမြဲ ထည့်သွင်းစဉ်းစားမှုမျိုးတော့ မပြုလုပ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် လူ့အဆောက်အဦးပိုင်းဆိုင်ရာအရနှင့် အချိန်ကာလအရ ဖြစ်ပေါ်တတ်သော တခြားသော ပြောင်းလဲနေတတ်သော အချက်အလက်များက အလယ်အလတ် လူတန်းစားများဆိုသည်၏ တိကျသော အခန်းကဏ္ဍ အပေါ် ထိုနိုင်ငံရေးအရ လွတ်လပ်မှုနှင့် ဒီမိုကရေစီ ဖြစ်ပေါ် တိုးတက်ရေးဖြစ်စဉ်အတွင်း သက်ရောက်မှု ရှိတတ်သောကြောင့် ဖြစ်သည်။

 

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် ကြွယ်ဝချမ်းသာမှု၏ အရင်းအမြစ်များကို ဖော်ထုတ်ရန်အတွက် အခွင့်အလမ်း အသစ်များနှင့်အတူ စစ်ဘက်တို့အား အထောက်အပံ့ ပြုခဲ့ပေသည်။ အာဏာရှင်အစိုးရများသည် စစ်ဘက်တို့ထံမှ သစ္စာရှိမှုနှင့် ထောက်ခံမှုကို ၀ယ်ယူရေးကြိုးပမ်း အားထုတ်မှုတို့တွင် အသစ်ဖြစ်လာသော ဓနအင်အားများမှ အသွင် ပြောင်းလဲထားသော အရင်းအမြစ်များအား စစ်ဘက်အရာရှိတို့အား ပေးခြင်းဖြင့် စည်းရုံးထားနိုင်ခဲ့သည်။ ထို့ကြောင့် နိုင်ငံရေးအရ ထိန်းချုပ်မှုကို ရရှိအောင်ကြိုးပမ်း ပေသည်။ ဥပမာအားဖြင့် ဒုဗိုလ်ချုပ်ကြီး ဟိုစိန်မိုဟာမက်အာရှတ် (Lieutenant General Hossain Mohammed Ershard) ဦးဆောင်သော ဘင်္ဂလားဒေ့ရှ် အစိုးရသည် စုစုပေါင်းနှစ်စဉ် ဘတ်ဂျက် (total annual budget) က ၁၄ ရာခိုင်နှုန်းမျှသာ တိုးမြင့် နေစဉ်တွင် ကာကွယ်ရေး ဘတ်ဂျက်ကို ပျမ်းမျှခြင်းအားဖြင့် ၁၈ ရာခိုင်နှုန်းအထိ တိုးမြင့်ခဲ့ပေသည်။ စစ်ဘက်တို့၏ လစာများနှင့် ၀င်ငွေအပြင် ရရှိသော အခြား အခွင့်အရေးများ (perquisites) က စစ်ဘက်အရာရှိများ၏ အမှန်တကယ် ရရှိသော ၀င်ငွေသည် ၄င်းတို့နှင့် အလားတူ အရပ်ဘက် အရာရှိများ ရရှိသော ၀င်ငွေ၏ နှစ်ဆခန့်အထိ မြင့်တက်သွားစေခဲ့ပေသည်။

 

စစ်ဘက်အခွင့်အထူးခံများသည် ပြည်သူပိုင်ကဏ္ဍနှင့် ပုဂ္ဂလိက ကဏ္ဍများမှ အကျိုးအမြတ် များများရရှိသော နေရာများကို ချဉ်းကပ် ပိုင်ဆိုင်ခွင့် ရရှိခဲ့ပေသည်။ တာဝန်ထမ်းဆောင်ဆဲ သို့မဟုတ် အငြိမ်းစား စစ်ဘက်အရာရှိများသည် အကြီးဆုံး ကော်ပိုရေးရှင်း ၂၂ ခုအနက် ၁၄ ခုတွင် ဦးဆောင်နေခဲ့ပြီး နိုင်ငံရပ်ခြားရှိ သံ အမှုထမ်းများ၏ ၃ ပုံ ၁ ပုံခန့်မျှသော ရာထူးနေရာများကိုလည်း ပိုင်ဆိုင်ရရှိထားပေသည်။ စစ်ဘက်တို့သည် တရားဝင် ဖွံ့ဖြိုးတိုးတက်ရေး အကူအညီများမှ ငွေကြေးထောက်ပံ့ ပေးမှုဖြင့် ဖြစ်ပေါ်လာစေခဲ့သော နိုင်ငံခြားမှ တင်သွင်းသည့်ပစ္စည်းများ နှင့် ၀န်ဆောင်မှုများကို လက်ခံရရှိသော ကော်မရှင်ပွဲခများမှတဆင့် နိုင်ငံခြား အကူအညီများ ရယူကာ အကျိုး အမြတ်များ ရကြပြန်ပေသည်။ ဤနည်းလမ်းများအားဖြင့် စစ်ဘက် အခွင့်အထူးခံများသည် တိုင်းပြည်၏ နိုဗိုရစ်ချီ (nouveau riche) ကြွယ်ဝချမ်းသာ သူများဖြစ်လာ ကြပေသည်။

 

စာရေးသူ၏ သီးခြားလေ့လာချက်အရ ယခုမြန်မာနိုင်ငံတွင် စစ်အာဏာရှင်များ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး၏သမီး နန္ဒာအေးနှင့် အိမ်ထောင်ကျထားသည့် ၀န်ကြီးဟောင်း ဦးအောင်သောင်းတို့၏သား ဗိုလ်မှူး ပြည်အောင် အပါအ၀င် နေအောင်တို့ မိသားစုချမ်းသာမှုသည် ယနေ့ နာမည်ကြီး ကိုတေဇနှင့် ယှဉ်နိုင်ကြောင်း သိရှိရပါသည်။ ဗိုလ်ချုပ်ကြီး သူရရွှေမန်း၏သား တိုးနိုင်မန်းတည်ထောင်ထားသော ဧရာရွှေဝါ ကုမ္ပဏီ ချမ်းသာမှုသည်လည်းကောင်း ၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏သား ထွန်းနိုင်ရွှေ ၊ သမီးများ၏ ချမ်းသာမှုများသည် ဗမာပြည်တွင် ထိပ်တန်းချမ်းသာသူများစာရင်းတွင် ပါဝင်ကြောင်း စစ်အာဏာရှင် မိသားစုများသည် တိုင်းပြည်၏ သယံဇာတ တွင်းထွက်ပစ္စည်းများကို ဈေးပေါပေါဖြင့် ပါမစ်ဟူသော ခေါင်းစဉ်နှင့် နိုင်ငံခြားသို့ ရောင်းချခဲ့သည်မှာ စိတ်မကောင်းဖွယ်ရာ ဖြစ်ကာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးရခြင်း၏ အကြောင်းရင်းတစ်ရပ် ဖြစ်ပါသည်။

 

နောက်ဆုံးရသတင်းများ