ပင်မနေရာ မူဝါဒ/ဥပဒေ သုတေသန ယနေ့ကာလ စစ်ဘက်ဆိုင်ရာ လုပ်ငန်း ရည်မှန်းချက် တာဝန် အနာဂါတ် - အပိုင်း (၁၄)

ပင်မနေရာ မူဝါဒ/ဥပဒေ သုတေသန ယနေ့ကာလ စစ်ဘက်ဆိုင်ရာ လုပ်ငန်း ရည်မှန်းချက် တာဝန် အနာဂါတ် - အပိုင်း (၁၄)

ယနေ့ကာလ စစ်ဘက်ဆိုင်ရာ လုပ်ငန်း ရည်မှန်းချက် တာဝန် အနာဂါတ် - အပိုင်း (၁၄)

Print PDF
User Rating: / 3
PoorBest 

ဘာသာပြန် ဆောင်းပါးရှင် - ကိုကျော်ထင် (အပိုင်း (၁၃) ကို ဒီနေရာ တွင်နှိပ်၍ ပြန်လည်လေ့လာ ဖတ်ရှုနိုင်ပါသည်...)

 

ဖိလစ်ပိုင်တွင် စစ်အုပ်ချုပ်ရေး (martial law) ဖြင့် အုပ်ချုပ်စဉ် ကာလအတွင်း စစ်ဘက်တို့သည် ကော်ပိုရိတ် ဘုတ်အဖွဲ့များ၏ အဖွဲ့ဝင်များ အဖြစ်၎င်း၊ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ အခွင့်အထူးခံ အခွင့်အရေးများ ခံစားခြင်းဖြင့်၎င်း၊ အတိုးနှုန်း ရှာဖွေသည့် လုပ်ငန်းများ (rent-seeking activities) ပြုလုပ်ရန် လွယ်ကူစေသည့် အရပ်ဘက်ဆိုင်ရာ ရာထူးများ ခန့်အပ်ခံရ ခြင်းဖြင့်သော်၎င်း နည်းအမျိုးမျိုးဖြင့် ရက်ရောစွာ ပေးကမ်း ချီးမြှင့်သော ငွေကြေးများ၏ အစုရှယ်ရာများကို ရိတ်သိမ်းရရှိခဲ့ကြသည်။

 

စစ်ဘက် အရာရှိများသည် မနီလာကဲ့သို့သော မြို့ကြီးပြ ကြီးများတွင် အသစ် ပေါ်ထွန်းလာသော အသစ်ဖြစ်၍ ဈေးကြီးသော နေထိုင်ရာ အိမ်များသာ ရှိသည့် နေရာများသို့ ပြောင်းရွှေ့မှုများကိုလည်း ပြုလုပ်လာခဲ့ကြသည်။ ဤစစ်အရာရှိများ၏ တရားဝင် ၀င်ငွေ အရင်းအမြစ်များကို ထိုအိမ်ရာများ ၀ယ်ယူရာတွင် ငွေများပေးချေရာ၌ အသုံး ပြုခြင်းမှာ အတော်ပင် မသင့်တော်လှသည်မှာ ထင်ရှားနေပေသည်။

 

ထိုစစ်ဘက် အရာရှိများ၏ ထိုခြစားမှုများကို လူသိရှင်ကြား ဝေဖန် ထိုးနှက်နေသော သူပုန် စစ်ဘက် အရာရှိများတောင်မှ တရားမ၀င်သော နံပါတ်များဖြင့် ကစားသည့် ကစားပွဲများ၊ ရွှေနှင့် ပတ်သက်သော လုပ်ငန်းများ နှင့် သစ်တော ခုတ်ယူ ထုတ်လုပ်ခွင့် ဆိုင်ရာ လုပ်ငန်းများ ကိစ္စစသည်တို့နှင့် ပတ်သက်၍ အမြတ်များ ရရှိသည်ဟု လူသိများလှပေသည်။ ထို့အပြင် ထိုလုပ်ငန်းများမှ ရရှိသော ငွေကြေးများသည် အာကွီနို (Aquino) အစိုးရအား ဆန့်ကျင်သည့် မအောင်မြင်သော အာဏာသိမ်းမှုများ အတွက် ရန်ပုံငွေများဖြစ်လာခဲ့ပေသည်။

တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်

တရုတ်နိုင်ငံမှ ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် (People’s Liberation Army- PLA) သည် တီယင်နန်မင်ရင်ပြင် (Tiananmen Square) တရေးနိုးထမှုအပေါ် တုန့်ပြန်ခဲ့ သည့် ၄င်းတို့၏ သစ္စာရှိမှုအတွက် ဆုချီးမြှင့် ခံခဲ့ရပေသည်။ ကာကွယ်ရေး အသုံးစရိတ်သည် ပုံမှန် မြင့်တက်လာခဲ့ပြီး ၄င်းတို့၏ စစ်အသုံးစရိတ်များကို သုတေသနနှင့် ပညာရေးတွင် အသုံး ပြုထားပုံမျိုးဖြင့် ပုံဖျက်ထားခဲ့ကြသည်။ ၀င်ငွေများကို ကိုယ်တိုင် ကူညီသော (self-help) လုပ်ငန်းများ ပုံစံဖြင့် လုပ်ဆောင်ကာ စစ်ဘက်တို့ ပါဝင်နေသော စီးပွားရေး လုပ်ငန်းများ အရေအတွက်အားဖြင့် တဖြည်းဖြည်း တိုးတက် များပြားလာခဲ့ကာ ၇၀၀၀ ခန့်အထိ ရှိလာခဲ့ပေ သည်။ ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (PLA) ၏ နိုင်ငံရေးအရ ကိုယ်ပိုင် အုပ်ချုပ်ရေး အခွင့်အရေး ရရှိမှုများ ပို၍ ရှင်သန်ကြီးထွားလာပြီး ဒန်အလွန် (post-Deng) ဆက်ခံသူများ ခေတ်တွင် အရင်က ယင်းအကြောင်းကို ထိန်းသိမ်းထားရာမှ ပွင့်အန် ထွက်ကျလာခဲ့သည်။ ထိုလမ်းကြောင်းက ပို၍ တိုးပွားလာခြင်းမှာ PLA တွင် တရုတ် ကွန်မြူနစ်ပါတီ (Chinese Communist Party) တွင်ထက် ခရီးရှည် ချီတက်ခြင်း (Long March) တွင် ပါဝင်သော စစ်သားဟောင်းများ အရေအတွက် ပိုရှိနေသောကြောင့် ဖြစ်ပေသည်။

 

ဒီမိုကရေစီကို ခိုင်မာအောင် တည်ဆောက်နေသော နိုင်ငံများဟု ဆိုနိုင်သည့် ထိုင်ဝမ် (Taiwan) နှင့် ကိုးရီးယား (Korea) တို့တွင်တောင်မှ သူတို့၏ စစ်တပ်များတွင် အတော် အတန် အရွယ်အစားကြီးသော စစ်အသုံးစရိတ် ဘတ်ဂျက်များ ရှိနေပေသည်။ ထိုင်ဝမ်တွင် စစ်ပင်စင် လစာငွေ ရန်ပုံငွေများကို ပေါင်းထည့် တိုးမြှင့်ရာတွင် စုစုပေါင်း ဘတ်ဂျက်၏ ၄၀ ရာခိုင်နှုန်းသည် စစ်အသုံးစရိတ်ထဲသို့ ရောက်ရှိသွားပေသည်။ တောင်ကိုးရိးယားတွင်မူ အာဏာပိုင် အုပ်ချုပ်ရေး ပြီးဆုံးသွားပြီးသည့် နောက်တွင်တောင်မှ စစ်ဘက်တို့သည် ၄င်းတို့၏ ဘတ်ဂျက်အား တိုးမြှင့်ရန်အတွက် ဖိအား ပေးနေခဲ့ပေသည်။ (ဥပမာအားဖြင့် ၁၉၉၂ တွင် ၂၅ ရာခိုင်နှုန်း တိုးမြှင့်ခဲ့ပေသည်။)

 

စီးပွားရေး လုပ်ငန်းများ ဆိုင်ရာအခွင့် အလမ်းများသို့၎င်း စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုများ၏ အသီး အပွင့်များသို့၎င်း စစ်ဘက်တို့၏ ချဉ်းကပ် ရောက်ရှိနိုင်မှုများသည် စစ်ဘက်အရာရှိ များအား ချမ်းသာကြွယ်ဝ စေခဲ့သည်သာမက ဒီမိုကရေစီ လူ့အဖွဲ့အစည်းများမှ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးများကိုလည်း ကြီးကြီးမားမား ထင်ထင်ရှားရှား သက်ရောက်မှု ဖြစ်စေခဲ့သည့် ပုံသွင်းမှုများကိုလည်း ဖြစ်စေခဲ့ပေသည်။ ၄င်းတို့ကို ဆွေးနွေးထားသည်ကို အောက်တွင် တွေ့ရှိရမည် ဖြစ်ပေသည်။ (ဖိလစ်ပိုင်နှင့် တောင်ကိုးရီးယား အတွေ့အကြုံများနှင့် အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးအပေါ် သက်ရောက်မှုများဆိုသည့် ခေါင်းစဉ်ဖြင့် ဆွေးနွေး တင်ပြထား သည်ကို ဆက်လက်တင်ပြသွားပါမည်။)

Last Updated ( Monday, 13 February 2012 17:14 )  

နောက်ဆုံးရသတင်းများ