ဆောင်းပါးရှင် - ဒေါက်တာ ဦးဝင်း ( အပိုင်း (၂) ကို ဒီနေရာ တွင်နှိပ်၍ ပြန်လည်လေ့လာ ဖတ်ရှုနိုင်ပါသည်...)
ကပစ (၁၂) လက်နက်စက်ရုံများ (သရက်မြို့)
မကွေးတိုင်း၊ သရက်မြို့နယ် စခန်းကြီးကျေးရွာအနီး၌ ဤ ကပစ (၁၂) စက်ရုံကို တည်ဆောက်ထားသည်။ ၁၀၅ မမ အမြောက်ဆံ၊ ၁၂၀ မမ၊ ၈၁ မမ နှင့် ၆၀ မမ စိန်ပြောင်း ဗုံးဆံများ ထုတ်လုပ်သည်။ ဤဗုံးဆံများ၏ အခွံပိုင်းကိုတောင် ကိုးရီးယားနိုင်ငံမှ ဒေဝူး (Daewoo) ကုမ္ပဏီက သင်ပြပေးသည်။ ချက်ကလိုဆိုဗက်ကီးယားနိုင်ငံမှ ကုမ္ပဏီက၊ သူ့နိုင်ငံ နေတိုး (NATO) အဖွဲ့တွင်း သို့ဝင်ရောက်ခွင့်ရသည့် အချိန်ထိ၊ မြန်မာစစ်တပ်ကို ဗုံးဆံအတွင်းသား စနက်များ တပ်နည်းကို သင်ပြပေးခဲ့သည်။

ဤ ကပစ (၁၂) လက်နက်ရုံများကို သရက်မြို့မှ အနောက် ဘက် (၅) မိုင်အကွာရှိတောင်များ ကြားတွင်ဆောက်ထားသည်။ အဆောက်ဦးများမှာ ဂိုဒေါင်ပုံစံသိုလှောင်ရုံသဖွယ် မြင်နေရသည်။
ကပစ (၃) လက်နက်စက်ရုံများ (ဆင်တဲ၊ ပဲခူး တိုင်း)
စစ်အာဏာရှင်ကြီး ဗိုလ်ချုပ်နေဝင်း လက်ထက်က ပန်းတောင်းမြို့နယ်၊ ဆင်တဲရွာ၌ စတည်ခဲ့သည်။ ဤစက်ရုံများ၏ တာဝန်မှာ ၁၀၅ မမ အမြောက်ဆံ၊ ၁၂၀ မမ၊ ၈၁ မမ နှင့် ၆၀ မမ မော်တာဗုံးဆံ တစ်လလျှင် ၄၀၀၀၀ (လေးသောင်း) ထုတ်လုပ်ပေးရန်ဖြစ်သည်။

ဆင်တဲရွာမှာ ပြည်မြို့မှ ဧရာဝတီမြစ်၏ အနောက်ဖက်ကမ်း၌ တည်ရှိသည်။ ကပစ စက်ရုံများတွင် အစောဆုံးဖြစ်၏။ ၂၀၀၈ ခုနှစ် ဓါတ်ပုံရှိ အဆောက်အဦးများမှာ ၂၀၀၃ ခုနှစ် ပုံအတိုင်းပင် ရှိဆဲဖြစ်သည်။
အပိုင်း (၄) ကို ဆက်လက်ဖော်ပြသွားပါမည်...
| < Prev | Next > |
|---|

