ပင်မနေရာ မူဝါဒ/ဥပဒေ သုတေသန လျှို့ဝှက်မြန်မာစစ်တပ်၏ ဓါတု လက်နက် စက်ရုံများ - ဖမ်းမိနိုင်ရိုးလား ? (အပိုင်း - ၄)

ပင်မနေရာ မူဝါဒ/ဥပဒေ သုတေသန လျှို့ဝှက်မြန်မာစစ်တပ်၏ ဓါတု လက်နက် စက်ရုံများ - ဖမ်းမိနိုင်ရိုးလား ? (အပိုင်း - ၄)

လျှို့ဝှက်မြန်မာစစ်တပ်၏ ဓါတု လက်နက် စက်ရုံများ - ဖမ်းမိနိုင်ရိုးလား ? (အပိုင်း - ၄)

Print PDF
User Rating: / 6
PoorBest 

ဆောင်းပါးရှင် - ဒေါက်တာ ဦးဝင်း  ( အပိုင်း (၃) ကို ဒီနေရာ တွင်နှိပ်၍ ပြန်လည်လေ့လာ ဖတ်ရှုနိုင်ပါသည်...)

 

ကပစ (၆) လက်နက် စက်ရုံများ (ပန်းတောင်းမြို့နယ်၊ ပဲခူးတိုင်း)

စက်ရုံများမှာ ပြန့်ကျဲနေသည်။ ပန်းတောင်းမြို့အနီးမှ စက်ရုံများမှာ ဆင်တဲရှိ စက်ရုံပုံစံ၊ သက်တန်းတူမျှရှိသည်။ ဤ စက်ရုံများ၌ လက်နက်ငယ်သုံးကျည်ဆံအခွံများနှင့် ကြေးပြားများ ထုတ် လုပ်သည်။ တရုတ်က စီမံတည်ဆောက်ပေးသည်။

နောက်ထပ်စက်ရုံနှစ်နေရာကို အုပ်ရှစ်ပင်ကျေးရွာ အနောက်ဘက် ၂ မိုင်အကွာ၌ တောင်စွယ် တန်းများ၌ ဆောက်ထားသည်။ တောင်ဘက် ၄ မိုင် အကွာ၌ လက်နက်စက်ရုံ စခန်းသစ် စတင် ဆောက်နေပုံ တွေ့ရသည်။


ကပစ (၅) လက်နက်စက်ရုံများ (ထုံးဘိုရှိ ဓါတု စက်ရုံများ)

ဧရာဝတီမြစ်အနောက်ဖက် ကမ်းရှိ ထုံးဘိုရွာ အနောက်ဖက် ၆ မိုင် အကွာတွင် တည်ရှိသည်။ မြေပြင်မှာ တောင်ကုန်းငယ်များ ရှိသော်လည်း မကြမ်းတမ်းပေ။ ၁၉၉၀ ခုနှစ်များကတည်းက တည်ခဲ့ပုံရသည်။ ၂၀၀၄ နှင့် ၂၀၀၉ ဓါတ်ပုံ များအရ အဆောက်အဦးများ တိုးချဲ့နေသည်။ ဓါတုဗေဒ ဆေးချက် စက်ရုံများရှိကြောင်း ရေးခဲ့ဘူးသည်များ မရှိခဲ့ပါ။ ယခု google earth ဂြိုလ်တု ပုံများပေါ်တွင် ဓါတု စက်ရုံများ ရှိကြောင်း သက်သေထင်ရှား ကြည့်နိုင်ပါပြီ။

အပိုင်း (၅) ကို ဆက်လက်ဖော်ပြသွားပါမည်...

Last Updated ( Sunday, 05 February 2012 14:38 )  

နောက်ဆုံးရသတင်းများ