Related information payday loans 50 up to
ပင်မနေရာ မူဝါဒ/ဥပဒေ သုတေသန အရပ်ဘက် - စစ်ဘက် ဆက်ဆံရေးအပေါ် သက်ရောက်မှု - အပိုင်း (၄)

ပင်မနေရာ မူဝါဒ/ဥပဒေ သုတေသန အရပ်ဘက် - စစ်ဘက် ဆက်ဆံရေးအပေါ် သက်ရောက်မှု - အပိုင်း (၄)

အရပ်ဘက် - စစ်ဘက် ဆက်ဆံရေးအပေါ် သက်ရောက်မှု - အပိုင်း (၄)

Print PDF
User Rating: / 3
PoorBest 

????????????? ???????????

သင်္ခန်းစာများနှင့် မူဝါဒရေးရာ အကြံပြုချက်များ

ဘာသာပြန်ဆောင်းပါးရှင်- ကိုကျော်ထင် (အရပ်ဘက် - စစ်ဘက် ဆက်ဆံရေးအပေါ် သက်ရောက်မှု - အပိုင်း (၃) ကို ဒီနေရာ တွင်နှိပ်၍ ပြန်လည်လေ့လာဖတ်ရှုနိုင်ပါသည်...)

အာရှစစ်တပ်များသည် စစ်အေးလွန်ခေတ်ကာလတွင် အမျိုးမျိုးသော စိန်ခေါ်မှုများကို ရင်ဆိုင်ကြုံတွေ့ရပေသည်။ ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်ရေးဖြစ်စဉ်သည် အမှန်တကယ်ပင် လူ့အဖွဲ့အစည်းအတွင်း၌ (အဖွဲ့အစည်းများအကြား၊ အစိုးရ အဖွဲ့အစည်းအဆင့်ဆင့်များ အကြားနှင့် အရပ်ဘက် လူ့အဖွဲ့အစည်း (civil society) နှင့် နိုင်ငံတော်အကြား) အာဏာပြန်လည်ခွဲဝေမှု လိုအပ်ချက်ကို ဖြစ်ပေါ်စေပါက အရပ်ဘက် - စစ်ဘက်ဆက်ဆံရေး ပုံစံအသစ် ပေါ်ထွက်လာသောကြောင့် ဒီမိုကရေစီကို ခိုင်မာအောင် တည်ဆောက်နေသော နိုင်ငံများမှ စစ်တပ်များသည် ၄င်းတို့၏ လူမှုရေးနှင့် နိုင်ငံရေး အခန်းကဏ္ဍများကို သေးငယ် သွားသည်ဟု ရှောင်လွှဲမရစွာဖြင့် ကြည့်မြင်ပေးလိမ့်မည်ဖြစ်သည်။ တိုးတက်ဖြစ်ပေါ်လာနေသော ဒီမိုကရေစီအရေး လှုပ်ရှားမှုများကို ရင်ဆိုင်နေရသော စစ်တပ်များရှိသည့် ထိုနိုင်ငံများတွင် မည်သည့်ရလာဒ် တခုခုမျိုးမဆို ထွက်ပေါ်လာနိုင်ပေသည်။ ဥပမာအားဖြင့် ထိုင်းနိုင်ငံတွင် စစ်တပ်၏အာဏာကို အတိုချုပ်ပစ်ရေး လုပ်ဆောင်နိုင်မှု အလားအလာသည် မြန်မာနိုင်ငံတွင် ထက် ပိုကောင်းနေပေသည်။ အဘယ်ကြောင့်ဆိုသော် ထိုင်းနိုင်ငံသည် demi-democracy (အဓိပ္ပါယ်ရှိသော ဒီမိုကရေစီ မရှိဘဲ လွတ်လပ်မှု ရှိနေသောနေရာ) နှစ်ပေါင်းများစွာလည် ပတ်ခဲ့သောကြောင့်ဖြစ်သည်။

မြန်မာစစ်တပ်သည် ၄င်းကိုယ်၎င်း အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်သည့် တဦးတည်းသော အစောင့်(သို့မဟုတ်) ကယ်တင်ရှင် ဖြစ်သည်ဟု ရှုမြင်နေသမျှ သော်လည်းကောင်း၊ အရပ်သား နိုင်ငံရေးသမားများကို အခိုင်အမာ အမြစ်တွယ်နေသော သံသယများဖြင့် ရှုမြင်နေသမျှသော်လည်းကောင်း (အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်အား ဗဟိုပြု၍ဖြစ်ပေါ်သော အတိုက်အခံ ပြုမှုများနှင့် ဆက်စပ်လျက်ရှိ) မြန်မာစစ်တပ်သည် အချိန်တိုကာလ အတွင်း၌သာမက အချိန်အတော် အတန်ကြာမြင့်သည်အထိ အာဏာအား စွန့်လွှတ်သွားမည့် ပုံမပေါ်ပေ။ တရုတ်နိုင်ငံတွင် အစဉ်အလာအားဖြင့် နိုင်ငံရေးဆက်ခံမှုများကို ဆောင်ရွက်သော ကာလများအတွင်း၌ အရေးပါသော ဇာတ်ရုပ်အဖြစ် တည်ရှိလာခဲ့ပြီးသည့် စစ်တပ်သည် အထူးသဖြင့် အတော်အတန် ကြီးမားသော စီးပွားရေးအာဏာကို ရယူလာနိုင်ခဲ့ပြီးသည့် အခုကာလတွင် အသွင်ကူးပြောင်းရေး ကာလအတွင်း၌ ပို၍ပင် အာဏာပိုရှိလာနေပေသည်။ ပြင်ပဆိုင်ရာ ခြိမ်းခြောက်မှုများ အမြဲတမ်းမဟုတ်သော်လည်း မကြာခဏဆိုသလို တည်ရှိခြင်းက ဒီမိုကရေစီကို တည်ဆောက်နေသော နိုင်ငံများတွင် အရပ်ဘက် - စစ်ဘက် ဆက်ဆံရေး ပုံမှန်ဖြစ်အောင် ပြုလုပ်ခြင်းဖြစ်စဉ်ကို နှောင့်နှေး၊ နှေးကွေးစေပေသည်။

တောင်ကိုးရီးနှင့် ထိုင်ဝမ်နိုင်ငံတို့တွင် စစ်ဘက်တို့၏ ဆက်လက်တည်ရှိနေသော ပြင်ပဆိုင်ရာ အခန်းကဏ္ဍများက နိုင်ငံရေးတွင် စစ်ဘက်တို့၏ သြဇာအာဏာအား လျှော့ချရေး လုပ်ငန်းစဉ်အား နှေးကွေး စေနေပေသည်။ သို့သော်ငြားလည်း စစ်ဘက်တို့နှင့် ပတ်သက်သည့် အရပ်ဘက် ထိန်းချုပ်မှုသည် မကြာသေးမီ နှစ်ကာလများအတွင်း၌ တိုးတက်လာနေပေသည်။ ထိုနည်းတူစွာပင် ပါကစ္စတန်၏ အရှည်သဖြင့် တည်ရှိလာခဲ့သော အိန္ဒိယနှင့် ဖြစ်ပျက်သည့် လက်နက်ကိုင် ထိပ်တိုက်ရင်ဆိုင်မှုက ၄င်း၏ စစ်တပ်အား ပါကစ္စတန် အရပ်ဘက်ခေါင်းဆောင်မှုနှင့် ဆက်စပ်ဖြစ်ပေါ်သော အရေးအရာများတွင် အရေးပါသော သြဇာအာဏာများကို ထောက်ပံ့ ပေးလျက်ရှိပေသည်။ ပြောင်းလဲလာနေသော လုံခြုံရေးဆိုင်ရာ အတွေးအမြင်များက စစ်ဘက်၏ အခန်း ကဏ္ဍကို ချဲ့ထွင်ရန် သို့မဟုတ် အနည်းဆုံးအားဖြင့် စစ်တပ်အား ပြည်တွင်း သန့်သန့် ပြင်ပ (ပြည်ပ) သန့်သန့် ကာကွယ်ရေးဆိုင်ရာ တာဝန်များ သတ်မှတ်ထားရှိရန် ဆိုသည်များ မထားရှိ တော့ရန်ဆိုသည်ကို ပြန်လည်၍ ဆုံချက်ပြုပြောဆိုလာပြန်ပါသည်။ ထိုကြောင့် ပြည်သူအကျိုးအတွက် ကာကွယ်ရန်လိုအပ်သည့် အစီအမံများ ချမှတ်ထားရှိရန် လိုအပ်လာပါ သည်။

ထိုအစီအမံများမှာ ကာကွယ်ရေးနှင့် မပတ်သက်သည့် အရေးအရာ ကိစ္စများတွင် စစ်တပ်၏ ပါဝင်ပတ်သက်မှုကို တင်းတင်းကြပ်ကြပ် ကန့်သတ်ထားရန်နှင့် အချိန်တိုအတွင်းသာ ဆောင်ရွက်ရန်၊ ပုံမှန် သို့မဟုတ် ပို၍ကျယ်ပြန့် ပြည့်စုံသော အများပြည်သူ လူထုတရပ်လုံးနှင့် အပြန်အလှန် ဆက်စပ်ပတ်သက် ဆောင်ရွက်ရသော ကိစ္စရပ်များတွင် စစ်တပ်အနေဖြင့် မပါဝင်ရန်နှင့် စစ်တပ်အား အရည်အသွေး ပြည့်စုံသော အရပ်ဘက် အာဏာပိုင်များ၏ တင်းကျပ်သော ထိန်းချုပ်မှုများအောက်တွင် ထားရှိရန် ဆိုသည်တို့ဖြစ်ပေသည်။

နောက်တစ်ပတ်တွင် ဆက်လက်ဖော်ပြသွားပါမည်...

Last Updated ( Thursday, 04 April 2013 15:51 )  

နောက်ဆုံးရသတင်းများ

နောက်ဆုံးရဆောင်းပါးများ