?????????? ??????? ?????????? Maria
ဘာသာပြန် ဆောင်းပါးရှင် - ကိုကျော်ထင် (ကိုကျော်ထင်၏ မူလဆောင်းပါးကို ဒီနေရာ တွင်နှိပ်၍ ပြန်လည်လေ့လာဖတ်ရှုနိုင်ပါသည်)...
ဝက်ဘ်ဆိုဒ်အဖွဲ့၏ တင်ပြချက်။ ။ ယနေ့မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အချိန်ကာလတွင် ပြုပြင်ပြောင်းလဲရေးကို တစိုက်မတ်မတ် အကောင်အထည် ဖေါ်နေရာ ဘာသာပြန် ဆောင်းပါးရှင် ကိုကျော်ထင်၏ အာရှလက်နက်ကိုင် တပ်ဖွဲ့များအား ထိန်းချုပ်ခြင်း ဆောင်းပါးသည် အစိုးရနှင့် နိုင်ငံရေးသမားများအဖို့ စစ်တပ်၏ အခန်းကဏ္ဍကို ထိန်းချုပ်ရာတွင် လက်လွှတ်စပယ် မပြုလုပ်သင့်ကြောင်း အကြံပြုအပ်ပါသည်။ ပြုပြင်ပြောင်းလဲရေး ကိစ္စရပ်များတွင် စစ်တပ်အား လက်တွဲခေါ်ပြီး ဒီမိုကရေစီနိုင်ငံ ဖြစ်ထွန်းရေးအတွက် ဆောင်းပါးရှင်က ဖိလစ်ပိုင်နိုင်ငံကို ဥပမာပေးကာ မီးမောင်း ထိုးပြထားပါသည်။ ဘာသာပြန်ဆောင်းပါးရှင်က တင်ပြထားသည်မှာ ထိုကဲ့သို့သော အာမခံချက်များက စစ်တပ်ခေါင်းဆောင်တို့အား ၄င်းတို့၏ နိုင်ငံရေးအရ သြဇာလွှမ်းမိုးမှုများအား လျှော့ချရေးကို လက်ခံလာစေရန် စနစ်အတွင်း၌ လုံလောက်သော ယုံကြည်မှုများ (sufficient confidence) ကို ထောက်ပံ့ပေးပြီး ဒီမိုကရေစီ အစီအစဉ် အသစ်အတွင်း၌ တစိတ်တဒေသအနေဖြင့် ပါဝင်မှုကို လေ့လာဆည်းပူး ပါဝင်လာစေရန် စစ်တပ်ခေါင်းဆောင်တို့အား စေ့ဆော်အားပေးပေသည် ဟုဖေါ်ပြထားပါသည်။ ထို့ကြောင့် ဤဆောင်းပါးအား လေ့လာသင့်ပါကြောင်း တိုက်တွန်းလိုက်ရပါသည်။
ထိုသို့သော လုပ်ငန်းဆောင်တာများမှာ စစ်ဘက်ကျွမ်းကျင်မှုနှင့် စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူများကို အသုံးပြုခဲ့သော်လည်း လွန်ခဲ့သော နှစ်အတော်များများခန့်က စစ်တပ်အနေဖြင့် ပါဝင်ခဲ့သော ရေရှည်လူမှုစီးပွားရေးဆိုင်ရာ လုပ်ငန်းဆောင်တာများ (long-term socioeconomic activities) ထက် ပို၍လျော့နည်းသော နိုင်ငံရေး သဘောဆောင်မှုကိုသာ ဖြစ်စေသည့် ငလျင်၊ မီးဘေး၊ ရေဘေး၊ မုန်တိုင်း စသော သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းများ (disaster relief) နှင့် လမ်းများ၊ တံတားများကဲ့သို့သော လမ်းပန်းအဆက်အသွယ် တည်ဆောက်ရေး လုပ်ငန်းများ (building of infrastructure) စသည်တို့ ကဲ့သို့သော လုပ်ငန်းများ ဖြစ်ပေသည်။
တခြားကဏ္ဍများအနေဖြင့် စဉ်းစားနိုင်သည်မှာ ကမ္ဘာ့ကုလသမဂ္ဂ ကဲ့သို့သော မျက်နှာစာပေါင်းစုံ ပါဝင်သော အဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှု အစပြုမှုဖြင့် ဆောင်ရွက်ရသော ငြိမ်းချမ်းရေးထိန်းသိမ်းခြင်းနှင့် ငြိမ်းချမ်းရေးရအောင် ဆောင်ရွက်ခြင်း (peacekeeping and peacemaking) ကဲ့သို့သော လုပ်ငန်းများတွင် ပါဝင်ရန် ဖြစ်ပေသည်။ ဥပမာ နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းစစ် ဖြစ်ပွားနေရာတွင် အစိုးရနှင့် အတိုက်အခံတို့၏ အပြန်အလှန် ပစ်ခတ်မှုများအကြား အပြစ်မဲ့ပြည်သူများ မထိခိုက်စေရေးအတွက် ငြိမ်းချမ်းရေး တပ်ဖွဲ့များအဖြစ် ဆောင်ရွက်ရသည့် လုပ်ငန်းဖြစ်သည်။ (ဝက်ဘ်ဆိုဒ်အဖွဲ့၏ ထပ်မံရှင်းလင်းချက်)
ခိုင်မာသော အလယ်အလတ်တန်းစားများ ရှိခြင်းက ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်အောင် ဆောင်ရွက်ရေးဖြစ်စဉ်အား တောင်ကိုးရီးယားနှင့် ထိုင်ဝမ်ကိစ္စများတွင်ကဲ့သို့ တိုးတက် အားကောင်းစေသော်လည်း ဒီမိုကရေစီကို တိုးတက်အောင် ဆောင်ရွက်နေသော ခေါင်းဆောင်များသည် စစ်ဘက်တို့၏ ပူးပေါင်းဆောင်ရွက်မှုကို အခက်အခဲများကြားမှ ရယူရန် အာရုံစူးစိုက် ဆောင်ရွက်ရပေသည်။ ကောင်းမွန်စွာ အဓိပ္ပါယ်ဖွင့်ဆိုထားသော စစ်ဘက်ဖွဲ့စည်းပုံ ရည်မှန်းချက်လုပ်ငန်း (မစ်ရှင်) ကို ရိုးရှင်းစွာ ရှင်းပြထားခြင်းဖြင့် စစ်ဘက်ဆိုင်ရာ ပညာရှင်ပီသမှုနှင့် ပတ်သက်သော လုပ်ပိုင်ခွင့်နယ်ပယ် (military"s professional autonomy) အား ထိုဒီမိုကရေစီ တည်ဆောက်ရေးခေါင်းဆောင်များက သဘောပေါက် သေချာစေရန် အလွန်အရေးကြီးပေသည်။ ထိုနယ်ပယ်သည် စစ်ဘက်တို့၏ သင့်တော်လုံလောက်သော ဘဏ္ဍာရေးလျာထားချက် (ဘတ်ဂျက်) (adequate military budget) ကို အာမခံခြင်းနှင့် မသင့်တော်သော အရပ်ဘက်၏စွက်ဖက်မှုများ ( undue civilian interference) မှ ကာကွယ်သော စစ်ဘက်တို့၏ ဖွဲ့စည်းပုံဆိုင်ရာအရ တစည်းတလုံးတည်း တည်ရှိနေမှု (institutional integrity) ကို ကာကွယ်ပေးနိုင်မှုများကို ဆောင်ရွက်ပေးနိုင်သော နယ်ပယ်ဖြစ်ပေသည်။
ထိုကဲ့သို့သော အာမခံချက်များက စစ်တပ်ခေါင်းဆောင်တို့အား ၄င်းတို့၏ နိုင်ငံရေးအရ သြဇာလွှမ်းမိုးမှုများအား လျှော့ချမှုကို လက်ခံလာစေရန် စနစ်အတွင်း၌ လုံလောက်သော ယုံကြည်မှုများ (sufficient confidence) ကို ထောက်ပံ့ပေးပြီး ဒီမိုကရေစီ အစီအစဉ် အသစ်အတွင်း၌ တစိတ်တဒေသ အနေဖြင့် ပါဝင်မှုကို လေ့လာဆည်းပူး ပါဝင်လာစေရန် စစ်တပ်ခေါင်းဆောင်တို့အား စေ့ဆော် အားပေးပေသည်။ ယင်းစဉ်းစားချက် ရှုထောင့်မှ ရှုမြင်ကြည့်လျင် ဖိလစ်ပိုင်နိုင်ငံသည် နမူနာအဖြစ် စဉ်းစားနိုင်သော နိုင်ငံတစ်ခုဖြစ်ပြီး ၄င်းတို့သည် စစ်တပ်၏ အဖွဲ့ရည်မှန်းချက်လုပ်ငန်း (မစ်ရှင်) အား ပြန်လည် အဓိပ္ပါယ်ဖွင့်ဆိုမှုကို ပြုလုပ်ခဲ့သည့် မူဝါဒများကို ချမှတ်ခဲ့ပေသည်။ ၄င်းမူဝါဒများတွင် စစ်တပ်ခေါင်းဆောင်တို့အား အရပ်ဘက်ပုလိပ်တပ်ဖွဲ့များ (civilian police force) မှ ခွဲထုတ်ခဲ့ပြီး (ထိုကဲ့သို့ ပြုလုပ်ရန် တောင်းဆိုမှုကို စစ်တပ်အတွင်းမှပင် စတင်ထွက်ပေါ်လာခဲ့) စစ်တပ်၏ ခေတ်မီရေးဆိုင်ရာ အစီအစဉ် (military modernization) အတွက် ဘဏ္ဍာရေး လျာထားသတ်မှတ်ချက် (ဘတ်ဂျက်) ကို တိုးမြင့်ပေးမှုများ ပါဝင်ပေသည်။
(ဝက်ဘ်ဆိုဒ်အဖွဲ့၏ ဖြည့်စွက်တင်ပြချက်အရ မြန်မာနိုင်ငံတွင် စစ်တပ်လွှမ်းမိုးထားသော နယ်ဘက်အုပ်ချုပ်ရေး ဂိတ်လုံခြုံရေး အပါအဝင် လုံခြုံရေးရာကိစ္စများမှာ ပြည်ထဲရေးမှ ရဲတပ်ဖွဲ့ဝင်များ အစားထိုး ဝင်ရောက်လာပြီး ဖြစ်သည်။ ဘတ်ဂျက်အနေဖြင့် ချိုးခြံချွေတာရေးမူအရ နယ်ဘက်ဝန်ကြီးဌာနများက တင်ပြထားသော စီမံကိန်းများကို လျှော့ချသည့်နည်းတူ ကာကွယ်ရေး ဘတ်ဂျက်ကိုလည်း လျှော့ချထားကြောင်း တွေ့ရှိရသည်။ သို့သော် စစ်တပ်၏ ခေတ်မီရေးဆိုင်ရာ အစီအစဉ် ဘတ်ဂျက်ကိုမှု တိုးမြင့်ပေးခြင်း မရှိသေးကြောင်း တွေ့ရသည်။)
အပိုင်း (၂) ကို နောက်အပတ်တွင် ဆက်လက်ဖေါ်ပြပါမည်...........
| < Prev | Next > |
|---|

