A financial Safety Net payday loan Have a history of poor borrowing
ပင်မနေရာ မူဝါဒ/ဥပဒေ သုတေသန တရုတ်နယ်စပ်မှ ကချင်ပြည်နယ်ရှိ Strip Mine သတ္တုတွင်း တစ်ခုအကြောင်း

ပင်မနေရာ မူဝါဒ/ဥပဒေ သုတေသန တရုတ်နယ်စပ်မှ ကချင်ပြည်နယ်ရှိ Strip Mine သတ္တုတွင်း တစ်ခုအကြောင်း

တရုတ်နယ်စပ်မှ ကချင်ပြည်နယ်ရှိ Strip Mine သတ္တုတွင်း တစ်ခုအကြောင်း

Print PDF
User Rating: / 6
PoorBest 

ဆောင်းပါးရှင် - ဒေါက်တာ ဦးဝင်း၊ VIZ Center, ကယ်လီဖိုးနီးယား၊ အမေရိကန် ပြည်ထောင်စု

မကြာသေးခင်က ဂူဂယ်အပ် (Google Earth) internet မြေပုံမှာ ၂၀၁၀ ခုနှစ်၊ မေလက ဂြိုဟ်တုမှ ရိုက်ထားသော စက်တလိုက် satellite ဓါတ်ပုံထဲမှာ စိတ်ဝင်စားဖွယ်ရာ နေရာ (site) တစ်ခုကို မြင်လိုက်ရမိသည်။ ထိုနေရာတွင် ကွန်တို (ခေါ်) လှေခါးထစ် သဖွယ် တောင်ကုန်းများကို ဖြတ်ဖေါက်ထားသော သတ္တုတွင်း (contour strip mine) ကို မြင်နေရသည်။ တောင်ကုန်း တောင်တန်း အတွင်းရှိ မြေအောက် သတ္တုကြောကို ထိအောင် အပေါ်ယံ မြေသားကို လှန်ထပ် ဖယ်ရှားကာ မြေပြင်ကို လှေခါးထစ် အဖြစ် ဖေါက်တည်ထားသည်။ တချို့နေရာများတွင် တောင်ကုန်းနံရံများကို တူးဆွ ဖေါက်ချပြီး သတ္တုတွင်းကို ဖဲ့ယူကြသည်။ ဤသို့ သတ္တုတွင်းကို ဖဲ့ခြစ် ထုတ်ပြီးသောအခါ တောင်ကြောတခုလုံးတွင် လှေခါးထစ် သဏ္ဍန် မြေပြင်မှာ ကျန်နေခဲ့သည်။ (ဓါတ်ပုံ - ၁)

ပူးတွဲပါ ဓါတ်ပုံတွင် ကားလမ်းများကို တောင်ကမ်းပါးရံ တလျှောက် လှေခါးထစ်ပုံ ဖေါက်ထားသည်ကို မြင်နိုင်သည်။ အချို့လမ်းများ၌ လော်လီကား၊ ထရပ်ကားများ တန်းစီလျက် သတ္တုတွင်းများကို တင်ဆောင် ယူသွားရန် စောင့်နေကြပုံကို မြင်နေရသည်။ ဒေသခံ ကချင်အမျိုးသားများ၏ အဆိုအရ ဤ တူးဖေါ်နေသော သတ္တုမျိုးမှာ မိုလစ်ဒီ နမ် (molybdenum) ဟုဆိုပါသည်။ ဤသတ္တုများကို တရုတ်ပြည်တွင်းသို့ သယ်ဆောင် သွားကြပါသည်။ (ဓါတ်ပုံ - ၂)

Wikipedia အင်တာနက် အဘိဌာန်တွင် ဖေါ်ပြထားသည်များအရ မိုလစ်ဒီနမ်ကို ပင်မသတ္တုအဖြစ် တူးဖေါ်နေကြသည့် နေရာတွင် ကြေးနီ (copper) နှင့် သံဖြူ (tungsten) ကိုလည်း တွဲဖက် တူးဖေါ် ရရှိလေ့ရှိ၏။ သတ္တုရိုင်း မိုလစ်ဒီနမ်ကို metal သံမာများ ပြုလုပ်ရာ၌ `အရော’ (alloys) အဖြစ် ကြိုသုံးကြသည်။ မိုလစ်ဒီနမ်မှာ အထူးတလည် ပြင်းထန်သော အပူဒဏ် (heat) ကို ခံနိုင်သည်။ ထို့ကြောင့် သံချပ်ကား၊ လေယာဉ်ပျံသုံး ပစ္စည်း၊ အီလက်ထရောနစ် (electronic) ပစ္စည်းပြုလုပ်ရာတွ င် စေ့ကပ် (contact) သည့်ပစ္စည်း၊ မော်တာစက် (motor) စသည်တို့တွင် သုံးကြသည်။ ၂၀၀၅ ခုနှစ်၊ ဇွန်လပိုင်းက ကမ္ဘာ့ သတ္တုဈေးကွက်တွင် မိုလစ်ဒီနမ် တစ်တန်လျှင် ဒေါ်လာ ၁၀၃,၀၀၀ (တစ်သိန်းကျော်) ဈေးထိ မြင့်တက်ခဲ့ဘူးသည်။ ၂၀၀၉ ခုနှစ်၊ သြဂုတ်လက မိုလစ်ဒီနမ် ဈေးမှာ တစ်တန်လျှင် ဒေါ်လာ ၃၀,၀၀၀ (သုံးသောင်း) ဈေးရှိခဲ့သည်။ (ဓါတ်ပုံ - ၃)

ဤမိုလစ်ဒီနစ် သတ္တုမိုင်း တူးဖေါ်နေသည့် နေရာမှာ တရုတ်နယ်စပ်နှင့် ကပ်လျက် ကချင်ပြည်နယ် မြေပေါ်တွင် တည်ရှိနေသည်။ ကချင်ပြည်နယ်တွင်းရှိ ချီဖွေမြို့၏ အရှေ့ဖက် (မျဉ်းဖြောင့်) ၂၆ မိုင်အကွာ၊ မြစ်ကြီးနားမြို့မှ (မျဉ်းဖြောင့်) တစ်တန်းတည်း မိုင် (၈၀) အကွာတွင် တည်ရှိသည်။ ဒုတိယ ကမ္ဘာစစ်ကာလ အမေရိကန် နိုင်ငံ Texas ပြည်နယ်သား လေယာဉ် (ပိုင်းလော့) မှူး ဂျင်မီဖောက်စ် (Jimmy Fox) ပျံသန်း ပျက်ကျခဲ့သည့် လေယာဉ်ပျက်ရှိရာ တရုတ် - မြန်မာ နယ်စပ်နေရာမှ အနောက်ဖက်သို့ (မျဉ်းဖြောင့်) ၁၀ မိုင် အကွာ၌ ရှိသည်။ လတ္တိကျူအားဖြင့် ၂၅ံ ၅၁’ ၁၅.၃၀” (မြောက်) နှင့် လောင်ချီကျူ ၉၈ံ ၃၂’ ၃၈.၆၁” (အရှေ့) နေရာတွင် တည်ရှိသည်။ (ဓါတ်ပုံ - ၄)

ဤမိုလစ်ဒီနစ် သတ္တုတွင်းရှိရာ ဒေသည် တိုင်းရင်းသား ကချင်လူမျိုးများ သွားရောက်နေထိုင်ခဲ့သော လူနေကျဲပါးသော နေရာဖြစ်သည်။ အတွင်းသိ ဒေသခံ အမည်မဖေါ်လိုသော ကချင်မိတ်ဆွေများ၏ အဆိုအရ ထိုသတ္တုတွင်း၌ တရုတ် အုပ်စုများက တူးဖော်နေကြပြီး ဒီမိုကရက်တစ် တပ်မတော်သစ် (NDA – New Democratic Army) အမည်ရှိ နယ်ခြားစောင့် ကချင်အဖွဲ့က စီမံကြီးကြပ်သည်။ ဤသတ္တုတွင်း၌ ရုရှားပညာရှင်များ (Technician) များ ပါဝင် လုပ်ဆောင်ကြကြောင်းလည်း ဆိုပါသည်။

ဤသတ္တုတွင်း (Mine) သည် မြန်မာ့တပ်မတော် ဗိုလ်ချုပ်များ၏ တရားမ၀င် စီးပွားရေး လုပ်ငန်းတစ်ခု ဖြစ်ပါသည်။ တိုင်းပြည်အတွက် စီးပွား၊ ၀င်ငွေ ဖြစ်စေရမည့်အစား ကိုယ့်စစ်ဘောင်းဘီအိပ်အတွင်း ကိုယ်ကျိုးယူနေကြခြင်း ဖြစ်သည်။ ဒေသခံ ကချင်အမျိုးသားများ အဆိုအရ အချိန်အားဖြင့် ၂၀၀၅-၂၀၀၆ ခုနှစ် ၀န်းကျင်က မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဗိုလ်ချုပ် (Maj-General) အုန်းမြင့် ကိုယ်တိုင် ဤသတ္တုတွင်းနေရာသို့ လာရောက်၍ ကချင် နယ်ခြားစောင့်တပ်များ၏ ခေါင်းဆောင်ကြီး ဇခုန်တိန့်ယိန်း (Zahkung Ting Ying) နှင့် အပေးအယူ လုပ်ခဲ့ကြသည်။ ဦးဇခုန်တိန့်ယိန်း ဆိုသည်မှာ ၄င်း၏ ကချင် မိတ်ဟောင်းကြီးများ အဆိုအရ - ယခုအခါ လက်ညှိးညွှန်ရာမလွှဲ ဆိုသကဲ့သို့ ဟိုတယ်များ၊ အိမ်များ၊ ကုမ္ပဏီများ၊ စက်ရုံများ၊ ဘိန်းခင်းများနှင့် ခေတ်မှီ ဘိန်းချက်စက်ရုံများ ပိုင်ဆိုင်သည်။ ယနေ့အချိန်တွင် ဗိုလ်ချုပ် အုန်းမြင့်၏ မိတ်ဆွေကြီး ဖြစ်သော ဦးဇခုန်တိန့်ယိန်းမှာ မြန်မာနိုင်ငံ၏ လွှတ်တော် ကိုယ်စားလှယ်ကြီး ဖြစ်လာခဲ့ပြီ ဖြစ်သည်။ တိုင်းမှူးကြီး ဗိုလ်ချုပ်အုန်းမြင့်မှာလည်း (ယခင်) ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သစ္စာတော်ခံအဖြစ် ရာထူးအရပ်ရပ် တိုးခဲ့ပြီး၊ ယနေ့အခါတွင် လက်ရှိ မြန်မာနိုင်ငံ အစိုးရ၏ သမ၀ါယမ ၀န်ကြီး ဦးအုန်းမြင့် ဖြစ်လာခဲ့ပေသည်။ ဤမိုလစ်ဒီနစ် သတ္တုတွင်းမှာလည်း တရုတ်တို့ တူးယူဆဲပင်။

တခုသာ ထူးခြားစွာ မြန်မာပြည်သူပြည်သားတို့ မကြာသေးမှီက ကြားနေရသည်မှာ မြန်မာနိုင်ငံ၏ ဘဏ္ဍာငွေမှာ ခါလီချ၊ ကြွေးဗေလပွဖြင့် -- နိုင်ငံခြား နိုင်ငံများကို ဒေါ်လာငွေ ၁၁ ဘီလီယံ (11 Billion US$) သန်းပေါင်း တစ်သောင်း တစ်ထောင် ကျော် ကြွေးတင်နေသည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအဖို့ စစ်အစိုးရအဆက်ဆက်က တရားဝင် နိုင်ငံတကာ စီးပွားကုန်သွယ်မှုများ ပြုခဲ့သည်ကို တစ်ခါတစ်ရံ အကြမ်းဖျဉ်းမျှ သိရသည်လည်း ရှိသည်၊ မသိရသည်က များသည်။ အိမ်နီးချင်းနိုင်ငံ (အထူးသဖြင့် တရုတ်ပြည်) သို့ စီးပွားကုန်သွယ်မှုပြုခြင်း၊ နိုင်ငံ သယံဇာတများကို ဖေါဖေါသီသီဖြင့် တရားဝင် ရောင်းချကာ၊ တရားမ၀င် လက်သိပ်ထိုး လဒ်ယူနေကြသည်ကိုလည်း နားလည်ကြပါသည်။

ယနေ့ NLD နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက ပြည်သူအများကို ပညာပေး နားလည်နိုင်စေရန် ယခင် စစ်အစိုးရများ ခေတ်အဆက်ဆက်က တရားဝင် နိုင်ငံတကာ စီးပွားဆက်သွယ်မှု (Trade) လုပ်ခဲ့စဉ်က မည်သည့်နိုင်ငံသို့၊ မည်သည့် သယံဇာတများ၊ ငွေကြေးမည်မျှ တန်ဖိုး ရောင်းချခဲ့သည်များ၊ မည်သည့် နိုင်ငံ လုပ်ငန်းဆောင်တာများ အတွက်၊ မည်မျှ တန်ဖိုးအတွက် ကြွေးအဖြစ် ၀ယ်ယူခဲ့သည်များကို လက်ရှိ (စစ်အစိုးရ မဟုတ်တော့ဟု ဆိုသော) အစိုးရထံမှ ရယူ၍ ပြည်သူကို တင်ပြကြရမည့်အချိန် ဖြစ်နေပြီ ဖြစ်သည်။ အကြောင်းမှာ တနိုင်ငံလုံး မွဲပြာခံနေရသည့်ကြားမှ၊ “နိုင်ငံတော် အကြွေး၊ ပြည်သူ့အကြွေး” (National Debt, Public Debt) အဖြစ် ပြည်သူတို့က တာဝန်ရှိနေပြန်ပြီ ဖြစ်သောကြောင့်တည်း။ ယခုတော့ သမ္မတကြီး ဦးသိန်းစိန်နှင့် ခိုးသားငါးရာတို့ နိုင်ငံတကာလှည့်၍ ကြွေးများ ပြန်ဖျက်သိမ်းပေးရန် မျက်နှာချိုသွေး နေကြသည်ကို ကြားမြင်သိလျက်၊ ကျဆုံးသွားလေသူ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများမှ ဤတစ်ခုကို သတိရမိရစေသည်။ “ဟိုလူမြင်တဲ့အခါ မျက်နှာချိုသွေးရ၊ ဒီလူမြင်ရတဲ့အခါ မျက်နှာချိုသွေးရ၊ ဖါသည်လို နိုင်ငံမျိုး ဖြစ်နေမှာပဲ ဆိုတာ…”

Last Updated ( Thursday, 04 April 2013 15:49 )  

နောက်ဆုံးရသတင်းများ

နောက်ဆုံးရဆောင်းပါးများ