“SKY 02 UAV” လေယာဉ်၏ မြေပြင်ထိန်းချုပ်ရေးဆက်သွယ်ရေးပစ္စည်းများ
ပေးပို့သူ - ဝေဟင် (ပြည်တွင်းမှ လက်ရှိ တာဝန်ထမ်းဆောင်ဆဲ လေတပ် အရာရှိ တစ်ဦး)
၅၁။ ‘SKY – 02 UAV’ လေယာဉ်၏ မြေပြင်ထိန်းချုပ်ရေးစခန်းသုံး ကွန်ပြူတာအတွင်း ထည့်သွင်း ထားသည့် 'Software' များဖြင့် အောက်ပါ “Data Processing” လုပ်ငန်းများအား ဆောင်ရွက်နိုင်ပါသည်-
- (က) သာမန်စစ်ဆင်ရေးသတင်းရုပ်ပုံများကို ထောက်လှမ်းရရှိနိုင်ခြင်း “Common Operational Picture”။
- (ခ) စဉ်ဆက်မပြတ် စောင့်ကြပ်ကြည့်ရှုခြင်း Persistent Surveillance'။
- (ဂ) ဧရိယာတစ်ဝန်းအား ထောက်လှမ်းနိုင်ခြင်း “Area Reconnaissance”။
- (ဃ) မှန်ကန်တိကျသောပစ်မှတ်အား ရှာဖွေပေးနိုင်ခြင်း “Accurate Target Acquisition”။
- (င) လေယာဉ်မှတိုက်ရိုက် ရိုက်ကူးပေးပို့သော သတင်းဗွီဒီယိုပုံရိပ်အား ဆက်စပ် ပုံဖော် ပေးနိုင်ခြင်းနှင့် တည်ငြိမ်ပုံရိပ်အား ပြန်လည်ဖန်တီးပေးနိုင်ခြင်း “Live Video Mosaicking and Stabilization”
- (စ) ထောက်လှမ်းရရှိသော ဗွီဒီယိုပုံရိပ်များအား ချိန်ညှိပေးနိုင်ခြင်းနှင့် မွမ်းမံပြင်ဆင်ပေးနိုင်ခြင်း “Video and metadata synchronization and refinement” ။
- (ဆ) တိကျသော နေရာညွှန်းချက်ပေးနိုင်ခြင်းနှင့် မြေပုံညွှန်းချက်ပါရှိသော ဗွီဒီယိုပုံရိပ်များအား ရိုက်ကူးပေးပို့နိုင်ခြင်း “Geo-location and geo-registration of video”။
- (ဇ) ရရှိလာသောပုံရိပ်အား ပိုမိုကြည်လင်ပြတ်သားအောင် ချိန်ညှိပေးနိုင်ခြင်း “Resolution enhancement”။
- (ဈ) လှုပ်ရှားပစ်မှတ်အား ညွှန်ပြပေးနိုင်သောစနစ်ပါရှိခြင်း “Moving target indicators”။
- (ည) ရရှိလာသောဗွီဒီယိုပုံရိပ်အား မြေပုံပေါ်တွင်ချိန်ကိုက်၍ ကြည့်ရှုနိုင်ခြင်း “Display video over a map with overlays”။
- (ဋ) လက်တွေ့ပျံသန်းမှုမစတင်မီ ပျံသန်းမှုလမ်းကြောင်းနှင့် လုပ်ငန်းတာဝန်အား ကြိုတင် ပြင်ဆင်ခြင်း “Mission planning and operations: Path planning before flying”။
- (ဌ) လေယာဉ်မှရိုက်ကူးရရှိသည့်သတင်းအချက်အလက်များနှင့် လေယာဉ်ဆိုင်ရာ အချက်အလက် များကို အချိန်နှင့် တစ်ပြေးညီ တွက်ချက်ဆောင်ရွက် ခင်းကျင်းပြသနိုင်ခြင်း “Intelligence Display”။
- (ဍ) လေယာဉ်မှရိုက်ကူးရရှိသည့် သတင်းအချက်အလက်များအား အချိန်နှင့်တစ်ပြေးညီ ခွဲဝေဖြန့်ဖြူးပေးပို့နိုင်ခြင်း “Information Dispatch”။
၅၂။ “SKY-02” ယူအေဗွီများ၏ စွမ်းဆောင်ပေးနိုင်သော လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
- (က) သာမန်စစ်ဆင်ရေးသတင်းရုပ်ပုံများကို ထောက်လှမ်းရရှိနိုင်ခြင်း 'Common operational picture'
- (ခ) ပစ်မှတ်ပျက်စီးမှုအကဲဖြတ်ပေးနိုင်ခြင်း
ကောင်းကင်မှ ရိုက်ကူးရရှိသည့် Real Time Video Image
IR နည်းပညာကို အသုံးပြု၍ Target အား ဖျက်ဆီးနိုင်မှု အတိုင်းအတာ ဖော်ပြခြင်း
၅၃။ ''SKY - 02 / SKY - 02A UAV'' များ၏ အစိတ်အပိုင်း တစ်ခုချင်းအလိုက် ထုတ်လုပ်မှုများ၏ အစိတ်အပိုင်း တစ်ခုချင်းအလိုက် ထုတ်လုပ်သည့် နိုင်ငံများမှာ အောက်ဖော်ပြပါအတိုင်းဖြစ်ပါကြောင်း စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုဒ် www.photayokeking.org မှတဆင့် တင်ပြလိုက်ရပါသည်-
- လေယာဉ်ကိုယ်ထည် = တရုတ်နိုင်ငံ
- အင်ဂျင် (၃ W) = ဂျာမဏီ
- ကင်မရာ = ဂျပန်
- အဝေးထိန်းရေဒီယို = ဂျပန်
- ပုံရိပ်ဖမ်းအင်တင်နာ(အနီးဖမ်း) = အမေရိကန်
- ပုံရိပ်ဖမ်းအင်တင်နာ(အဝေးဖမ်း) = တရုတ်
- မြေပြင်ထိန်းချုပ်ရေးစခန်းသုံးကွန်ပြူတာ = တရုတ် + ကိုရီးယား
- ပုံရိပ်ဖမ်းကွန်ပြူတာ = တရုတ်
- အနီအောက်ရောင်ခြည်သုံးကင်မရာ = တရုတ်
- ဆက်သွယ်ရေးပစ္စည်းကိရိယာများ = တရုတ် + အမေရိကန်
- ဆာဗိုမော်တာ = ဂျပန် + အမေရိကန်
- လေယာဉ်တင်ဘက်ထရီ = တရုတ်
- လေယာဉ်တင်လှိုင်းထုတ်လွှင့်ကိရိယာ = တရုတ်
- ရုပ်ပုံလှိုင်းထုတ်လွှင့်ကိရိယာ = ထိုင်ဝမ်
- လေယာဉ်ဘီး = တရုတ်
- ဘက်ထရီဓာတ်အားသွင်းကိရိယာ = တရုတ် + အမေရိကန်
“SKY 02 UAV” လေယာဉ်အားထုပ်ပိုးသိမ်းဆည်းထားပုံ
“SKY 02 UAV” လေယာဉ်၏ မြေပြင်ထိန်းချုပ်ရေး Computer များ
“SKY 02 UAV” လေယာဉ်၏ မြေပြင်ထိန်းချုပ်ရေး “Antenna” များ

အပိုင်း (၆) ကို နောက်ရက်တွေမှာ ဆက်လက် တင်ဆက် သွားပါမည်။
| < Prev | Next > |
|---|

