How do I apply payday loan Your Finances are your own Business
ပင်မနေရာ မူဝါဒ/ဥပဒေ သုတေသန မောင်းသူမဲ့လေယာဉ်များ သန္ဓေတည်လာခြင်း - အပိုင်း (၆)

ပင်မနေရာ မူဝါဒ/ဥပဒေ သုတေသန မောင်းသူမဲ့လေယာဉ်များ သန္ဓေတည်လာခြင်း - အပိုင်း (၆)

မောင်းသူမဲ့လေယာဉ်များ သန္ဓေတည်လာခြင်း - အပိုင်း (၆)

Print PDF
User Rating: / 2
PoorBest 

Yellow Cat UAV” လေ့ကျင့်ပျံသန်းမှုအား ကာကွယ်ရေးဦးစီးချုပ် (လေ)မှ ကြည့်ရှုစစ်ဆေးစဉ်

''Yellow Cat UAV'' ၏ သတင်းအချက်အလက်များ ထောက်လှမ်းသိရှိမှုစနစ်

ပေးပို့သူ - ဝေဟင် (ပြည်တွင်းမှ လက်ရှိ တာဝန်ထမ်းဆောင်ဆဲ လေတပ် အရာရှိ တစ်ဦး)

၅၄။ ''Yellow Cat UAV'' လေယာဉ်၏မြေပြင်ထိန်းချုပ်ရေးစခန်းသုံးကွန်ပြူတာအတွင်း ထည့်သွင်း ထားသည့် “Software” များဖြင့် အောက်ပါ “Data Processing” လုပ်ငန်းများအား ဆောင်ရွက်နိုင်ပါသည်-

  • သာမန်စစ်ဆင်ရေးသတင်းရုပ်ပုံများကို ထောက်လှမ်းရရှိနိုင်ခြင်း Common operational picture ။
  • စဉ်ဆက်မပြတ် စောင့်ကြပ်ကြည့်ရှုခြင်း Persistent surveillance ။
  • ဧရိယာတစ်ဝန်းအား ထောက်လှမ်းနိုင်ခြင်း Area Reconnaissance။
  • မှန်ကန်တိကျသောပစ်မှတ်အား ရှာဖွေပေးနိုင်ခြင်း Accurate target acquisition။
  • လေယာဉ်မှတိုက်ရိုက် ရိုက်ကူးပေးပို့သော သတင်းဗွီဒီယိုပုံရိပ်အား ဆက်စပ် ပုံဖော် ပေးနိုင်ခြင်းနှင့် တည်ငြိမ်ပုံရိပ်အား ပြန်လည်ဖန်တီးပေးနိုင်ခြင်း Live video mosaicking and stabilization။
  • ထောက်လှမ်းရရှိသော ဗွီဒီယိုပုံရိပ်များအား ချိန်ညှိပေးနိုင်ခြင်းနှင့် မွမ်းမံပြင်ဆင်ပေးနိုင်ခြင်း Video and metadata synchronization and refinement ။
  • တိကျသော နေရာညွှန်းချက်ပေးနိုင်ခြင်းနှင့် မြေပုံညွှန်းချက်ပါရှိသော ဗွီဒီယိုပုံရိပ်များအား ရိုက်ကူးပေးပို့နိုင်ခြင်း Geo-location and geo-registration of video ။
  • ရရှိလာသောပုံရိပ်အား ပိုမိုကြည်လင်ပြတ်သားအောင် ချိန်ညှိပေးနိုင်ခြင်း Resolution enhancement ။
  • လှုပ်ရှားပစ်မှတ်အား ညွှန်ပြပေးနိုင်သောစနစ်ပါရှိခြင်း 'Moving target indicators' ။
  • ရရှိလာသောဗွီဒီယိုပုံရိပ်အား မြေပုံပေါ်တွင်ချိန်ကိုက်၍ ကြည့်ရှုနိုင်ခြင်း Display video over a map with overlays ။
  • လက်တွေ့ပျံသန်းမှုမစတင်မီ ပျံသန်းမှုလမ်းကြောင်းနှင့် လုပ်ငန်းတာဝန်အား ကြိုတင် ပြင်ဆင်ခြင်း Mission planning and operations: Path planning before flying ။
  • လေယာဉ်မှ ရိုက်ကူးရရှိသည့် သတင်းအချက်အလက်များနှင့် လေယာဉ်ဆိုင်ရာ အချက်အလက် များကို အချိန်နှင့် တစ်ပြေးညီ တွက်ချက်ဆောင်ရွက် ခင်းကျင်းပြသနိုင်ခြင်း Intelligence Display ။
  • လေယာဉ်မှရိုက်ကူးရရှိသည့် သတင်းအချက်အလက်များအား အချိန်နှင့်တစ်ပြေးညီ ခွဲဝေဖြန့်ဖြူး ပေးပို့နိုင်ခြင်း Information Dispatch။

 

Yellow Cat Ground Control Station

 

“Yellow Cat UAV” နှင့် ဆက်စပ်ပစ္စည်းများ

 လက်ရှိ လေ့ကျင့် ပျံသန်းမှုများ လေယာဉ်တု (RC Plane Simulator) ဖြင့် ပျံသန်းလေ့ကျင့်ခြင်း

 

၅၅။ လေယာဉ်တုမျိုးဆက် Flight Simulator General 4 ဖြင့် ယူအေဗွီသုတေသနရှိ အရာရှိများသည် လစဉ် တစ်ဦးချင်းပျံသန်းချိန် (၁ဝ)နာရီပြည့် ပျံသန်းလေ့ကျင့်လျက်ရှိပါသည်။ ထိုသို့လေ့ကျင့်ပျံသန်းရာ၌ PT - ၄ဝ King Cat လေယာဉ်တို့အသုံးပြုပြီး သင်တန်းအရာရှိများအား နည်းပြအရာရှိမှ လေယာဉ်တု မောင်းနှင်ခြင်းအား စစ်ဆေးလျက်ရှိပါသည်။ ကျွမ်းကျင်ပိုင်နိုင်သော သင်တန်းသားအရာရှိများအနေဖြင့် မောင်းသူမဲ့လေယာဉ် လွှဲပြောင်းသင်တန်း သင်ရိုးညွှန်းအတိုင်း အဆင့်ဆင့် ဆက်လက် တက်ရောက် နိုင်မည်ဖြစ်ပါသည်။

 

လေယာဉ်တု လေ့ကျင့်ပျံသန်းခြင်းအား ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေမှ ကြည့်ရှုစစ်ဆေးစဉ်

၅၆။ လေယာဉ်တုမျိုးဆက်-၄ စက်ဖြင့် လေ့ကျင့်လျက်ရှိသော သင်ခန်းစာများမှာ အောက်ဖော်ပြပါ အတိုင်းဖြစ်ပါသည်-

  • Radio and Field Procedures
  • Flight Familiarization
  • Basic Flight Maneuvers
  • Accuracy Maneuvers
  • Orientation Maneuver
  • Stalls
  • Approaches to Landing
  • Take-off
  • Solo Flight
  • Emergency Procedure
  • Wing Program

ရေဒီယို အဝေးထိန်း လေယာဉ်ငယ်ဖြင့် လေ့ကျင့်ပျံသန်းခြင်း

၅၇။ ရေဒီယိုအဝေးထိန်းလေယာဉ်ငယ်ဖြင့် လေ့ကျင့်ပျံသန်းခြင်းအား တစ်ဦးချင်းပျံသန်းချိန် ၁ဝ နာရီ သင်ကြားပို့ချပေးပါသည်။ အရည်အချင်းပြည့်မီသူအား ဆက်လက်၍ မောင်းသူမဲ့လေယာဉ်နည်းပညာ သုတေသနဌာန၏ မောင်းသူမဲ့လေယာဉ် လေသူရဲ လေ့ကျင့်မွေးထုတ်ရေးစီမံချက်အတိုင်း သင်တန်းသား လေသူရဲအရာရှိများအား လေကြောင်းအတတ်သင်လေတပ်စခန်း၌ (၁၁.၅.၂ဝဝ၉) ရက်နေ့မှစတင် အရာရှိ (၁ဝ)ဦးအား လေ့ကျင့်ပျံသန်းလျက်ရှိပါသည်။

 

“Yellow Cat” လေယာဉ်ဖြင့် လေ့ကျင့်ပျံသန်းခြင်း

၅၈။ အဝေးထိန်းလေယာဉ်ငယ်ပျံသန်းမှုအရည်အသွေးစစ်ဆေးမှု ပြည့်မီသူအား ဆက်လက်ပြီး “Yellow Cat” လေယာဉ်ဖြင့် ဆက်လက်သင်တန်းပို့ချပေးပါသည်။ ယခုလက်ရှိအခြေအနေအရ “Yellow Cat” လေယာဉ်ဖြင့် လေ့ကျင့်ပျံသန်းမှုအား လေကြောင်းအတတ်သင်လေတပ်စခန်း၌ (၁၁.၅.၂ဝဝ၉) ရက်နေ့မှ စတင်၍ “RC” အဖြစ် ပြောင်းလဲပြင်ဆင်ထားသည့် “Yellow Cat” လေယာဉ်နှင့် “Yellow Cat” (Clone) လေယာဉ်တို့ဖြင့် လေ့ကျင့်ပျံသန်းလျက်ရှိရာ (၂၁.၅.၂ဝဝ၉) ရက်နေ့တွင် “Yellow Cat” (Clone) လေယာဉ်မှာ လေ့ကျင့်ပျံသန်းစဉ် ထိန်းချုပ်မရပဲထိုးကျပျက်စီးသွားခဲ့သဖြင့် လက်ရှိတွင် “Yellow Cat” (RC) လေယာဉ်ဖြင့် လေ့ကျင့်လျက် ရှိပြီး “Payload” အဖြစ် အလေးချိန် ၃ ကီလိုဂရမ်ရှိ သဲအိတ် တင်ဆောင်လျက် သင်တန်းသား အရာရှိ(၈)ဦးအား လေ့ကျင့်ပျံသန်းပေးလျက်ရှိပါသည်။

GROUND CONTROL STATION မြေပြင်ထိန်းချုပ်ပျံသန်းမှုအား လေ့ကျင့်ပေးခြင်း

၅၉။ မောင်းသူမဲ့လေယာဉ်ပျံသန်းမှုတွင် ပျံသန်းမှုလုပ်ငန်းစဉ်အရ အပိုင်းနှစ်ပိုင်းဖြင့် ဆောင်ရွက်လျက် ရှိပါသည်။ ပထမအပိုင်းတွင် မျက်မြင်ပျံသန်းရေးအရာရှိအနေဖြင့် လေထဲသို့ ပျံတက်ခြင်းအပိုင်းအား ဆောင်ရွက်ပြီး သတ်မှတ်သော အမြင့်ပေသို့ရောက်ရှိသောအခါ မြေပြင်ထိန်းချုပ်ပျံသန်းရေးအရာရှိမှ ဆက်လက်၍ မြေပြင်အခြေပြုစခန်းမှ ထိန်းကြောင်းပျံသန်းခြင်းဖြင့် ဆောင်ရွက်ပါသည်။ ပြန်လည် ဆင်းသက်ရာတွင်လည်း သတ်မှတ်အမြင့်ပေသို့ မြေပြင်ထိန်းချုပ်ပျံသန်းရေးအရာရှိမှ အမြင့်ပေလျော့ချ၍ မျက်မြင်ပျံသန်းရေးအရာရှိမှ ထိန်းချုပ်မှုပြန်လည်ရယူပြီး ဆင်းသက်ရခြင်းဖြစ်သည်။ ပျံသန်းစဉ်တွင် နှစ်ဦးနှစ်ဘက်ညှိနှိုင်းဆောင်ရွက်ရန်မှာ အထူးပင်အရေးကြီးလှပေသည်။ ထို့ကြောင့် မြေပြင်ထိန်းချုပ်ရေး ကဏ္ဍလည်းသည် အရေးကြီးသော အပိုင်းဖြစ်၍ မျက်မြင်ပျံသန်းရေးကဲ့သို့ပင် လွှဲပြောင်းသင်တန်းများ ပို့ချလျက်ရှိပါသည်။ မျက်မြင်ပျံသန်းရေးကဲ့သို့ပင် အဆင့်ဆင့်တက်ရောက်သင်ကြားရခြင်းဖြစ်ပါသည်။ ပမာဏအနေဖြင့် Yellow Cat UAV Ground Control Station ဖြင့် သင်ကြားပို့ချပေးပါသည်။ ထိုသင်တန်းအား အဆင့်သတ်မှတ်ချက်ပြည့်မီသူအား ဆက်လက်၍ UAV Ground Control Station ဖြင့် ဆက်လက် သင်ကြားပို့ချပေးပါသည်။

“Yellow Cat UAV Ground Control Station” မှ ထိန်းကြောင်းပျံသန်းမှုအား ကာကွယ်ရေးဦးစီးချုပ်(လေ)မှ ကြည့်ရှုစစ်ဆေးစဉ်

“SKY-02 UAV” လေယာဉ်လေ့ကျင့်ပျံသန်းခြင်း

၆၀။ 'Yellow Cat UAV' ဖြင့် ကျွမ်းကျင်ပိုင်နိုင်စွာ ပျံသန်းနိုင်ခဲ့ပြီးလျှင် SKY-02 UAV Trainer ဖြင့် ဆက်လက် လေ့ကျင့်ကြားရပါသည်။ ထိုအပိုင်းတွင် လေယာဉ်အရွယ်အစားကြီးမားလာမှုသာမက အမြန်နှုန်းသည်လည်း တက်ရောက်အောင်မြင်ခဲ့ပြီးဖြစ်သော လေယာဉ်များထက် ကွာခြားမှုများစွာ ရှိပေသည်။ ဆုံးဖြတ်ချက် တိကျမှန်ကန်မှုသည် မြန်ဆန်ရန်လိုအပ်သည့်အပြင် ကြိုတင် ခန့်မှန်း နိုင်သည်လည်း များစွာ အထောက်အကူပြုပေသည်။ မောင်းသူမဲ့လေယာဉ်များ၏ တန်ဖိုးကုန်ကျမှုမှာ မြင့်မားလာသည့်အပြင် ပေါင်းစပ်သတ္တများဖြင့် ပြုလုပ်ထားသည့်အတွက် ထိခိုက်ပျက်စီးလွယ်သည်။ သို့ဖြစ်၍ မောင်းသူမဲ့လေယာဉ် အမောင်းသင်တစ်မျိုး ဖြစ်သော SKY-02 UAV Trainer ဖြင့် ကျွမ်းကျင် ပိုင်နိုင်စွာ ပျံသန်းနိုင်မှသာ SKY-02 UAV အား အန္တရာယ်ကင်းရှင်းစွာ ပျံသန်းနိုင်မည်ဖြစ်ပါသည်။ ၂ဝဝ၉ခုနှစ်၊ သြဂုတ်လမှ စတင်၍ SKY-02 UAV အား မျက်မြင်ပျံသန်းရေးအရာရှိ(၂)ဦး၊ မြေပြင် ထိန်းချုပ် ပျံသန်းရေး အရာရှိ(၂)ဦး သင်တန်းပေးပို့ချလျက်ရှိကြောင်း စည်းလုံးခြင်းရဲ့ အင်အား ၀က်ဘ်ဆိုဒ် www.photayokeking.org မှ တင်ပြရင်း နိဂုံးချုပ်အပ်ပါသည်။

Last Updated ( Thursday, 16 August 2012 01:25 )  

နောက်ဆုံးရသတင်းများ

နောက်ဆုံးရဆောင်းပါးများ