Under Attack

Print PDF
User Rating: / 4
PoorBest 

ဝက်ဘ်ဆိုဒ် အရေးပေါ် တိုက်ခိုက်ခံရခြင်းနှင့် ကူညီပံ့ပိုးသူများအား ကျေးဇူးတင်ကြောင်း ထုတ်ပြန်ကြေညာခြင်း

၁။ စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုဒ် ပြန်လည် တည်ဆောက်ခဲ့သည့် ဖေဖော်ဝါရီလ (၁) ရက်နေ့ ၂၀၁၁ ခုနှစ်မှ စပြီး ပြည်တွင်းရှိ နိုင်ငံရေးအရ ဖြစ်ပေါ် ပြောင်းလဲမှုများနှင့် စစ်တပ် ဆိုင်ရာ ထိပ်တန်းသတင်းများအား စဉ်ဆက်မပြတ် တင်ပြခဲ့ပါတယ်။ အဆိုပါ သတင်းများကြောင့် စစ်အာဏာရှင်များ တုန်လှုပ်ချောက်ခြားခဲ့ရပြီး လက်အောက်ခံ အရာရှိများကို ခေါ်ယူ ကြိမ်းမောင်းခြင်း၊ ထွက်စာတင်စေခြင်း၊ သံသယရှိသူ အရာရှိများ၏ ဆွေမျိုးများကို စရဖက ခေါ်ယူ စစ်ဆေး ခြိမ်းခြောက်ခဲ့ခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း ဤ၀က်ဘ်ဆိုဒ်သို့ ပြည်တွင်းရှိ မိမိအမာခံများက သတင်း ပေးပို့လာခဲ့ပါတယ်။ (ထိုသတင်းများကို အခါအားလျော်စွာ ဆက်လက် တင်ပြသွားပါမယ်) အဆိုပါ ဂယက် ရိုက်ခတ်သွားပြီးနောက် ၀က်ဘ်ဆိုဒ်ကို တိုက်ခိုက်လာခဲ့ရာ အခြေအနေကို အောက်တွင် ဆက်လက် တင်ပြထားပါတယ်။

DDos ဖြင့် တိုက်ခိုက်ခံနေချိန်တွင် ၀က်ဘ်ဆိုဒ်ဖွင့်ဖို့ ပိုမိုစောင့်ဆိုင်းရပုံ


တိုက်ခိုက်ခံနေချိန်တွင် Website ရဲ့ Database မှာ Error တက်နေကြောင်းကို Website Homepage ဖွင့်တဲ့အခါ တွေ့ရပုံ

ဝက်ဘ်ဆိုဒ် တိုက်ခိုက်ခံရတဲ့ မေလ (၁၅) ရက်နေ့မှာ သိသိသာသာ Hits က သန်းနဲ့ချီ ရှိနေပြီး Loads နဲ့ Unique တို့ ဟာ အဆမတန် နည်းပါးနေကြောင်း ရိုက်ကူးထားပုံ

ပုံမှန်အားဖြင့် Hits, Loads, Unique တို့ရဲ့ စံချိန်သတ်မှတ်ချက်များဟာ မတိမ်းမယိမ်း ရှိကြပါတယ်

ဆာဗာတွေကိုတိုက်ခိုက်တဲ့ အရေအတွက်ဟာ အပေါ်က ပြထားတာထက် ၉၀% ပိုမိုများပြားတာကို တွေ့ရှိရပါတယ်။

ဝက်ဘ်ဆိုဒ် တိုက်ခိုက်လာသည့် နေရာများအား စစ်ဆေးတွေ့ရှိပုံ

တိုက်ခိုက်မှုတွင် Turkey, Thailand, Pakistan, Ukraine, Poland နှင့် Belarus နိုင်ငံတို့ကို အခြေပြုထားသော တစက္ကန့်လျှင် အကြိမ် (၃) သောင်း နှုန်းဖြင့် စဉ်ဆက်မပြတ် တိုက်ခိုက်ခံနေရကြောင်းလည်း စစ်ဆေး တွေ့ရှိရပါတယ်။

၂။ ၀က်ဘ်ဆိုဒ်ကို ဧပြီလတွင် တစ်ကြိမ်၊ နောက်ထပ် ယခု ၂ ပတ် အတွင်း စဉ်ဆက်မပြတ် တိုက်ခိုက် ခံနေရသည့်အတွက် အဆင်ပြေမှုများမရှိပါက နားလည်ပေးစေလိုပါတယ်။ အဆိုပါ တိုက်ခိုက်မှု အင်္ဂါရပ်များ ဖြစ်ကြသည့် Hits များ သာမန်ထက် ပိုမိုများပြားလာခြင်း၊ Bots များပြားလာခြင်း၊ Site Loading ဖြစ်နေခြင်း၊ ၀က်ဘ်ဆိုဒ် ပွင့်ဖို့ အချိန်အတော်ကြာ စောင့်ဆိုင်းရခြင်း၊ ပွင့်လာရင်လည်း ၀က်ဘ်ဆိုဒ်မှာ ဗရမ်းဗတာ ဖြစ်နေခြင်း စတဲ့ လက္ခဏာများ ဖြစ်ပေါ်ခဲ့ရာ ဆာဗာမှ နည်းပညာရှင်များက အပူတပြင်း ခံစစ် ဆင်ခဲ့ရပါတယ်။ အလားတူ Webmaster နှင့် Super Web Administrator ကိုဖိုးတရုတ် တို့ကလည်း ၀က်ဘ်ဆိုဒ်ကို ပြန်လည် ပြုပြင်ကာ နေ့ညမပြတ် ဆာဗာမှ ပညာရှင်များနှင့်အတူ ပူးပေါင်းပြီး ကျားကုတ်ကျားခဲ ဆောင်ရွက်နေရပါတယ်။

စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုဒ်သို့ လာရောက်လည်ပတ်ကြတဲ့ ထိပ်တန်းနိုင်ငံများရဲ့စာရင်း

ရုရှားနိုင်ငံမှ ဒုတိယအများဆုံးဖြစ်ပြီး မြန်မာနိုင်ငံမှ စတုတ္ထအများဆုံးနဲ့ တရုတ်နိုင်ငံမှ အဌမအများဆုံး ဖြစ်ပါတယ်။

တိုက်ခိုက်ခံရချိန်တွင် တက်လိုက်ကျလိုက် ဖြစ်နေကာ Web Design မှာလည်း ဗရမ်းဗတာ ဖြစ်နေခြင်းကို ရိုက်ကူး ရယူထားပုံ

၃။ သို့ဖြစ်ပါ၍ Up to date သတင်းများနှင့် ဆောင်းပါးများကို လုံခြုံရေး အခြေအနေကြောင့် လိုအပ်ပါက ထူးလျှင်ထူးသလို တင်ဆက်ပေးသွားမည်ဖြစ်ပါကြောင်း၊ နားလည် ခွင့်လွှတ်ပေးပါရန်နှင့် ကူညီပံ့ပိုးနေသော ပညာရှင်များကို ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် အပ်ပါတယ်။

Last Updated ( Thursday, 06 October 2011 11:27 )  

နောက်ဆုံးရသတင်းများ