A financial Safety Net payday loan Have a history of poor borrowing
ပင်မနေရာ အထူးကဏ္ဍ စစ်သားအခွင့်အရေး ကျွန်တော်နဲ့ ကျွန်တော်လေးစားခဲ့ဖူးသော မြန်မာ့တပ်မတော်အကြောင်း

ပင်မနေရာ အထူးကဏ္ဍ စစ်သားအခွင့်အရေး ကျွန်တော်နဲ့ ကျွန်တော်လေးစားခဲ့ဖူးသော မြန်မာ့တပ်မတော်အကြောင်း

ကျွန်တော်နဲ့ ကျွန်တော်လေးစားခဲ့ဖူးသော မြန်မာ့တပ်မတော်အကြောင်း

Print PDF
User Rating: / 2
PoorBest 

????????????????? ????????????? ?????

buy cialis japan buy cialis canada - millpharmacy.com buy cialis from canada

ကျွန်တော်နဲ့ ကျွန်တော်လေးစားခဲ့ဖူးသော မြန်မာ့တပ်မတော်အကြောင်း

ဆောင်းပါးရှင် - စစ်မင်းနိုင် (ပြည်တွင်းမှ တပ်မတော်အရာရှိတစ်ဦး)

စာဖတ်ပရိသတ်များခင်ဗျား။

ပြည်တွင်းမှ တပ်မတော် အရာရှိဟောင်း ကိုစစ်မင်းနိုင်က ကျွန်တော်နဲ့ ကျွန်တော် လေးစား ခဲ့ဖူးသော မြန်မာ့ တပ်မတော် အကြောင်း ခေါင်းစဉ် တပ်ပြီး ဆောင်းပါး ရေးသားပေးပို့ လာပါတယ်။ ဒီဆောင်းပါးကို ဖတ်ရင်း ယနေ့မြန်မာ့ တပ်မတော်မှာ ဖြစ်ပျက် နေကြတဲ့ အခြေ အနေတွေကို လေ့လာ သုံးသပ် နိုင်ပါစေလို့ ပြည်တွင်းမှ တပ်မတော် အရာရှိဟောင်း ကိုစစ်မင်းနိုင်နဲ့ ကျွန်တော် ကိုဖိုးတရုတ်တို့က စေတနာရှေ့ထား တိုက်တွန်း လိုက်ပါတယ်။ ယခုလို ပေးပို့လာတဲ့ ပြည်တွင်းမှ တပ်မတော် အရာရှိဟောင်း ကိုစစ်မင်းနိုင်အား ကျွန်တော် ကိုဖိုးတရုတ်က အထူးပင် ကျေးဇူး တင်ရှိပါပြီး စည်းလုံးခြင်းရဲ့ အင်အား Website မှာ မှတ်တမ်းတင် ဂုဏ်ပြုအပ် ပါတယ်။

မိုးတွေအရမ်းရွာနေတဲ့နေ့တစ်နေ့ပေါ့ ဆူးလေဘုရားလမ်းမပေါ်လျောက်ရင်း ခေါင်းထဲကို အတွေးတစ်စက မရမက အတင်းတိုးဝင်လို့လာပါတယ်။ ဒီအတွေးကို လွန်ခဲ့တဲ့ (၄) နှစ်လောက်ကလည်း တွေးခဲ့ဖူးပါတယ်။ ဒါပေမဲ့ အခုလို လူတွေရှုပ်ယှက်ခတ်နေတဲ့ လမ်းမပေါ်မှာတော့ မဟုတ်ပါ။ လူတွေ အလွန်ရှင်းတဲ့ တောကြီး မျက်မဲထဲမှာပါ။

မိုးရွာထဲ လမ်းလျှောက်ရတဲ့အရသာဟာ ဘ၀မှာပြီးပြည့်စုံတဲ့ ငွေကြေးကြွယ်ဝသူတို့အတွက် တစ်ခါတစ်ရံတော့ သုခဘုံမှာ လျှောက်လှမ်းနေရသလို ခံစားရတတ်ပေမဲ့ ကျွန်တော်တို့လို အသက်ချွေးတွေကို စတေးကာ ရည်ရွယ်ချက်၊ ယုံကြည်ချက်တွေနဲ့ နိုင်ငံကို ပေးဆပ်မယ်ဆိုတဲ့ လူစားမျိုးတွေအတွက်တော့ မိုးစက် မိုးပွင့်တွေဟာ ကဗျာမဆန်ခဲ့တာတော့ အမှန်ပါ။

မိုးကိုမုန်းတယ်။ မိုးကို အာဃာတထားတယ်။ မိုးကို မနှစ်မြို့ဘူး ဆိုတာတွေဟာ ရင်ထဲမှာ တစတစကြီး ထွားလာတာကိုတောင် ကိုယ်တိုင် သတိမထားမိခဲ့ပေမဲ့ ရင်ထဲမှာ ဆို့နစ်ကြေကွဲဘွယ်ရာ အခြေအနေ တွေရှိခံစားခဲ့ရတဲ့အခါမှာ မိုးကို ကျွန်တော် ရဲရဲကြီး မုန်းတတ်လာပါပြီ။ သွက်သွက်ခါအောင်လည်း နာကြည်းတတ်လာပါပြီ။ အခုလည်း ဆူးလေလမ်းမပေါ်မှာ တစ်ယောက်တည်း အကာကွယ်မဲ့ ထီးမပါ မိုးရေထဲ လမ်းလျှောက်နေရတာ ကျွန်တော် ဟိုစဉ်ကထားခဲ့တဲ့ ယုံကြည်ချက်၊ ခံယူချက်တွေကို စတေးနေရ သလိုမို့ အသည်းထဲ နှလုံးသားထဲမှာ တစစ်စစ် နာကြင်ခံစားရပါတယ်။

တကယ်တော့ ကျွန်တော်ဟာ တပ်မတော်မှာ ဗိုလ်ကြီး ဘ၀နဲ့ ဆယ်စုနှစ် တစ်ခုကို ဖြတ်သန်းကျော်လွှားခဲ့သူပါ။ အောက်ခြေမှအစပြုကာ အမိန့်ပေး ညွှန်ကြားသူ ဘ၀ကို ကျားကုတ်ကျားခဲ ဆင်းရဲတွင်းတွေ ဖိနှိပ်မှုတွေ ဘ၀မာနတွေ စတဲ့ ခါးသီးလှတဲ့အတွေ့အကြုံတွေကို ရင်ဆိုင်ကျော်လွှား ဖြတ်သန်းလာခဲ့ပြီးကာမှ ဒီလိုဘ၀ကို ရရှိလာခဲ့တာပါ။ ဒုဗိုလ်ဖြစ်တဲ့ နေ့ကဆို ကျွန်တော်ဟာ ကျွန်တော့် ပခုံးပေါ်က အပွင့်လေး တွေကို ကြည့်ရင်း ရင်ထဲမှာ တိုင်းပြည်နဲ့ လူမျိုးကို အသက်နဲ့ ရင်းပြီး တုံးတိုက်တိုက်ကျားကိုက်ကိုက် တာဝန်ထမ်းရွက်မယ်လို့လည်း သန္နိဌာန်ချမှတ်ခဲ့ဘူးပါတယ်။ ဒီဆုံးဖြတ်ချက်ဟာလည်း မယိုင်လဲနိုင်တဲ့ ကျောက်စာတိုင် တစ်ခုလို့ ရင်ထဲမှာ စွဲမြဲယုံကြည်ခဲ့ပါတယ်။

ဒီလိုနဲ့ ကျွန်တော်ဟာ တာဝန်ကျရာ တပ်မ (၃၃) တပ်မဋ္ဌာနချုပ် လက်အောက်ခံ တပ်ရင်းတစ်ရင်းကို သတင်းပို့ခဲ့ပါတယ်။ ကျွန်တော်တို့ သတင်းပို့ချိန်မှာ တပ်ရင်းမှူးက အသစ်ရောက်လာတဲ့ ကျောင်းဆင်း အရာရှိတွေကို ရောက်ရောက်ချင်း ဆောက်နဲ့ထွင်း ပြောလိုက်တာကတော့ ငါတို့တပ်မ ဟာ နောက် (၃) ရက် အကြာမှာ ကျောက်ကြီးကို စစ်ဆင်ရေးထွက်ရမယ်။ ဒါကြောင့် မင်းတို့လိုအပ်တာပြင်ဆင်ထားကြပါပေါ့။ ကျွန်တော်လည်း သင်တန်းဆင်းဆင်းချင်း ရှေ့တန်းကို စစ်ဆင်ရေးထွက်ရမယ်ဆိုတော့ ရင်ထဲမှာ အတိုင်းမသိ ပျော်နေခဲ့မိတယ်။ ကိုယ်တွေ့ကြုံဘူးတဲ့ အခြေအနေ မဟုတ်ပေမဲ့ ယခုအချိန်မှာ ကိုယ်တာဝန်ယူရမယ့် နေရာ ပါဝင်ရမဲ့နေရာက အုပ်ချုပ်သူ ကွန်မန်ဒါ Commander လေ။ ဒါကိုတွေးပြီး အဲဒီနေ့ကဆို ကျွန်တော် ကောင်းကောင်း အိပ်မပျော်ခဲ့ပါဘူး။ ရင်မှာ ပီတိကျေနပ်ချက်တွေ အပြည့်နဲ့ပေါ့။

ဒီလိုနဲ့ ကျွန်တော်တို့ စစ်ဆင်ရေးကို စထွက်ရပါတော့တယ်။ ကျွန်တော်က တပ်ခွဲ(၄) တပ်ခွဲမှူးတာဝန်ကို ယူရပါတယ်။ တစ်ခုထူးဆန်းတာက ကျွန်တော်တို့ သင်တန်းဆင်း ဒုဗိုလ် (၄) ယောက်ဟာ တပ်ခွဲမှူး တာဝန်ကို ယူကြရပြီး တပ်ရင်းမှူးတစ်ဦးနဲ့ ဒုတပ်ရင်းမှူးတစ်ဦးသာ စီနီယာ အရာရှိပါ ပါတယ်။ တပ်ရင်း မှူးကတော့ အလုပ်သင်ဗိုလ် (OTC) သင်တန်းဆင်းဖြစ်ပြီး၊ ဒုတပ်ရင်းမှူးကတော့ ဘွဲ့ရ အိုတီအက်စ် (OTS) ဆင်း ဖြစ်ပါတယ်။ သူတို့ရဲ့ မတူညီတဲ့ အတွေးအခေါ် အုပ်ချုပ်မှုတွေကို ကျွန်တော်တို့ နောက်ပိုင်းမှာ ခါးသီးစွာ ခံစားခဲ့ရပါတယ်။ ဒီထက်ဆိုးတာက ဒီအက်စ်အေ (DSA) ကဆင်းတဲ့ တပ်မမှူးရဲ့ ရက်စက်မှုတွေ မလျှော်ကန်တဲ့ ဆုံးဖြတ်ချက် အမိန့်တွေကြောင့် ကျွန်တော်နှင့်တကွ တပ်တွင်းက စစ်သည်အရာရှိငယ်များ လှိမ့်ပိန့် ခံခဲ့ရတဲ့ အခြေအနေ တွေကတော့ ဒုနဲ့ဒေးပါ။

ဒီလိုနဲ့ ကျွန်တော်လည်း တပ်ခွဲမှူးအသစ်စက်စက်ကလေးတို့ ထုံးစံအတိုင်း တက်ကြွပြီး နေ့ဘက်မှာ မိမိတပ်ခွဲကို စီစဉ်ညွှန်ကြား ပြင်ဆင်စရာများကို အသားကုန် လုပ်ဆောင်လို့နေပါတော့တယ်။ ကျွန်တော့် တပ်ခွဲက အသက်အရွယ်ကြီးရင့်ပြီ ဖြစ်ကြတဲ့ ဆရာကြီး ၅ ယောက်ရှိပါတယ်။ သူတို့ကတော့ အသက်၄၆ နှစ်ကနေ ၅၃ နှစ်ကြားပေါ့ဗျာ။ တပ်ခွဲဒုအရာခံဗိုလ်ကျော်တင့်၊ တပ်ခွဲတပ်ကြပ်ကြီး အောင်မောင်း၊ တပ်ကြပ်ကြီး စံပွင့်၊ တပ်ကြပ်ပြီး လှသိန်းနဲ့ တပ်ကြပ် အောင်ဒင်တို့ပါပဲ။ ကျွန်တော့်လို ဒုဗိုလ်ပေါက်စလေးရဲ့ အထင်နဲ့ ရမ်းသမ်း စီစဉ်ညွှန်ကြားနေတာကို သူတို့လို အတွေ့အကြုံရင့်ကျက်နေသူ စစ်အိုကြီးတွေ ကတော့ ပြုံးစိစိနဲ့ပေါ့။ တကယ်ဆို သူတို့က ကျွန်တော့် အဖေလောက်တွေပါ။ ဖြစ်သင့်တာက သူတို့က ဗိုလ်ကြီး ဒီလိုမစီစဉ်သင့်ဘူး။ ဒီလိုစီစဉ်ရင် ပိုပြီး အဆင်ပြေမယ်။ ပိုပြီး ကောင်းမွန်ထိရောက်မယ်လို့ ပြောသင့်ပါတယ်။

သူတို့မပြောရတဲ့ အကြောင်းရင်းကလည်း သူတို့မှာ အဖြေ အဆင်သင့်ရှိပြီးသားပါ။ ဘာကြောင့်လဲဆိုတော့ ရှေ့အစဉ်အဆက်က ဗိုလ်ပေါက်စတွေကို သူတို့စေတနာရှေ့ထားပြီး ပြောပြခဲ့ဘူးကြောင်း နောင်မှ ကျွန်တော်သိခဲ့ရတာပါ။ အဲဒီတုန်းကဆို ထိုဗိုလ်ပေါက်စတွေက ဘာပြန်ပြောလဲဆိုတော့ ခင်ဗျားက Commander ခေါင်းဆောင်လား ကျုပ်က Commander ခေါင်းဆောင်လား။ စစ်တပ်မှာ အသက်နဲ့ အုပ်ချုပ်တာလား အဆင့် ရာထူးနဲ့ အုပ်ချုပ်တာလားဆိုပြီး နင်ပဲငါဆ အပြောတွေခံခဲ့ရလို့ အသားတွေ ဆတ်ဆတ်တုန်ကာ မျက်ရည် ပိုးပိုးပေါက်ပေါက် ကျခဲ့ကြရတယ်လို့ ဆိုပါတယ်။ ကျွန်တော်တို့ လက်ရှိ မြန်မာ့တပ်မတော်ကတော့ ဒီလိုပါပဲ။ အဆင့်ဆင့်သော အာဏာ တစ်မတ်ဖိုး ရှိသူကလည်း တစ်မတ်ဖိုးလောက်၊ တစ်ကျပ်ဖိုးရှိသူက လည်းတစ်ကျပ်ဖိုးလောက် ပုတ်သင်ညိုလည်ပင်းမှာ ငွေစ ဆွဲပေးသလို စိတ်ကြီးတွေ ၀င်ကာ ထင်ရာကြဲတတ်ကြတာလည်း အစဉ်အလာတစ်ခုလို ဥပဒေသတစ်ခုလို ဖြစ်နေခဲ့ပါပြီ။ တစ်နည်း ပြောရလျှင် အရိုးစွဲ နေပြီပေါ့ဗျာ။

ဒါနဲ့ ကျွန်တော်လည်း ကျွန်တော် တတ်သမျှ မှတ်သမျှ စစ်ပညာလေးတွေနဲ့ စီစဉ်ထားမှုတွေကို တပ်ရင်းမှူးပြုလုပ်တဲ့ ညဘက်အစည်းအဝေးမှာ တင်ပြတော့ တပ်ရင်းမှူးက ဟေ့ကောင် မင်းလုပ်သင့်တာ လုပ်ရမှာတွေကို ငါခြုံငုံပြီးလမ်းညွှ့န်ထားပြီးသား။ အပိုတွေမပြောနဲ့ ငါ့မှာအချိန်မရှိဘူး။ စစ်ခေါင်း ဆောင်ဆိုတာ အချိန်ကို ရွှေထက်တန်ဘိုးထားတတ်ရတယ်။ စစ်ဆင်ရေးတစ်ခုမှာ စစ်ရေးအမြင်၊ စည်းရုံး ရေးအမြင်၊ အုပ်ချုပ်ရေး အမြင်တွေနဲ့ သုံးသပ်ဆုံးဖြတ်လုပ်ဆောင်တတ်ရင် ငါတို့ စစ်ဆင်ရေးမှာ မလွဲဧကန် မုချအောင်မြင်မှာပဲ။ ဒါကြောင့် ဒီအခြေခံ သဘောတရားတွေကို မင်းတို့လိုအရာရှိငယ်တွေ တစ်သွေမသိမ်း ဦးလည်မသုန် လိုက်နာကြဖို့လိုအပ်ကြောင်း စသဖြင့် ညွှန်ကြားမှုတွေကို ရှည်လျားစွာ မိန့်မှာခဲ့ပါတယ်။ အချိန်ကို ရွှေထက် တန်းဘိုးထားတဲ့ ကျွန်တော့်တို့ရဲ့ တပ်ရင်းမှူးကြီးကို ထိုအချိန် ထိုအခါက ရင်မှာ လေးစားလိုက်တာဖြင့် ဆို့တက်နေအောင်ပါပဲ။ အထင်လည်းကြီး ၊လေးစားမှုကလည်း အထွဋ်အထိပ် မှာဆိုတော့ ကျွန်တော့်ရင်ထဲမှာ ငါဖြင့် ဒီလို ခေါင်းဆောင်အောက်မှာ တာဝန် ထမ်းဆောင်ရတာ ကံကောင်းတယ်။ ငါတို့တိုင်းပြည်မှာ ဒီလို ခေါင်းဆောင်တွေချည်းပဲသာဆိုလျှင် ငါတို့တိုင်းပြည်ဟာ မကြာခင် တစ်ခြား နိုင်ငံများ နည်းတူ စစ်အင်အားရော အခြားသောနိုင်ငံရေးအခြေအနေတွေပါ ထိပ်ပိုင်းနေရာကို ရောက်ရှိလာ တော့မှာ အသေအချာပဲလို့ ပီတိစိတ်အပြည့်နဲ့ တွေးတော ထင်မြင်ခဲ့ရဘူးပါတယ်။ နောက်ပိုင်းမှာ တပ်ရင်းမှူး ကိုယ်တိုင်က လိုအပ်ချက်တွေ ဖြည့်ဆည်းဖို့ တာဝန် ပျက်ကွက်တာတွေ ကိုတွေ့ရတော့ အဲဒီပီတိ စိတ်တွေသဲထဲ ရေသွန် ဖြစ်သွားခဲ့ရပါတယ်။

ဒီလိုနဲ့ ကျွန်တော်တို့တပ်မ (၃၃)ဟာ ကျောက်ကြီးဒေသသို့ စစ်ဆင်ရေးခရီးကြမ်း ချီတက်ခဲ့ကြပါတယ်။ ကျွန်တော် တို့နဲ့ တာဝန်လဲလှယ်ဖို့ စောင့်မျှော်နေတဲ့ တပ်မကတော့ အမှတ်(၁) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် ပါ။ စကားကြုံလို့ ပြောလိုက်ရဦးမယ်။ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်တွေမှာ ဆန့်ကျင်ဘက်အဖွဲ့အစည်း အင်အားကောင်းတာမို့ မြန်မာအစိုးရစစ်တပ်က ဒီလို သတ်မှတ်ထားတဲ့ နယ်မြေတွေမှာ တစ်နည်းအားဖြင့် စစ်ရေးအရ ကြမ်းတမ်းတဲ့ ဒေသတွေဆိုရင် တပ်မ တပ်တွေနဲ့ စကခတပ်တွေသာ စစ်ဆင်ရေးဝင်ရ လေ့ရှိပါတယ်။

တိုင်းတပ်တို့ ဒကစ တပ်တို့ကတော့ ဆက်ကြေးကောက် မြို့ရွာဒေသ အုပ်ချုပ်ရေးကိစ္စတွေမှာ လူတွင်ကျယ်လုပ် ခေါင်းပုံဖြတ် ကြရတာပေါ့ဗျာ။ တပ်မတို့ စကခတို့က စစ်ဗိုလ် စစ်သားတွေကတော့ဖြင့် မိုးထဲရေထဲမှာ ငါးပိ နပ်မမှန် ဆား နပ်မမှန်နဲ့ ဆီဆိုတာ ပျစ်ချွဲချွဲ အရည်လားလို့ မေးရလောက်အောင် နားမလည်ခဲ့တဲ့ သူတွေပါ။ တစ်နည်းဆိုရသော် လူ့ ပြည်က ပြိတ္တာအကြီးစားတွေ လို့တောင် ဆိုနိုင်ပါရဲ့ဗျာ။ တပ်ချင်း တူတာတောင် နေထိုင်စားသောက်မှု အဆင့်အတန်း ကွာခြားမှုကို စတင်သိမြင် လာပါတယ်။ ဒီလိုနဲ့ တပ်ချင်းလဲကြတော့ ပြန်မယ့်သူတွေကလည်း ပျော်တစ်ပြုံးပြုံး ဖြစ်သလို ကျန်ခဲ့ရမယ့် ကျွန်တော်တို့ တပ်အသစ်တွေကလည်း ဘယ်နေရာက မိုင်းကွင်း ဘယ်နေရာကတော့ ခြုံခိုတိုက်ခိုက်လေ့ရှိတဲ့နေရာ ရန်သူရဲ့ ဓလေ့စရိုက် စသည်ဖြင့် ကိုယ်သိလိုရာ စမ်းတ၀ါးဝါး မေးမြန်းကြရင်းနဲ့ ကျွန်တော့်ရဲ့ အရာရှိဘ၀ စစ်ဆင်ရေး နိဒါန်းကို ကန့်လန့်ကာ ဖွင့်ခဲ့ပါတယ်။ ကျွန်တော့် တပ်ခွဲ (၄) က ပထမဆုံး ဘောဆဲခို အလွန် အရိုးတောင်မှာ စခန်းချရပါတယ်။

အရိုးတောင်ဆိုတာ ကရင်တိုင်းရင်းသားများရဲ့ သင်းချိုင်းမြေကို အစွဲပြုပြီးခေါ်တာဖြစ်မယ်လို့ ကျွန်တော် ထင်ခဲ့ပါတယ်။ အဲဒီအချိန်က မိုးတွင်းကြီးဗျ။ မိုးရေထဲမှာ ခပ်စောစောထပြီး လမ်းရှင်းကြရပါတယ်။ အဲဒီလို လမ်းရှင်းရတာလည်း တပ်မမှူးတို့ ဗျူဟာမှူးတို့ ခရီးမထွက်ခင် တစ်လလောက်ကြိုပြီး ကိုယ်တာ ၀န်ယူရတဲ့ လမ်းအပိုင်းကို မိုင်းရှင်းရေးအတွက် ရဲဘော်တွေနဲ့ တံမျက်စည်းလှည်းကြရတာဖြစ်ပါတယ်။ ရှင်းရှင်းပြောရရင် တော့ လူနဲ့ လမ်းရှင်းခိုင်းတာပေါ့ဗျာ။ ခေတ်မှီ တပ်မတော်ဆိုပြီး ပြောနေပေမဲ့ မိုင်းရှာဖွေတဲ့ စက်တောင် အောက်ခြေအထိ မချပေးနိုင်လို့ စစ်သည်တွေရဲ့ အသက်နဲ့ ခန္ဓာကိုယ်ကို ရင်းပြီး လမ်းရှင်းခိုင်းတာ ဖြစ်ပါတယ်။

ဒီဟာကို ကျွန်တော် ပထမတော့ သေသေချာချာ သဘောမပေါက်ခဲ့ဘူး။ နောက်မှ ၀ါရင့်ဆရာကြီး တွေပြောပြလို့ သိခဲ့ရတာပါ။ ကျွန်တော်တို့ လမ်းစရှင်းတဲ့ နောက်နေ့မှာပဲ ကျွန်တော့် တပ်ခွဲက ရဲဘော် တစ်ယောက်ကို မိုင်းထိတယ်။ ကျွန်တော်လည်း ဘာလုပ်လို့ ဘာကိုင်ရမှန်းကို မသိခဲ့ပါဘူး။ ကိုယ့်ရှေ့မှာ လူတစ်ယောက် ခြေထောက်ပြတ်တာကို ပထမဦးဆုံးစမြင်ဘူးတော့ ခြေလက်တွေ တုန်ပြီး ခြေလှမ်းတစ်လှမ်း ရွေ့ဖို့တောင် အင်အားချိနဲ့ ကြောက်လန့်နေခဲ့မိပါတယ်။ ဒီလိုနဲ့ ကျွန်တော်တို့ လမ်းရှင်းလိုက်ကြတာ (၁၅) ရက်အတွင်းမှာ ကျွန်တော့်တပ်ခွဲက ဆရာကြီး တစ်ယောက်နဲ့ ရဲဘော် လေးယောက် မိုင်းထိလို့ သွားပါတော့တယ်။ အားလုံး ခြေထောက်တွေ ပြတ်ကြတာပေါ့။ ထူးထူးခြားခြား တိုက်တိုက်ဆိုင်ဆိုင်ပါပဲ အဲဒီ မိုင်းထိတဲ့ နေ့တွေမှာ မိုးတွေ ရွာနေခဲ့တာပါ။ ဒါကြောင့် ဒီမိုးရွာတဲ့ ရက်တွေကို ကျွန်တော် ဘယ်လိုမှ မေ့မရခဲ့သလို ရင်ထဲမှာ နာကျည်းမှုတွေဟာလည်း ပြည့်လျှံနေခဲ့တာပါ။ (၂၀) ရက်မြောက်နေ့မှာ ဗျူဟာမှူးဟာ ကျွန်တော်တို့ တာဝန်ယူရတဲ့ လမ်းအပိုင်းကနေ ဖြတ်အသွား ကျွန်တော့် တပ်ခွဲက လူအင်အား မလုံမလောက်နဲ့ ရှေ့ပိတ်နောက်ပိတ် အသေခံ ပို့ဆောင်ပေးခဲ့ရပြန်ပါတယ်။ ဗျူဟာမှူး ကျွန်တော့် စခန်းရောက်တော့ ဘာပြောလဲဆိုတော့ မင်းတော်တော် ညံ့ဖျင်းတဲ့ကောင် (၁၅) ရက်အတွင်းမှာ လူ (၅) ယောက် မိုင်းထိတာ မင်း စစ်ရေး မသုံးသပ်တတ်လို့ စောက်သုံးမကျလို့ ဒီလို ဖြစ်ရတာလို့ ကျွန်တော့်ကို ဆူပါတယ်။ နောက်ထပ် ဒီလိုဖြစ်စဉ်မျိုးဖြစ်ရင် မင်းကို အရေးယူမယ်လို့လည်း ပြောပါသေးတယ်။

သူပြောတဲ့ စစ်ရေးသုံးသပ်ချက်ကို ကျွန်တော် ကောင်းကောင်း နားလည်ပါတယ်။ မိုင်းဆိုတာ မြွေလိုဘဲ ဆရာ မရှိတာမို့ ကံ ညံ့တာနဲ့ ခံရတာဆိုတာ ပထမပြောချင်ပါတယ်။ အရေးကြီးဆုံးက မိုင်းရှာဖွေရေးစက်တွေကို တပ်ရင်းတွေထံ အလုံအလောက် ချပေးဖို့ ပျက်ကွက်တာတွေ မိုင်းရှာဖွေရေး သင်တန်း အသိပညာပေးမှု အားနည်းတာတွေ စစ်မြေပြင် အင်ဂျင်နီယာတပ်တို့မှ မိုင်းရှာ ကျွမ်းကျင်စစ်သည်များ တပ်ရင်းများသို့ ယခင်ကလို တွဲဖက်ပေးဖို့ ပျက်ကွက်တာတွေ စတဲ့ လိုအပ်တဲ့ အစီအမံများကို ဗျူဟာမှူးနဲ့ အထက် စစ်အာဏာရှင်များက သိလျှက်နှင့် လစ်ဟင်း မသိကျိုးကျွံ ပြုနေတာကတော့ အတွင်းသတ် ခေါ်တဲ့ ကိုယ့် လူအချင်းချင်း သတ်တဲ့ သဘောပါဘဲ။ လိုရင်းပြောရရင် ကျွန်တော် စစ်ရေး သုံးသပ်တာ ညံ့တာထက် သူတို့ စီမံခန့်ခွဲမှု ညံ့ဖျင်းတာ အဓိက တရားခံ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော့်မှာ ပြန်တင်ပြရန် အခွင့်အရေးမရှိသလို ပြန်တင်ပြရင်လည်း ချက်ချင်း လက်ငင်း အရေးယူမယ်ဆိုတာကိုလည်း ကျွန်တော်သိနေခဲ့လို့ပါပဲ။

ကျွန်တော့် တပ်ခွဲက လူအင်အား (၂၂) ယောက်ပါ၊ (၅) ယောက်မိုင်းထိတော့ (၁၇) ယောက်သာရှိတော့တဲ့ ကျွန်တော့်တပ်ခွဲက ဘယ်လိုများ စစ်ရေး အင်အား ထက်မြက်နိုင်မှာလဲ။ ဒါ့အပြင် စိတ်ဓာတ်က သုံည အောက်ရောက်နေတဲ့ အသက်အရွယ် ကြီးရင့်နေတဲ့ ဆရာကြီးတွေရယ်၊ ဥာဏ်ရည်မမှီတဲ့ ရဲဘော်လေး တွေရယ် (လမ်းပေါ်ကနေအတင်းအဓမ္မ တစ်မျိုး၊ ရရာတမျိုး စုဆောင်းထားသူများ) နဲ့ အမိန့်ညွှန်ကြားချက်ကို ထိရောက်စွာ မလုပ်မကိုင်နိုင်လို့ လူအင်အား အနည်းငယ်သာရှိတဲ့ ကေအင်န်ယူ KNU ပြောက်ကျား စစ်ဆင်ရေးကို အရှုံးပေးနေရတာ ဖြစ်ပါတယ်။ ဒီအဖြေကိုသာ ကျွန်တော် ပေးလိုက်ရင် အဲဒီစစ်ခေါင်းဆောင် ဗျူဟာမှူးကြီး ချက်ချင်း ဒေါသူပုန်ထပြီး အနာပေါ် ဒုတ်ကျကာ ကျွန်တော်တို့ကို အရေးယူမှာ မလွဲပါ။ ကျွန်တော် မျက်ရည် ထပ်ကျခဲ့တဲ့ နေ့ကတော့ ဗျူဟာမှူးသွားပြီး နောက်နေ့ ကျွန်တော်တို့ လုံခြုံရေးလုပ်ဖို့ စက်ကနေ လှမ်းအကြောင်းပြန်တဲ့ နေ့ဖြစ်ပါတယ်။ ဗျူဟာမှူး အရေးပေါ် ပြန်လာမှာ ဖြစ်တဲ့အတွက် လမ်းရှင်းပါတဲ့ အထက်က တန်းဖြုတ်ဆိုမှ ဖြုတ်ပါတဲ့။ အဲဒီနေ့မှာလည်း တိုက်တိုက်ဆိုင်ဆိုင် မိုးတွေက သည်းကြီးမဲကြီး ရွာနေခဲ့ပါတယ်။

ထူးခြားတာက ကျွန်တော့်တပ်ခွဲဟာ မိုင်းအရမ်းထိလို့ မိုင်းကို မိုင်းနဲ့ ကာဆိုပြီး တန်ပြန်မိုင်းထောင် ခိုင်းပါတယ်။ ဒါနဲ့ ကျွန်တော် ဦးဆောင်ပြီး ရန်သူလာနိုင်မဲ့ လမ်းကြောင်းများမှာ မိုင်းတွေအသီးသီး ထောင်ကြပါတယ်။ မိုင်းထောင်ကြတဲ့ နေရာမှာ ကျွမ်းကျင်ပါသည်ဆိုတဲ့ ၀ါရင့် တပ်ကြပ်များကို ကျွန်တော် ရွေးချယ် အသုံးပြုခဲ့ပါတယ်။ ဖြစ်ချင်တော့ ကျွန်တော်တို့ ကာကွယ်ရေးပစ္စည်း စက်ရုံတွေက ထုတ်တဲ့ မိုင်းတွေကပဲ မကောင်းတာလား၊ ကျွန်တော့်ရဲ့ ကျွမ်းကျင်ပါသည် ဆိုသော ဆရာတွေကပဲ နမော်နမဲ့နိုင်တာလား၊ ကျွန်တော်ကပဲ ကြီးကြပ် ကွပ်ကဲမှု အားနည်းတာလား မပြောနိုင်ပါ။ ကျွန်တော့်တပ်ခွဲက ဆရာတင်ငွေဟာ ရန်သူအတွက် မိုင်းထောင်ရင်း သူ့မိုင်းက သူ့ကိုပြန်ထိပြီး နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့ရပါတယ်။

ဒီမိုးရွာတဲ့ နေ့တွေကတော့ဖြင့် ကျွန်တော့်ရင်ကို ထိခိုက်စေခဲ့သလို စူးစူးနင့်နင့်နဲ့ ဖြစ်စေတဲ့ လက်ရှိ တပ်မတော်ရဲ့ အတွင်းသတ် အပြင်သတ် ရက်စက်မှု နည်းဗျူဟာများကို သိရှိနားလည်စေခဲ့တာပါဘဲ အခုလည်း ဆူးလေလမ်းပေါ် လမ်းလျှောက်ရင်း တပ်တွင်းမှာတင်မက ပြည်သူ တစ်ရပ်လုံးအပေါ် ရက်စက် ယုတ်မာတဲ့ တပ်မတော်အစိုးရရဲ့ ရက်စက်မှုတွေကို ခံစားရင်း မိုးရေထဲက ကျွန်တော့်ခံစားချက်လိုမျိုး ပြည်သူတွေ ခါးစည်းခံစားနေရတဲ့ဘ၀က လွတ်မြောက်မဲ့ရက်ကို ကိုယ်တိုင်ဖန်တီးကြရမယ်လို့ ဆုံးဖြတ်ချက်ချကာ ဒီစာကို ရေးသားလိုက်ရပါတယ်၊ ဒါ့အပြင် ဒီခံစားချက်ကို တစ်ပြည်လုံးသိအောင် ဖြန့်ဝေရမယ်ဆိုတဲ့ အသိနဲ့ သန္ဓိဋ္ဌာန်ကို ခိုင်ခိုင်မာမာကြီး ချခဲ့မိပါတော့တယ်။

Last Updated ( Saturday, 18 August 2012 11:15 )  

နောက်ဆုံးရသတင်းများ

နောက်ဆုံးရဆောင်းပါးများ