How do I apply payday loan Your Finances are your own Business
ပင်မနေရာ သွေးစကား တိုက်ပွဲ ဟေ ရဲဘော် ရဲဘော် စစ်သည်တော် (သို့မဟုတ်) အကြွေစောသူများ - အပိုင်း (၁)

ပင်မနေရာ သွေးစကား တိုက်ပွဲ ဟေ ရဲဘော် ရဲဘော် စစ်သည်တော် (သို့မဟုတ်) အကြွေစောသူများ - အပိုင်း (၁)

ဟေ ရဲဘော် ရဲဘော် စစ်သည်တော် (သို့မဟုတ်) အကြွေစောသူများ - အပိုင်း (၁)

Print PDF
User Rating: / 7
PoorBest 
ဆောင်းပါးရှင် - ဗိုလ်ရဲထက်

လက်ရှိ တပ်မတော်စစ်ကြောင်းများနဲ့ ကချင်လွတ်မြောက်ရေး တပ်မတော်တို့ဟာ ကချင်ပြည်နယ် နေရာအနှံ့အပြားမှာ တိုက်စစ်ဆင်နေကြပါတယ်။ မြန်မာ့တပ်မတော်ကလည်း ဒေသငြိမ်းချမ်းရေး၊ ဒေသလုံခြုံရေး၊ ပြည်သူ့အသက် အိုးအိမ်စည်းစိမ် ကာကွယ်ရေးဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေသလို ကချင်လွတ်မြောက်ရေး တပ်မတော်ဘက်ကလည်း ကချင်ပြည်နယ် လူထုအတွက် ကချင်ပြည်နယ်လူထုနဲ့ အနာဂတ် ဖက်ဒရယ် ပြည်ထောင်စု စစ်မှန်တဲ့ ငြိမ်းချမ်းရေးအတွက်ဆိုပြီး ခုခံစစ်ပွဲတွေ ဆင်နွှဲနေတယ်။

နှစ်ဖက်စလုံးက တပ်မတော်သား အသီးသီးဟာ ဒီလို တိုင်းပြည်နဲ့ ကိုယ့်ပြည်သူလူထု ကောင်းစားဖို့ ဆန္ဒတွေ ကိုယ်စီရှိနေပြီး ဘာလို့ တဖက်နဲ့တဖက် တိုက်ခိုက်နေတာလဲ။ ကချင်လွတ်မြောက်ရေး တပ်မတော်က မြစ်ဆုံဆည် ကိစ္စနဲ့ပတ်သက်ပြီး စတင်တိုက်ခိုက်ခဲ့တယ်၊ တပ်မတော် စစ်ကြောင်းတွေကလည်း ဒေသလုံခြုံရေးဆိုပြီး ထိုးစစ်တွေ ဆင်တယ်။ တဖက်မှာ ပြည်နယ်အစိုးရအဖွဲ့နဲ့ ငြိမ်းချမ်းရေးစကား ကမ်းလှမ်းခဲ့သလို လက်ရှိမှာလည်း ပြည်ထောင်စုအစိုးရနဲ့ ငြိမ်းချမ်းရေး ကမ်းလှမ်းနေတယ်။

ဒီလိုငြိမ်းချမ်းရေး ကမ်းလှမ်းမှုအပေါ်မှာ ဝမ်းမြောက်စွာ ကြိုဆိုပါတယ်။ ဒါဟာ နှစ်ဖက်ခေါင်းဆောင်များက တိုင်းပြည်နဲ့ ကိုယ့်ပြည်သူအတွက် အမျှော်အမြင်ရှိစွာနဲ့ စလိုက်တဲ့ ခြေလှမ်းသစ်ပါပဲ။ ဒီခြေလှမ်းကနေ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီးကို တက်လှမ်းနိုင်ပါစေလို့လည်း ဆု တောင်းမိပါတယ်။

ရှေ့တန်း စစ်မြေပြင်မှ K.I.A မျိုးချစ် စစ်သည်တော်များ

ဒါပေမယ့် တဖက်မှာ ဒီလိုငြိမ်းချမ်းရေး စကားသံတွေနဲ့အတူ အနာဂတ် တိုင်းပြည်အတွက် ပျော်ရွှင်ဖွယ် စကားသံတွေကို ကြားနေရသလိုပဲ တဖက်မှာကလည်း တပ်မတော်စစ်ကြောင်းက ထိုးစစ်ဆင်တယ်ဆိုတဲ့ သတင်းတွေနဲ့အတူ ကချင်လွတ်မြောက်ရေး တပ်မတော်ကလည်း စစ်ရေးအရ လမ်း၊ တံတားတွေနဲ့ တပ်မတော် စစ်ကြောင်းတွေကို ပျောက်ကြား တိုက်ခိုက်နေတယ်။ ဒီလိုတိုက်ခိုက်တဲ့အတွက် လမ်း၊ တံတားပျက်စီးမှုတွေက ဘယ်လိုရှိတယ်။ နှစ်ဖက် အထိအခိုက် အကျအဆုံးက ဘယ်လောက်ရှိတယ်၊ ဘယ်သူတွေကတော့ ဘယ်လို ဖြစ်ကုန်ပြီဆိုပြီး ထပ်ကြားနေရတော့ ရင်ထဲမှာ မကောင်းဘူး။

ဒီသတင်းတွေကြားရတော့ အထက်မှာ ကြားရတဲ့ ငြိမ်းချမ်းရေး ကမ်းလှမ်းတယ်ဆိုတဲ့ ကိစ္စကို သံသယ ဖြစ်လာတယ်။ ဒါပေမယ့် ဒီလိုအရေးကြီးနေတဲ့ အချိန်မှာ သံသယတွေ မထားတာက အကောင်းဆုံးပါပဲ ဆိုပြီးကိုယ့်ကိုကိုယ် ဖြေသိမ့်ခဲ့တယ်။ တကယ်လို့များ ပြည်ထောင်စု အစိုးရအနေနဲ့ အမှန်တကယ်ကို တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ကော ပြည်တွင်းအတိုက်အခံ နိုင်ငံရေးပါတီများနဲ့ပါ ငြိမ်းချမ်းရေး ကမ်းလှမ်းပြီး အပြောင်းအလဲကို အမှန်တကယ် လုပ်နေကြပါတယ်ဆိုရင် ဒီလို လတ်တလောတိုက်ပွဲမှာ ပေးဆပ်လိုက်ရတဲ့ နှစ်ဖက်ရဲဘော်များနဲ့ ပြည်သူတွေ၊ ဆုံးရှုံးသွားတဲ့ ဘဏ္ဍာတွေကို ဘာလို့ ထည့်မတွက်ကြတာလဲလို့လည်း ကိုယ့်ကိုကိုယ် မေးခွန်းထုတ်မိတယ်။

အပိုင်း(၂) တွင် ဆက်လက်ဖော်ပြသွားပါမည်….

Last Updated ( Tuesday, 14 August 2012 19:40 )  

နောက်ဆုံးရသတင်းများ

နောက်ဆုံးရဆောင်းပါးများ