A financial Safety Net payday loan Have a history of poor borrowing
ပင်မနေရာ သွေးစကား တိုက်ပွဲ ဟေ ရဲဘော် ရဲဘော် စစ်သည်တော် (သို့မဟုတ်) အကြွေစောသူများ - အပိုင်း (၄)

ပင်မနေရာ သွေးစကား တိုက်ပွဲ ဟေ ရဲဘော် ရဲဘော် စစ်သည်တော် (သို့မဟုတ်) အကြွေစောသူများ - အပိုင်း (၄)

ဟေ ရဲဘော် ရဲဘော် စစ်သည်တော် (သို့မဟုတ်) အကြွေစောသူများ - အပိုင်း (၄)

Print PDF
User Rating: / 2
PoorBest 
ဆောင်းပါးရှင် - ဗိုလ်ရဲထက် ( အပိုင်း (၃) ကို ဒီနေရာ တွင်နှိပ်၍ ပြန်လည်လေ့လာဖတ်ရှုနိုင်ပါသည်...)

ထိုသို့ဆိုလျှင် မိမိတို့ ဦးထိပ်ပန်ဆင်ထားသော ပြည်ထောင်စု မပြိုကွဲရေးဆိုသည့် ဒို့တာဝန် အရေးသုံးပါးပါ နံပါတ်တစ်အချက်အရ မိမိတို့သည် လက်ရှိဆင်နွှဲနေသော စစ်ဆင်ရေးများကို ဆင်နွှဲသင့်ပါ၏လော။ နိုင်ငံတော်အကြီးအကဲများနှင့် တပ်မတော်ခေါင်းဆောင်များ အနေနှင့်လည်း ထိုသို့သော အချက်များအရ လက်ရှိ ထိုးစစ်ဆင်နေခြင်းကို ရပ်တန့်သင့်ပါသည်။ နိုင်ငံရေးအရ အဖြေရှာ ညှိနှိုင်းသင့်ပါသည်။ ပြည်ထောင်စုကြီးသည် ပြိုကွဲဖို့ဆိုသည်မှာ အလွန်တရာ ခဲယဉ်း လှပါသည်။ လွယ်အောင်ပြောလျှင်တော့ လွယ်ပါသည်။ သို့သော် ပြည်သူလူထုသည် ကလေးငယ်များ ပညာမတတ်သူများ မဟုတ်ကြပါ။ အကောင်းအဆိုး အကြောင်းအကျိုးကို ဝေဖန် သုံးသပ်နိုင်စွမ်း ရှိပါသည်။ သို့အတွက် ဖက်ဒရယ်မူနှင့် ပတ်သက်၍ ပထမအဆင့်အနေဖြင့် အသိပညာပေးမှုများကို နိုင်ငံအဝှမ်းတွင် လုပ်ဆောင်ကာ ဒုတိယအဆင့် ငြိမ်းချမ်းရေး စကားဝိုင်းများ ဖော်ထုတ်ကြရမည်ဖြစ်ပြီး တတိယအဆင့်အနေဖြင့် တိကျသေချာသော ဖက်ဒရယ်မူကို အခြေခံသည့် ပြည်ထောင်စုဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပ ဒေကို ရေးဆွဲ အတည်ပြုကြရပေမည်။

သို့ဆိုလျှင် ယနေ့ဆုံးရှုံးနေသော စစ်ကုန်ကျစရိတ်များနှင့် နှစ်ဖက်ရဲဘော် များ၏ အသက်များ မိသားစုများတွင် ကျန်ရစ်ခဲ့မည့် ဝမ်းနည်းပူဆွေးမှုများနှင့် အစတေးခံပြည်သူလူထုနှင့် နိုင်ငံတော်ဘဏ္ဍာများလည်း ဆုံးရှုံးမှု သက်သာပေလိမ့်မည်။ အကယ်၍ အကြောင်းအမျိုးမျိုးဖြင့် ပြည်ထောင်စု စစ်စစ် နိုင်ငံတော်ကြီး ပေါ်ပေါက်လာပါလျှင် ယနေ့ပေးဆပ်လိုက်ရသော ဆုံးရှုံးမှု များသည် ဘာနှင့်မျှ ပြန်လည်အစားထိုး ၍ ရမည်မဟုတ်ပါ။ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ဆုံးရှုံးမှုများနှင့် ငွေကြေးဆုံးရှုံးမှုများသည် ပြန်လည်ရှာဖွေယူ၍ရသော်လည်း ဆုံးရှုံးသွားသည့် နှစ်ဖက် စစ်သည်တော်တို့၏ အသက် ကျန်ရစ်ခဲ့သည့် မိသားစုတို့၏ ဝမ်းနည်းပူဆွေးမှု စတေးခံ ပြည်သူတို့၏ အသက်အိုးအိမ်နှင့် စိတ်ခံစားမှုများသည် မည်သည့်အရာနှင့်မျှ ပြန်လည် အစားထိုးမရ သောအရာများ ဖြစ်သည်ကို သတိချပ်သင့်ပါသည်။

နောက် ဖတ်မိတဲ့ တပ်မတော်က အရာရှိတစ်ယောက် ရေးထားတဲ့ ပေးစာလေးမှာပါတဲ့ ငါတို့လက်တွေ သွေးစွန်းနေတာ ဂျိုးဖြူငှက်တွေကို လေထဲလွှတ်ပေးနိုင်ဖို့ပဲ ဆိုတဲ့စာသားလေးကို တွေ့မိတယ်။ မှန်ပါတယ်၊ စစ် သားတွေဆိုတာ တရားသောစစ်ကို ဆင်နွှဲနေကြတယ်ဆိုတာ။ ဒါပေမယ့် စစ်သားတိုင်းနဲ့ စစ်ပွဲတိုင်းအတွက်တော့ မဟုတ်ဘူးဆိုတာကို သတိချပ်သင့်တယ်လို့ ထင်မြင်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဗကပကို တိုက်ထုတ်ခဲ့တုန်းက ဗကပဘက်က အမှားတွေရှိခဲ့သလို ပါတီစုံ ဒီမိုကရေစီစနစ်ကို ကျင့်သုံးတဲ့ အစိုးရမှာလည်း အမှားတွေရှိခဲ့ပါတယ်။

စာရေးသူ သုံးသပ်မိသလောက်ပြောရရင် ဗကပကလည်း တိုက်ယူမှသာ ပြီးပြည့်စုံတဲ့ လွတ်လပ်ရေးကိုရမယ် စစ်မှန်တဲ့လွတ်လပ်ရေးရမယ် ဆိုပြီး တောခိုခဲ့တယ။် ဒီအတွက် တပ်မတော်က လိုက်လံ တိုက်ခိုက်ခဲ့တယ်။ ဒါကတော့ လွဲမှားတဲ့ အယူအဆတရပ်အတွက် လက်နက်ကိုင်ခဲ့သူကို လိုက်လံတိုက်ခိုက်တာ မှန်ပါတယ်လို့ ပြောလို့ရနိုင်ပါတယ်။ ဒါပေမယ့် နိုင်ငံရေးအရကတော့ မှားယွင်းခဲ့တယ်။ ဘာကြောင့်လဲ။ ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေတဲ့ ခေတ်ကာလမို့ ဒီမိုကရေစီသဘောအရ ဘယ်ဝါဒကိုမဆို ရှင်သန်ခွင့်ပေးရပါတယ်။ ကွန်မြူနစ် ဆန့်ကျင်ရေး ဆိုတဲ့ ခေါင်းစဉ်အောက်မှာ တပ်မတော် တပ်ရင်းတပ်ဖွဲ့တော်တော်များများ ကွန်မြူနစ်နောက်လိုက်ပြီး တပ်ရင်းလိုက် တောခိုခဲ့ကြတာကို သမိုင်းစာမျက်နှာမှာ အထင်အရှား တွေ့ရပါတယ်။

ဝန်ကြီး ဦးအောင်မင်း၊ KNU ဗိုလ်ချုပ်မူတူးဆေးဖော၊ ၀န်ကြီး ဦးစိုးသိန်း

ဒါတွေဟာ အဲဒီ ခေတ်ကာလ အနေအထားအရ ဆိုရင်တော့ တောခို လက်နက်ကိုင်တယ်ဆိုတာ မမှန်ဘူးလို့ ပြောလို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ပါတီစုံ ဒီမိုကရေစီစနစ် ကျင့်သုံးနေတဲ့ ခေတ်ကာလမို့ပါ။ ဒါကို ဦးနုရေးသားခဲ့တဲ့ စာအုပ်တစ်အုပ်ထဲမှာ ဦးနုက ပွင့်ပွင့်လင်းလင်း ဝန်ခံရေးသားချက် တစ်ခုကိုဖတ်ရတာကတော့ တကယ်လို့ ကွန်မြူနစ်တွေသာ တောမခိုခဲ့ရင် နောက်လာမယ့် ရွေးကောက်ပွဲမှာ သူတို့တွေနိုင်ဖို့ ရာနှုန်းပြည့်နီးပါးရှိတယ်ဆိုတဲ့ အကြောင်းကို ရေးသားထားတာကိုလည်း ဖတ်ရှုရပါတယ်။

ဒါတွေကတော့ ကျနော်တို့ မမှီလိုက်တဲ့ မဝေးသေးတဲ့ခေတ်က မြန်မာ့နိုင်ငံရေး အခြေအနေတွေပါ။ ဗိုလ်နေဝင်းအာဏာသိမ်းပြီး နောက်ပိုင်းတော့ လက်နက်ကိုင် တောခိုတာဟာ မှန်တယ်လို့ ဆိုလို့ ရတယ်။ ဘာကြောင့်လဲဆိုတော့ သမိုင်းအစဉ်အလာကြီးမားခဲ့တဲ့ တပ်မတော်ကို ခုတုံးလုပ်ကာ အာဏာတည်မြဲရေးအတွက် အသုံးချပြီး အမှန်တရားနဲ့ ပညာတတ်တွေကို နှိပ်ကွပ်တဲ့ ဆိုရှယ်လစ် နိုင်ငံတော်ကို တည်ထောင်တယ်ဆိုတာကစလို့ နိုင်ငံရေးသင်တန်းတွေ ပို့ချခဲ့တယ်။ တကယ်တော့ အဲဒီနိုင်ငံရေး သင်တန်းများ ဆိုတာကလည်း အာဏာတည်မြဲရေးအတွက် လုပ်ခဲ့တာတွေပဲ။ နောက်ဆုံး ဆိုရှယ်လစ်စနစ် နဲ့အကြောင်းပြုလို့ လက်နက်ကိုင် တောခိုမှုတွေ၊ တိုင်းရင်းသားတွေရဲ့ လွတ်လပ်ခွင့်ကို ထိပါးလာတော့ တိုင်းရင်းသားတွေဘက်ကလည်း လက်နက်ကိုင် ပြန်လည် တိုက်ခိုက်မှုတွေနဲ့ ခွဲထွက်လိုမှုတွေဖြစ်လာတယ်။

ဒါကို အကြောင်းပြုလို့ ဗိုလ်နေဝင်းက တိုင်းရင်းသားတွေ လက်နက်ကိုင်တာဟာ ခွဲထွက်လိုလို့ ပြည်ထောင်စုကြီး ပြိုကွဲစေမယ့် အဓိက အကြောင်းတရားလို လုပ်ခဲ့ရာက တပ်မတော်သား အများစုနဲ့ အချို့ပြည်သူတွေ ယုံမှတ်မှားခဲ့တာက တိုင်းရင်းသားတွေ လက်နက်ကိုင်တာဟာ ပြည်ထောင်စုက ခွဲထွက်ဖို့ ဆိုတဲ့အချက်ဖြစ်လာတယ်။

အပိုင်း(၅) တွင် ဆက်လက်ဖော်ပြသွားပါမည်….

Last Updated ( Tuesday, 14 August 2012 19:09 )  

နောက်ဆုံးရသတင်းများ

နောက်ဆုံးရဆောင်းပါးများ