How do I apply payday loan Your Finances are your own Business
ပင်မနေရာ သွေးစကား တိုက်ပွဲ ဟေ ရဲဘော် ရဲဘော် စစ်သည်တော် (သို့မဟုတ်) အကြွေစောသူများ - အပိုင်း (၅)

ပင်မနေရာ သွေးစကား တိုက်ပွဲ ဟေ ရဲဘော် ရဲဘော် စစ်သည်တော် (သို့မဟုတ်) အကြွေစောသူများ - အပိုင်း (၅)

ဟေ ရဲဘော် ရဲဘော် စစ်သည်တော် (သို့မဟုတ်) အကြွေစောသူများ - အပိုင်း (၅)

Print PDF
User Rating: / 4
PoorBest 
ဆောင်းပါးရှင် - ဗိုလ်ရဲထက် ( အပိုင်း (၄) ကို ဒီနေရာ တွင်နှိပ်၍ ပြန်လည်လေ့လာဖတ်ရှုနိုင်ပါသည်...)

တကယ်တော့ ပြည်ထောင်စုကြီးကို မပြိုကွဲစေဖို့က လက်နက်ကိုင် တိုင်းရင်းသားများကို ခုလို စစ်ဆင်ရေးနဲ့ ဖြေရှင်း အမြစ်ဖြတ်လို့ ရမည်မဟုတ်ပါ။ ဖိနှိပ်မှုတွေကို လျှော့ပေါ့ပေးရမယ်။ သူတို့မူရင်းဒေသများရဲ့ အကျိုးကို ဒေသခံတွေ ခံစားခွင့် ရရမယ်။ ပြည်ထောင်စုလို့ ခေါ်တွင်တဲ့အတွက် ပြည်ထောင်စုသားအားလုံးဟာ ဘယ်လူမျိုးမှ ဘာလူမျိုး မှ ဆိုတာမျိုးထက် အားလုံးဟာ အခွင့်အရေး တန်းတူဖြစ်ကြရပါမယ်။ တကယ်တော့ တပ်မတော်သားတွေ ဦးထိပ်ထားတဲ့ ပြည်ထောင်စု မပြိုကွဲရေးဆိုတာဟာ ဖြစ်လာဖို့ အကြောင်းတရား ရှိခြင်းမရှိခြင်းဟာ အာဏာစိုး ပိုင်သူများရဲ့ လက်ဝယ်မှာပဲ ရှိပါတယ်။ ဒီလိုအာဏာစိုးပိုင်သူများ လက်ဝယ်မှာရှိတဲ့ အကြောင်းတရားကို ပြောင်းလဲပေးစွမ်းရှိတဲ့ အချက်နှစ်ချက် ရှိပါတယ်။ အာဏာစိုးပိုင်သူများ ကိုယ်တိုင်က လိုလိုလားလားနဲ့ ပြောင်းလဲခြင်းနဲ့ ငါတို့ တပ်မတော်သားတွေက ဦးဆောင်ပြီး ပြောင်းလဲခြင်းပါပဲ။

၂။ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး

ပြည်ထောင်စုကြီး ပြိုကွဲခြင်းနဲ့အတူ တိုင်းရင်းသားများအချင်းချင်း မသင့်မမြတ်ဖြစ်ပြီး တိုက်ခိုက်ကြလိမ့်မယ်ဆိုတဲ့ အတွေးအခေါ်၊ တကယ်လို့ ပြည်နယ်တွေသာ ခွဲထွက်သွားရင် ဟိုတချိန် ဘုရင်ခေတ်ကလို တပြည် ထောင်နဲ့ တပြည်ထောင် တိုက်ခိုက် နယ်မြေလုကြလိမ့်မယ် ဆိုတဲ့ အတွေးအခေါ်ဟာလဲ မြန်မာနိုင်ငံသား တော်တော်များများနဲ့ တပ်မတော်သား တော်တော်များများ စွဲနစ်ယုံကြည်နေတဲ့ အတွေးအခေါ် တရပ်လည်း ဖြစ်ပါတယ်။ ဒီလိုအကြောင်းတရားတွေကို ထိန်းသိမ်းပေးဖို့ တပ်မတော်က ခုလိုတရားသောစစ်တွေကို ဆင်နွှဲနေရပါတယ်လို့ ပြောတတ်ကြပါတယ်။ တိုင်းရင်းသားဆိုတာ ဘယ်သူတွေကို ခေါ်ဆိုတာလဲ။ ဒီလိုဆိုရင် တိုင်းရင်းသား စည်းလုံး ညီညွတ်မှုဆိုတာ ဘယ်လိုအကြောင်းတရားလဲ။ ပထမဦးဆုံး အနေနဲ့ကတော့ ဒီမေးခွန်းနှစ်ရပ်ကို ဖြေဆိုဖို့ လိုအပ်ပါလိမ့်မယ်။

တိုင်းရင်းသား ဆိုတာကတော့ ဗမာအပါအဝင် ပြည်ထောင်စုကြီးထဲမှာ မှီတင်းနေထိုင်ကြတဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း စတဲ့ တိုင်းရင်းသားမျိုးနွယ်စု အားလုံးကို ဆိုလိုခြင်း ဖြစ်ပါတယ်။ ဒီနေရာမှာ တော်တော်များများက ဗမာဟာ တိုင်းရင်းသား မဟုတ်ဘူးလို့ ထင်နေကြပါတယ်။ အများစုဟာ တိုင်းရင်းသားဆိုတာ ကျန်ပြည်နယ်များမှာ နေထိုင်ကြတဲ့ လူမျိုးစုများကိုသာ ဆိုလိုတယ်လို့ ထင်မြင်နေကြပါတယ်။ ဒီလို ထင်မြင် လာရလောက်အောင်ကလည်း သမိုင်း အထောက်အထားများက ပြည့်စုံလှပါတယ်။ ပြည်ထောင်စုကြီးအနေနဲ့ လွတ်လပ်ရေး ရယူခဲ့ကြတာဟာ ပြည်ထောင်များအချင်းချင်း တည်ထောင်ပြီး စုပေါင်းပြည်ထောင်စု တည်ထောင်ခဲ့ကြတာပါ။ ဗမာပြည်မကြီး လက်အောက်ကို ဝင်ခဲ့တာ မဟုတ်ပါဘူး။ ဗမာပြည်နဲ့အတူ လက်တွဲပြီး ပြည်ထောင်စုကို တည်ထောင်ခဲ့တာပါ။ ဒါကို ကျနော်တို့အနေနဲ့ နားလည်ဖို့ လိုပါတယ်။ ဒီလိုပြောလို့ သွေးကြီးတယ်တော့ မထင်စေချင်ပါ။ ဆိုလိုရင်းက အခွင့်အရေးတန်းတူနဲ့ အကျိုးခံစားခွင့်အတွက်ကို တောင်းဆိုခြင်းသာ ဖြစ်ပါတယ်။

ဒီလိုမှလည်း တိုင်းရင်းသားများ အချင်းချင်းဟာ သွေးစည်းညီညွတ်မှုကို ရရှိစေမှာ ဖြစ်ပါတယ်။ တစ်ဦးနဲ့တစ်ဦး အခွင့်အရေးတွေ သာတူညီမျှ မရရှိကြဘူးဆိုရင်၊ အစိုးရက ဥပဒေများအရ အခွင့်အရေးတန်းတူ မရှိဘူးဆိုရင် သွေးစည်းညီညွတ်မှုဆိုတာ အလှမ်းဝေးနေဦးမှာပါပဲ။ တိုင်းရင်းသား သွေးစည်းညီညွတ်မှုဟာ ပြည်ထောင်စု မပြိုကွဲရေးနဲ့ အဓိက ဆက်ဆိုင်တဲ့ အကြောင်းတရားလည်း ဖြစ်ပါတယ်။ ပြည်ထောင်စုလို့ ခေါ်တွင်ပြီး ပြည်ထောင်စုစနစ်ကို အပြည့်အဝ မကျင့်သုံးနိုင်ရင် တိုင်းရင်းသား စည်းလုံးညီညွတ်မှုဆိုတာ မရရှိနိုင်ပါဘူး။

မြန်မာနိုင်ငံဖွား တိုင်းရင်းသူလေးများ

ဒီတော့ စည်းလုံးညီညွတ်မှုကို မပြိုကွဲစေချင်ဘူးဆိုရင် ကျနော်တို့ ယနေ့ဖြစ်နေတဲ့ ပြည်တွင်းစစ်တွေကို ရပ်စဲမှရပါမယ်။ ဒီလိုရပ်စဲရာမှာလည်း တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေကို အမှန်တကယ် ယုံကြည်ရလောက်တဲ့ လုပ်ရပ်မျိုးနဲ့ သက်သေပြမှသာ ဖြစ်ပါမယ်။ ဥပမာ - ထိုးစစ်ဆင်နေတဲ့ တပ်မတွေကို ရှေ့ဆက်မတိုးစေတာမျိုး၊ နောက်ကနေ အင်အားထပ်မံ ဖြည့်တင်းခြင်း မပြုလုပ်တာမျိုး၊ အဓိက တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ ပြည်ထောင်စုစစ်စစ် ပေါ်ထွန်းရေးကိစ္စ တနည်း ဖက်ဒရယ်မူနဲ့ပတ်သက်ပြီး နိုင်ငံအနှံ့ စကားဝိုင်းများ ပြုလုပ်ကျင်းပပြီး နိုင်ငံရေးပါတီများနဲ့အတူ အတိုက်အခံ အင်အားစုအားလုံး ပါဝင်နိုင်သမျှ ပါဝင်နိုင်စေရေးတို့ကို အလေးပေး ဆောင်ရွက်ရမှာဖြစ်ပါတယ်။

ထိုနည်းတူ အကျဉ်းထောင်တွေထဲမှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေကိုလည်း ခြွင်းချက်မရှိ လွှတ်ပေးရမှာဖြစ်သလို ဒီလိုဖမ်းဆီး ထောင်ချခဲ့တဲ့အတွက် အစိုးရအနေနဲ့ မှားပါတယ် ဆိုတာကိုလည်း ဝန်ချတောင်းပန်ရပါမယ်။ လုပ်ချင်သလိုလုပ်မယ် လွှတ်ပေးတာတောင် ကံကောင်း ဆိုတဲ့ပုံစံမျိုးနဲ့ကတော့ မဖြစ်နိုင်ပါဘူး။ ဒါ့အပြင် စာပေနယ်ပယ်၊ သတင်းနယ်ပယ် လွတ်လပ်ခွင့်တွေကိုလည်း အပြည့်အဝပေးပြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ ပြည်ထောင်စု မပြိုကွဲရေးနဲ့ ပတ်သက် ပြီး လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့် ပညာပေးခွင့်များကိုလည်း လက်ရှိ အစိုးရအနေနဲ့ အကောင်အထည် ဖော်ပေးရမှာ ဖြစ်ပါတယ်။ ဒီလိုထင်သာမြင်သာရှိတဲ့ အပြုသဘောဆောင် ကိစ္စရပ်တွေကို အစိုးရအနေနဲ့ စတင် အကောင်အထည် မဖော်ဘဲ ငါတို့အင်အားကြီးတယ် မင်းတို့အင်အားနည်းတယ် မင်းတို့လက်လျှော့လိုက် ဆိုတဲ့ ပုံစံမျိုးကလည်း တဖက်က ပြန်ကြည့်ရင် အနိုင်ကျင့်မှုတစ်ခုပါပဲ။

ဒီလိုနဲ့ ကျနော်တို့ရဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို အကောင်အထည် ဖော်ဆောင်ကြရာမှာ ပြည်သူပြည်သားတွေ ဘက်ကလည်း တတပ်တအား ပါဝင်လာဖို့ စည်းရုံးလှုံ့ဆော်မှုတွေကို ပြုလုပ်ကြရပါမယ်။ ဒီကရရှိလာမယ့် အကျိုးရလဒ်ဟာ ဘယ်အတိုင်းအတာထိ တာသွားတယ်ဆိုတာကို သိရှိလာအောင် ဒီအပေါ်မှာ စိတ်ဝင်တစား ဖြစ်လာအောင် ပြောဟောပေးရမှာနဲ့ ပြောဟောပေးတာကို ခွင့်ပြုပေးရမှာက အစိုးရရဲ့ တာဝန်တွေပဲ ဖြစ်ပါတယ်။ ဒီလိုတိုက်ပွဲတွေကို ဖန်တီးနေ ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေကို မရပ်တန့်ဘဲနဲ့တော့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးဆိုတာကို ရရှိလာမှာ မဟုတ်ပါဘူး။

ဒီတော့ ဒို့တာဝန် အရေးသုံးပါးကို ဦးထိပ်ပန်ဆင် ထားကြပါသော တပ်မတော်သား ညီအကိုများ အနေနဲ့လည်း စဉ်းစားရပါမယ်။ လက်ရှိအစိုးရက ကမ်းလှမ်းနေတဲ့ ငြိမ်းချမ်းရေးစကားဝိုင်းတွေ အကောင်အထည် ပေါ်လာခဲ့ရင် ဒီနေ့ဖြစ်နေတဲ့ စစ်မျက်နှာပြင်က ကျနော်တို့ တပ်မတော်သား ညီအကိုများရဲ့ အသက်သွေးချွေးများနဲ့ ကချင်လွတ်မြောက်ရေး တပ်မတော်က ရဲဘော်များရဲ့အသက် သွေးချွေးတွေ စစ်ဘေးဒဏ်ခံစားရတဲ့ ပြည်သူပြည်သားတွေ ဒါတွေက အလဟသ ပေးဆပ်လိုက်ရခြင်း ဖြစ်မသွားပေဘူးလားလို့ ကျနော်တို့တွေးရပါမယ်။

ဒီတော့ ဟေ.. ရဲဘော်.. ရဲဘော်.. စစ်သည်တော်တို့ရေ ပြည် ထောင်စုမပြိုကွဲရေး၊ တိုင်းရင်သား စည်းလုံးညီညွတ်ရေးကို အမှန်တကယ် လိုလားတယ် ဦးထိပ်ပန်တယ်ဆိုရင် ကျနော်တို့ ဖြစ်ပွါးနေတဲ့ ပြည်တွင်းစစ်တွေကို ပြန်လည် သုံးသပ်သင့်နေပါပြီ။ ငြိမ်းချမ်းရေးကို ဖော်ဆောင်တယ် ဆိုတဲ့ အစိုးရအနေနဲ့ အမှန်တကယ် ဖော်ဆောင်တယ်ဆိုရင် ဒီစစ်ပွဲတွေမှာ ပေးဆပ်လိုက်ရသူတွေ မခံစားလိုက်ရ တဲ့ ငြိမ်းချမ်းရေး အသီးအပွင့်တွေ အတွက် ဒီနှစ်ဖက်စစ်သည်များနဲ့ ပြည်သူတွေဟာ အကြွေစောသူတွေလားလို့ ခံစားမိပါတယ်။

Last Updated ( Tuesday, 14 August 2012 19:06 )  

နောက်ဆုံးရသတင်းများ

နောက်ဆုံးရဆောင်းပါးများ