ဆောင်းပါးရှင် – ဗိုလ်ထွန်းလှ
ဂျပန်စစ်ဗိုလ်ချုပ် ဗိုလ်မှူးကြီး ဆူဇူကီး (ဗိုလ်မိုးကြိုး) သည် အင်္ဂလိပ် ဘာသာ စကားကို ဗိုလ်ချုပ် အောင်ဆန်းလို မကျွမ်းကျင် လင့်ကစား အထိုက် အလျောက် ပြောဆို နိုင်အောင် တတ်မြောက် သဖြင့် နှစ်ယောက်သား ရင်းနှီးစွာ ဆွေးနွေးနိုင်ခဲ့သည်။
အသက်အရွယ်အားဖြင့် သူ၏ သားအရွယ်ခန့်သာ ရှိသေးသူ လူငယ်အောင်ဆန်း အကြောင်း ကောင်းစွာ သိလို၍လည်း ဂျပန်စစ်ဗိုလ်မှူးကြီးသည် လူပုဂ္ဂိုလ်အနေဖြင့် အောင်ဆန်းကို မှတ်ကျောက်တင် စမ်းသလို စမ်းကြည့်ခဲ့ပါသည်။
ဥပမာ – တိုကျိုမြို့  ဟိုတယ်တစ်ခု၌ ခေတ္တ တည်းခိုနေကြစဉ် ဗိုလ်မှူးကြီး ဆူဇူကီးက သခင် အောင်ဆန်းအား လူငယ်သဘာဝ ပျော်ပါးရန် အမျိုးသမီး ယူမလားဟု မေးစမ်းကြည့်သည်။ သခင် အောင်ဆန်းက “နေပါစေ၊ ကျွန်တော် မလိုချင်ပါဘူး” ဟု ငြင်းပယ်ခဲ့သည်။
သူ၏ စိတ်ထဲတွင်ကား-
“အင်း ဒီဂျပန်တွေက ငါ့ကို စိတ်ဓာတ်ပျက်ပြားအောင် လုပ်နေတာပါကလား” ဟု တွေးလိုက် မိပုံရသည်။
နောက်ထပ်တစ်ကြိမ်လည်း သခင်အောင်ဆန်းအား ပြည့်တန်ဆာအိမ်သို့ သွားရအောင် ဂျပန် ထောက်လှမ်းရေး အရာရှိအချို့က ခေါ်ကြည့်ကြပြန်သည်။ ဤတွင်လည်း သခင်အောင်ဆန်းက “ခရီးပန်းနေ၍ မလိုက်လိုပါ၊ ကျေးဇူးတင်ပါသည်၊ ဟိုတယ်သို့သာ ပြန်အိပ်ပါရစေ”ဟု ယဉ်ကျေးစွာပင် ပြောဆိုငြင်းပယ်ပြီး ဟိုတယ်သို့ ပြန်အိပ်ခဲ့သည်။
နောက်ပိုင်းတွင်ကား သခင်အောင်ဆန်း မြန်မာနိုင်ငံသို့ လျှို့ဝှက်စွာ တစ်ခေါက်ပြန်၍ ကျန် ရဲဘော်သုံးကျိပ်ဝင်များအား ခေါ်သည့်အချိန်အထိ ဂျပန်တို့က သူ့အား အပျော်အပါး လိုက်စား ရန် စကားမခေါ်တော့ချေ။
ဆောင်းပါးရှင် – ဗိုလ်ထွန်းလှဂျပန်စစ်ဗိုလ်ချုပ် ဗိုလ်မှူးကြီး ဆူဇူကီး (ဗိုလ်မိုးကြိုး) သည် အင်္ဂလိပ် ဘာသာ စကားကို ဗိုလ်ချုပ် အောင်ဆန်းလို မကျွမ်းကျင် လင့်ကစား အထိုက် အလျောက် ပြောဆို နိုင်အောင် တတ်မြောက် သဖြင့် နှစ်ယောက်သား ရင်းနှီးစွာ ဆွေးနွေးနိုင်ခဲ့သည်။
အသက်အရွယ်အားဖြင့် သူ၏ သားအရွယ်ခန့်သာ ရှိသေးသူ လူငယ်အောင်ဆန်း အကြောင်း ကောင်းစွာ သိလို၍လည်း ဂျပန်စစ်ဗိုလ်မှူးကြီးသည် လူပုဂ္ဂိုလ်အနေဖြင့် အောင်ဆန်းကို မှတ်ကျောက်တင် စမ်းသလို စမ်းကြည့်ခဲ့ပါသည်။
ဥပမာ – တိုကျိုမြို့  ဟိုတယ်တစ်ခု၌ ခေတ္တ တည်းခိုနေကြစဉ် ဗိုလ်မှူးကြီး ဆူဇူကီးက သခင် အောင်ဆန်းအား လူငယ်သဘာဝ ပျော်ပါးရန် အမျိုးသမီး ယူမလားဟု မေးစမ်းကြည့်သည်။ သခင် အောင်ဆန်းက “နေပါစေ၊ ကျွန်တော် မလိုချင်ပါဘူး” ဟု ငြင်းပယ်ခဲ့သည်။
သူ၏ စိတ်ထဲတွင်ကား- “အင်း ဒီဂျပန်တွေက ငါ့ကို စိတ်ဓာတ်ပျက်ပြားအောင် လုပ်နေတာပါကလား” ဟု တွေးလိုက် မိပုံရသည်။
နောက်ထပ်တစ်ကြိမ်လည်း သခင်အောင်ဆန်းအား ပြည့်တန်ဆာအိမ်သို့ သွားရအောင် ဂျပန် ထောက်လှမ်းရေး အရာရှိအချို့က ခေါ်ကြည့်ကြပြန်သည်။ ဤတွင်လည်း သခင်အောင်ဆန်းက “ခရီးပန်းနေ၍ မလိုက်လိုပါ၊ ကျေးဇူးတင်ပါသည်၊ ဟိုတယ်သို့သာ ပြန်အိပ်ပါရစေ”ဟု ယဉ်ကျေးစွာပင် ပြောဆိုငြင်းပယ်ပြီး ဟိုတယ်သို့ ပြန်အိပ်ခဲ့သည်။
နောက်ပိုင်းတွင်ကား သခင်အောင်ဆန်း မြန်မာနိုင်ငံသို့ လျှို့ဝှက်စွာ တစ်ခေါက်ပြန်၍ ကျန် ရဲဘော်သုံးကျိပ်ဝင်များအား ခေါ်သည့်အချိန်အထိ ဂျပန်တို့က သူ့အား အပျော်အပါး လိုက်စား ရန် စကားမခေါ်တော့ချေ။
ဗိုလ်ချုပ်အောင်ဆန်းကို အင်္ဂလိပ် စစ်ဗိုလ်များနဲ့အတူ တွေ့ရပုံ
ဤနည်းအားဖြင့် ရဲဘော်သုံးကျိပ်အား စစ်ပညာလေ့ကျင့်သင်ကြား ပေးခဲ့သည့် “မီနာမီကီကန်” အဖွဲ့၏ အကြီးအကဲ ဗိုလ်မှူးကြီး ဆူဇူကီးခေါ် ဗိုလ်မိုးကြိုးသည် “အောင်ဆန်း” အမည်ရှိ လူငယ်ကား သာမန် သူလိုငါလို လူငယ်တစ်ယောက် မဟုတ်ကြောင်း၊ စိတ်ဓာတ်ခိုင်မာ ပြင်းထန်သူ ဖြစ်၍ ခေါင်းဆောင်ကောင်း ဖြစ်လာနိုင်ကြောင်းကို ကောင်းစွာ ရိပ်မိသိရှိသွားလေ တော့သည်။
ဗိုလ်ချုပ်အောင်ဆန်းဦးစီးကွပ်ကဲသော ဗမာ့လွတ်လပ်ရေး (ဘီအိုင်အေ) တပ်မတော်နှင့် ဂျပန်ဘုရင့်တပ်မတော် တပ်မဟာ (၃၃) တို့ ပူးတွဲ စစ်ကြောင်းသည် ရန်ကုန်မြို့ကို ၁၉၄၂ ခုနှစ် မတ်လ(၈) ရက်နေ့တွင် အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ရဲဘော်သုံးကျိပ်တို့ အပေါ် သံယောဇဉ် ရှိနေသူ ဗိုလ်မိုးကြိုး (ကာနယ်ဆူဇူကီး)အား မြန်မာနိုင်ငံတွင် ကြာရှည်မထားပဲ ဂျပန်ပြည်သို့ ပြန်ခေါ်ယူလိုက်ပြီး ရန်ကုန်မြို့ ဌာနချုပ်ရုံး စိုက်ထားသော ဂျပန် ဘုရင့်တပ်မတော်၏ သေနာပတိ လက်ဖတင် ဂျင်နရယ်(ဒုတိယ ဗိုလ်ချုပ်ကြီး) “အီးဒါး” သည် နိုင်ငံရေးပေါ်လစီအရ ဗမာ့လွတ်လပ်ရေး တပ်မတော်ကို ဖျက်သိမ်းပြီး လူအင်အား အမြောက်အမြား လျှော့ချလျက် “ဘီဒီအေ” ဗမာ့ ကာကွယ်ရေး တပ်မတော်ကို အသစ်ဖွဲ့စည်းကာ ဗိုလ်ချုပ်အောင်ဆန်းကိုလည်း ကာနယ် (ဗိုလ်မှူးကြီး) ရာထူးအဆင့်သာ ပေးခဲ့သော်လည်း သူ၏ ပုဂ္ဂိုလ်ရေး သဘောထားအရ “အောင်ဆန်း” ဆိုသူအား ကျိတ်၍ လေးစားမိခဲ့သည်။ အထူးသဖြင့် “အောင်ဆန်း”ဆိုသူ သည်-
1. ငွေကြေးဥစ္စာ မတပ်မက်ခြင်း။
2. တန်ခိုးအာဏာ မမက်မောခြင်း။
3. ကိုယ်ရေးကိုယ်တာ ကိစ္စများကို ဦးစားပေးလိုသော တစ်ကိုယ်ကောင်း ၀ါဒ မနှစ်သက်ခြင်း။
စသည်တို့ကြောင့် ဗိုလ်ချုပ်ကြီး“အီးဒါး”က လေးစားခဲ့ခြင်း ဖြစ်ပါသည်။
ယင်းအကြောင်းကို စစ်အတွင်း “လွတ်လပ်ရေးအတု” ပေးပြီး နိုင်ငံအကြီးအကဲ ဖြစ်သူ (အဓိပတိ) ဖြစ်သူ ဒေါက်တာဘမော် ပြောပြ၍ သိခဲ့ရကြောင်း၊ ဗိုလ်ချုပ်ကိုယ်တိုင်က ၁၉၄၅ခု သြဂုတ်လ ၂၉ ရက်နေ့က ရန်ကုန် မြို့ တော်ခန်းမတွင် သူ ဟောပြောခဲ့သည့် အင်္ဂလိပ်ဘာသာ မိန့်ခွန်း ရေးသားနေစဉ်က ကျွန်တော့်အား ပြောပြခဲ့ဖူးသည်။ ထို့ပြင် စစ်အတွင်းက ဂျပန်လူကြီးပိုင်းထဲမှ ပုဂ္ဂိုလ်တစ်ဦးသည် သူနှင့်ရင်းနှီးသော မြန်မာနိုင်ငံ ရေး ခေါင်းဆောင်တစ်ဦးအား-
“အောင်ဆန်းဟာ သိပ်ဖြောင့်တဲ့ လူတစ်ယောက်ဖြစ်တယ်၊ ဂျပန်တွေကသာ ဖြောင့်မယ်ဆိုရင် သူဟာ လူကောင်းတစ်ယောက်ပဲ၊ ဒါပေမယ့် ဂျပန်က မဖြောင့်ဘူးဆိုရင်တော့ အောင်ဆန်းဟာ အင်မတန် ကြောက်စရာကောင်းတဲ့ လူတစ်ယောက်ဖြစ်လိမ့်မယ်။အခုတော့ ကျုပ်တို့ဂျပန် ၀ါဒ ပေါ်လစီက သိပ်မဖြောင့်တာခက်တယ်” ဟု ပြောခဲ့ဖူးကြောင်းကို မြန်မာ့နိုင်ငံရေး ခေါင်းဆောင်ကြီးထံမှ တစ်ဆင့် နောက်ပိုင်းကျမှ သိခဲ့ ရသည်ဟု ဗိုလ်ချုပ်က ပြောပြပါသည်။
၁၉၅၉ ခုနှစ် ဒီဇင်ဘာလက (ကွယ်လွန်သူ) နိုင်ငံတော် သမ္မတဟောင်း ဒေါက်တာမောင် မောင်သည် ဂျပန်ပြည်သို့ ရောက်သွားခိုက် ဗိုလ်မိုးကြိုးခေါ် အငြိမ်းစား ဗိုလ်ချုပ်ဆူဇူကီးအား သူ၏ ဇာတိ နေရပ်ဖြစ်သော ဟာမာမတ်ဆူးမြို့ တွင် သွားရောက် တွေ့ဆုံခဲ့ပါသည်။
ဗိုလ်မိုးကြိုးသည် စစ်အတွင်း (၁၉၄၁) အတိတ်ကာလကို ပြန်ပြောင်းသတိရ အောက်မေ့သလို ပြောပြရာ ဒေါက်တာမောင်မောင်သည် အင်္ဂလိပ်လိုပင် လိုက်၍ ရေးမှတ်ခဲ့ပါသည်။ယင်းသို့ရေး ခဲ့သော မှတ်တမ်းမှ အောက်ဖော်ပြပါ ဗိုလ်မိုးကြိုး၏ ပြောပြချက်မှာ စိတ်ဝင်စားဖွယ် ကောင်း သဖြင့် ကောက်နုတ်၍ ဘာသာပြန် တင်ပြလိုက်ရပါသည်။
“အောင်ဆန်းသည် အထူးရိုးသား ဖြောင့်မတ်တည်ကြည်သူ တစ်ယောက် ဖြစ်သည်။ စစ်ခေါင်း ဆောင် တစ်ဦးအနေဖြင့်လည်း သူသည် သတ္တိကောင်းသလောက် စစ်မှုရေးရာ ကျွမ်းကျင်သူ ဖြစ်သည်။ အောင်ဆန်းသည် မျိုးချစ်စိတ် အပြည့်အ၀ရှိသူ တစ်ဦးဖြစ်၍ ကျွန်ုပ်တို့အားလုံးက ဂျပန်ပြည်တွင် လည်းကောင်း၊ မြန်မာပြည်သို့ ဘီအိုင်အေတပ်ဖြင့် ချီတက်ဝင်ရောက်ခဲ့ချိန်က လည်းကောင်း သူ့အပေါ်အထူးပင် လေးစားမိခဲ့ကြသည်”
ဤသည်တို့ကား ဗိုလ်ချုပ်အောင်ဆန်းအပေါ် ဂျပန်စစ်ဘက် အကြီးအကဲများ၏ အမြင်နှင့် သ ဘောထား တစ်စိတ်တစ်ဒေသပင် ဖြစ်ပါသတည်း။
| < Prev | Next > |
|---|