ဆောင်းပါးရှင် - မန်းရောဘတ် ဘဇန် (အပိုင်း (၂၅) ကို ဒီနေရာ တွင်နှိပ်၍ ပြန်လည်လေ့လာဖတ်ရှုနိုင်ပါသည်...)
စစ်တိုက်ဖို့ စီမံချက်ရေးဆွဲတိုင်း “ရန်သူ့လက်နက် ဘယ်လိုရအောင် တိုက်မလဲ” ဆိုတာ စီမံကိန်း ချရတယ်။ ဘက်ပေါင်းစုံ ပြင်ဆင်တယ်။ အားနည်းချက် နည်းနိုင်သမျှ နည်းအောင်ပြင်တယ်။ တိုက်ပွဲအတွက် လိုအပ်မဲ့ ပစ္စည်းတွေ စုဆောင်းတယ်။ ဗိုလ်ချုပ်ရွှေဆိုင်းရဲ့ မိန့်မှာချက်နဲ့ “ဆွန်ဇူး” ရဲ့ စစ်ပညာကို ပေါင်းစပ်ပြီး တိုက်လိုက်လို့ “ဝမ်းခါ” တိုက်ပွဲမှာ ရန်သူ့ တိုက်စစ်ကို ရိုက်ချိုးနိုင်ခဲ့သလို ရန်သူ့ စစ်လက်နက် မျိုးစုံ (၇၉) လက် သိမ်းပိုက်ရရှိတယ်။
စစ်တိုက်တယ်ဆိုတာ ကိုယ့်အသက်အပါအဝင် ရဲဘော်တွေရဲ့ အသက်တွေကို ရင်းပြီး တိုက်ရတဲ့အလုပ် ဖြစ်လို့ “စစ်ဆင်ရေး ရေးဆွဲသူတွေ၊ စစ်ပွဲကို ဦးဆောင်သူတွေ” စဉ်းစား ထားရမဲ့ အရေးကြီး လုပ်ငန်းတခုဖြစ်တယ်။

ကရင့်လွတ်လပ်ရေးနဲ့ အမိကရင်ပြည်နယ် “ကော်သူးလေ” မရမချင်း ခုခံစစ် ဆင်နွဲနေရဦးမယ်။ အမိ ကရင်ပြည်နယ်ထဲ မတရား ကျူးကျော်နယ်ချဲ့လာတဲ့ မုဒိန်း တပ်တွေကို အမိ ကရင်ပြည်နယ်ထဲက မောင်းထုတ် ရဦးမယ်။
ပြောက်ကျားစစ်ဟာ ရဲဘော်တွေအတွက် ခုခံတော်လှန်စစ် (၆၂) နှစ်ကျော်က ရခဲ့တဲ့ တိုက်ပွဲ အတွေ့အကြုံတွေ ရှိခဲ့ပြီမို့ အသစ်အဆန်း မဟုတ်ပေမဲ့ “ဆွန်ဇူး” ရဲ့ စစ်အတတ်ပညာနဲ့ ပေါင်းစပ်လိုက်ရင်တော့ အမှားနည်း နိုင်သမျှနည်းပြီး တိုက်ပွဲတိုင်း ရန်သူ့လက်နက်တွေကို သိမ်းပိုက် ရရှိမှာဖြစ်တယ်။ တိုက်ပွဲတရာ အောင်ပွဲတရာ ရကြ ပါစေ—



အပိုင်း (၂၇) ကို ဆက်လက်ဖော်ပြသွားပါမည်...
| < Prev | Next > |
|---|

