



ငါတို့ကရင်ပြည်တွင်းမှာ ကြံ့ဖွံ့ မုဒိန်းတပ်ရင်းတွေ နှစ်ရာကျော် တပ်စွဲထားပြီး ထိုးစစ်တွေအလီလီ ဆင်နွှဲခဲ့ပေမဲ့ ခေါင်းကွဲထိပ်ပြဲဖြစ်ပြီး ပြန်ဆုတ်သွားရတာဘဲ။ ဘာဆက်လုပ် လာဦးမလဲဆိုတာစောင့် ကြည့်ရဦးမယ်။ UWSA “၀” ညီအကိုတွေကို ကြောက်ဒူးတုန်ပြီး မတိုက်ရဲလို့ “ငြိမ်းချမ်းရေး” စကားပြော အပစ်ရပ်လိုက်တယ်။ “ဝ”ညီအကိုတွေကို ဘယ်လိုလှည့်ပတ် အကောက်ကြံဦးမလဲ ဘယ်လိုဥာဏ်နီ ဥာဏ်နက်တွေ သုံးပြီး သူတို့ရဲ့ အိတ်ကပ်ထဲ ရောက်အောင် ဘယ်လို မြူဆွယ်ဦးမလဲ ဘယ်သူ့ကို လာဒ်ပေးပြီး ဘယ်သူ့ကို လုပ်ကြံသတ်ဖြတ်ရမလဲ ဆိုတာ စောင့်ကြည့်ရအုံးမယ်။ ကြံ့ဖွံ့ မုဒိန်းတပ်က ဗိုလ်ချုပ်တွေဟာ “ဥပါယ ဗျူဟာ” ကို နှောကြေနေသူတွေ ဖြစ်တယ်။ ဘယ်လို လှိမ့်လုံး-ညာလုံးတွေ၊ ဘယ်လို “ဂတိဂဝတ်” တွေပေးပြီး အပစ်ရပ်ထားမယ်၊ ဘက်စုံပြင်ပြီးတာနဲ့ စစ်စတိုက်တော့မယ်။
ကရင့် တော်လှန်ရေးအစပိုင်း “အင်းစိန်” တိုက်ပွဲမှာ “နေဝင်း” တပ်တွေ အခြေမလှ ဖြစ်နေစဉ်နဲ့ ကရင်သူရဲကောင်းတွေက “သမိုင်းလမ်းဆုံ” အထိရောက်လာတော့ မျက်လုံးပြူး မျက်ဆံပြူးဖြစ်ပြီး အကောက်ကြံတော့တယ်။ ဥက္ကဌကြီး စောဘဦးကြီးနဲ့တွေ့ပြီး “ငြိမ်းချမ်းရေး” စကားပြောဖို့ လုပ်လာတယ်။ “ငြိမ်းချမ်းရေး” စကားမပြောဘဲ “လက်နက်ချ” ခိုင်းတယ်။ အပစ်ရပ်ထားတဲ့ အချိန်တွေအတွင်း “ကုလား” တွေဆီက လက်နက် ခဲယမ်းတွေ သယ်လာပြီး စစ်တိုက်ဖို့ အသင့်ဖြစ်တာနဲ့ “ထိုးစစ်” တွေ ဆင်တော့တယ်။
ပထမအကြိမ် ကရင်တွေ “အလိမ်” ခံလိုက်ရတာဖြစ်တယ်။ ဖဆပလဟာ “ဥပါယ” ဗျူဟာကို အပြည့်အဝ ကျင့်သုံးလိုက်တာဖြစ်တယ်။ “ကချင်” ညီအကိုတွေကို စတိုက်ပြီး မရှုမလှ သေကြေကုန်တော့ ခြေမကိုင်မိ လက်မကိုင်မိဖြစ်ပြီး “ငြိမ်းချမ်းရေး” စကားပြောဖို့ လုပ်လာတယ်။ စကားပြောတာသာ အချိန်ကုန်သွားမယ်။ “ကချင်” ညီအကိုတွေကို “တန်းတူရေးနဲ့ ကိုယ်ပိုင် ပြဌာန်းခွင့်” ပေးမှာမဟုတ်ဘူး။ ကျွန်တော်တို့လူမျိုးစုတွေကို “လူ” လို့ထင်နေတာ မဟုတ်ဘူး။ ဒီကောင်တွေ နိုင်ငံရေး စကားပြောမဲ့ ကောင်တွေမဟုတ်ဘူး။ လူမျိုးစု တော်လှန်ရေးတိုင်းကို “ဥပါယ” ဗျူဟာအား တွင်တွင်သုံးသွားမယ်ဆိုတာ ဘဝတူချင်း အသိပေးခြင်း ဖြစ်ပါတယ်။
မှတ်ချက်။ ကျနော့်ဆောင်းပါး “ကရင့်လက်နက်ကိုင်တပ်ပေါင်းစုံမှ ရဲဘော်များသို့ အပိုင်း (၁) မှာ “ဥပါယ” ဗျူဟာကို အသေးစိတ် ဖေါ်ပြထားပြီး ဖြစ်ပါတယ်။
သူရဲကောင်း ကရင်လက်နက်ကိုင် တပ်ပေါင်းစုံက ရဲဘော်တို့-
ပြည်တွင်းပြည်ပရှိ ကရင်တမျိုးသားလုံးက ရဲဘော်တို့နဲ့အတူရှိတယ်။ နိုင်ငံတကာရောက် မျိုးဆက်သစ်တွေ ပညာသင်နေကြတယ်။ လက်ဆင့်ကမ်း ခုခံတော်လှန်စစ် ဆင်နွှဲဖို့ (အရံ) အင်အားတွေ ရှိနေပြီး ဖြစ်တယ်။ တောင့်ထားကြပါ။ အောင်ပွဲဟာ တိုက်ရဲသူတွေအတွက် ဖြစ်တယ်။ အောင်ပွဲဟာ ဒို့ဘက်မှာရှိတယ်။
တော်လှန်ရေးသစ္စာမွန်ဖြင့် -
မန်းရောဘတ် ဘဇန်
| < Prev | Next > |
|---|

