
??????????????????? ?????? ???????
ဆောင်းပါးရှင် - ဗိုလ်မှူးအောင်လင်းထွဋ်
စာဖတ်ပရိတ်သတ်များခင်ဗျား
နအဖရဲ့ အတွင်းရေးတွေကို ဖေါ်ထုတ်ပေးနေတဲ့ ဗိုလ်မှူးစိုင်းသိန်းဝင်းနဲ့ ဗိုလ်မှူး အောင်လင်းထွဋ်တို့ကို နအဖဟာ “အနာပေါ် ဒုတ်ကျ” ယမ်းပုံ မီးကျ ဒေါသတကြီးနဲ့ သတင်းစာရှင်းလင်းပွဲမှာ လိမ်ညာကာ ဖြေရှင်းချက် ပေးနေကြ ပါတယ်။ တကယ်တော့ ခေါက်ရိုး ကျိုးနေတဲ့ နအဖရဲ့ လိမ်ညာပြောဆိုမှုတွေကို ဘယ်သူကမှ အယုံ အကြည် မရှိဘဲ ပြည်သူဘက် ရပ်တည်ပြီး နအဖကို တော်လှန်နေတဲ့ မျိုးချစ် ပြည်သူ့ တပ်မတော်သား များအား တိုင်းသူ ပြည်သား များအားလုံးက ဝမ်းပမ်းတသာ လက်ကမ်း ကြိုဆိုလျှက် ရှိကြပါတယ်။
ဗိုလ်မှူး အောင်လင်းထွဋ် အနေနဲ့ သူတာဝန် ထမ်းဆောင်ချိန်မှာ တိတိ ကျကျ မှန်မှန် ကန်ကန် လုပ်ကိုင်ခဲ့ ပါကြောင်း ယခုလို သက်သေ အထောက် အထားများနဲ့တကွ တင်ပြရင်း နအဖကို ဆက်လက် စိန်ခေါ်လျှက် ရှိပါကြောင်းနဲ့ မြန်မာပြည်သူ လူထုနှင့်အတူ စစ်အာဏာရှင်စနစ် ကျဆုံးသည့်အထိ တိုက်ဖျက်သွားမယ် ဆိုတဲ့အကြောင်း ပြောကြားရင်း ပေးပို့လာ ပါတယ်။ အခုလို ပေးပို့လာတဲ့ ဗိုလ်မှူးအောင်လင်းထွဋ်ကို လေးစားစွာ ဂုဏ်ပြုရင်း စားဖတ် ပရိတ်သတ်များအား ဖေါ်ပြပေးလိုက် ပါတယ်။








| < Prev | Next > |
|---|

